ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့သည် ဝလင်စွာစားရကြလိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ သင် တို့စိတ်နှလုံးသည် ထာဝစဉ်ရှင်သန်ပါစေ။
ဟေရှာယ 55:2 - မြန်မာ့စံမီသမ္မာကျမ်း အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။ Common Language Bible အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။ Garrad Bible အ စာ မ ဟုတ် သော အ ရာ အ ဖို့ ငွေ ကိုလည်း ကောင်း၊ အ ဆာ မ ပြေ သော အ ရာ အ ဖို့ သင် တို့ ချွေး နဲ စာ ကိုလည်း ကောင်း၊ အ ဘယ့် ကြောင့် ချိန် စက် ကြ သ နည်း။ ငါ စ ကား ကို နာ ခံ နား ထောင် လျက် အ ကောင်း ကို စား ရ သ ဖြင့်၊ မြိန် ရှက် ဖွယ် ရာ နှင့် အာ ရုံ ပြေ ကြ လော့။ Judson Bible အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။ |
ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့သည် ဝလင်စွာစားရကြလိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ သင် တို့စိတ်နှလုံးသည် ထာဝစဉ်ရှင်သန်ပါစေ။
သားသမီးတို့၊ လာကြလော့။ ငါ့ကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကြောင်းကို သင်တို့အား ငါသင်ကြားပေးမည်။
သူတို့သည် ကိုယ်တော့်အိမ်တော်၏ကြွယ်ဝခြင်းဖြင့် ကျေနပ်အားရကြပါလိမ့်မည်။ ကိုယ်တော်သည် ကိုယ်တော်၏ ကြည်နူးခြင်းစမ်းရေကိုလည်း သူတို့အားတိုက်တော်မူ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်မြိန်ရှက်သောအစာကို စားရသည့်အလား အားရကျေနပ်လျက်ရှိပါ၏။ ရွှင်လန်းစွာကြွေးကြော်သောနှုတ်ခမ်းဖြင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
သို့သော် ငါ့စကားကိုနားထောင်သောသူသည် ဘေးကင်းလုံခြုံစွာနေရ၍ ဘေးအန္တရာယ်ကို မကြောက်ဘဲ အေးချမ်းစွာနေရလိမ့်မည်။”
ငှက်သည် ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သွားသကဲ့သို့လည်းကောင်း သူသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားလေ၏။ ထိုအမှုသည် သူ့အသက်ကိုဆုံးရှုံးစေနိုင်ကြောင်းကို သူမသိပေ။
သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
ဘုရားသခင်သည် လူတစ်ဦးအား ဓနဥစ္စာ၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေတို့ကိုပေးတော်မူသဖြင့် သူသည် သူ၏စိတ်ဝိညာဉ်၌တောင့်တသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့ခြင်းမရှိ။ သို့သော် ဘုရားသခင်သည် သူ့အား ထိုအရာကိုခံစားသုံးဆောင်ရသောအခွင့်ပေးတော်မမူသောကြောင့် သူတစ်ပါးသည် ထိုအရာကိုခံစားသုံးဆောင်ရ၏။ ဤအရာသည် အချည်းနှီးဖြစ်ပြီး ရောဂါဆိုးတစ်ခုဖြစ်၏။
သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
ထိုနေ့ရက်၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်မှလည်းကောင်း၊ သူ၏ထမ်းပိုးကို သင်၏လည်ပင်းပေါ်မှလည်းကောင်း ဖယ်ရှားတော်မူမည်။ ထမ်းပိုးသည်လည်း အဆီကြောင့် ကျိုးသွားလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လူအပေါင်းတို့အတွက် အကောင်းဆုံးအစားအစာနှင့် နှစ်ချို့စပျစ်ဝိုင်စားသောက်ပွဲကို ဤတောင်ပေါ်၌ ပြင်ဆင်တော်မူမည်။ ထိုစားသောက်ပွဲတွင် အဆီအနှစ်နှင့်ပြည့်သောအကောင်းဆုံးအစားအစာများ၊ သန့်စင်ထားသောနှစ်ချို့စပျစ်ဝိုင်များဖြင့် တည်ခင်းတော်မူမည်။
သူသည် ပြာပုံတွင်ကျက်စား၏။ သူ၏စိတ်နှလုံးသည် လှည့်စားခြင်းခံရ၍ သူ့ကိုလမ်းလွဲစေပြီ။ သူသည် ကိုယ့်ဝိညာဉ်ကို ကိုယ်မကယ်တင်နိုင်။ ‘ငါ့လက်ယာလက်ထဲ၌ရှိသောအရာကား မုသားသာမဟုတ်လော’ဟု ပြောနိုင်စွမ်းမရှိ။
ရွှေကို အိတ်ထဲမှသွန်ချသောသူ၊ ငွေကို ချိန်ခွင်နှင့်ချိန်သောသူတို့သည် ပန်းထိမ်သမားကိုငှားရမ်း၍ ဘုရားရုပ်တုထုလုပ်စေပြီး ပျပ်ဝပ်ကိုးကွယ်ကြ၏။
ဖြောင့်မတ်ခြင်းနောက်သို့လိုက်၍ ထာဝရဘုရားကိုရှာသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ကို ခုတ်ဖြတ်ယူရာကျောက်ဆောင်၊ သင်တို့ကို တူးယူရာမိုင်းတွင်းကို ကြည့်ကြလော့။
ငါ၏လူတို့၊ ငါ့စကားကိုအာရုံစိုက်နားထောင်ကြလော့။ ငါ၏လူမျိုးတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ ပညတ်တရားသည် ငါ့ထံမှထွက်ပေါ်လာမည်။ ငါ၏တရားမျှတမှုကို လူတို့အတွက်အလင်းဖြစ်စေမည်။
ဖြောင့်မတ်ခြင်းကိုသိ၍ ငါ၏ပညတ်တရားကို နှလုံးသွင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ လူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို မကြောက်ကြနှင့်။ သူတို့၏ကဲ့ရဲ့စော်ကားခြင်းကို မလန့်ကြနှင့်။
ထာဝရဘုရားက “သင်၏ကောက်ပဲသီးနှံကို သင်၏ရန်သူတို့အား စားခွင့်ပေးတော့မည်မဟုတ်။ သင်ကြိုးစားအားထုတ်၍ရရှိသော စပျစ်ဝိုင်အသစ်ကိုလည်း တိုင်းတစ်ပါးသားများ သောက်ရတော့မည်မဟုတ်။
ရိတ်သိမ်းသူတို့ကသာစားရ၍ ထာဝရဘုရားကိုချီးမွမ်းကြလိမ့်မည်။ စုသိမ်းသူတို့ကသာ စပျစ်ဝိုင်အသစ်ကို သန့်ရှင်းသောငါ့တံတိုင်းအတွင်း၌ သောက်ရကြလိမ့်မည်”ဟု လက်ယာလက်တော်၊ တန်ခိုးကြီးသောလက်ရုံးတော်ဖြင့် ကျိန်ဆိုတော်မူပြီ။
သူတို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်မည်မဟုတ်။ သူတို့မွေးဖွားသောသားသမီးများ ဒုက္ခရောက်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာကိုခံစားရသောအမျိုးအနွယ် ဖြစ်လိမ့်မည်။ သူတို့နှင့်အတူ သူတို့သားမြေးတို့လည်း ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
သူတို့သည် ဂျုံစေ့ကိုကြဲသော်လည်း ဆူးပင်များကိုသာ ရိတ်သိမ်းရ၏။ ပင်ပန်းစွာကြိုးစားကြသော်လည်း အကျိုးမခံစားရကြ။ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ကြောင့် သူတို့သည် အရှက်ကွဲခြင်းသီးနှံကို ရိတ်သိမ်းရလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက သင်တို့သည် ငါ့စကားကို အသေအချာနားထောင်၍ ဥပုသ်နေ့၌ မြို့တံခါးကိုဖြတ်ပြီး ဝန်ထုပ်ကို မသယ်ဆောင်ဘဲနေလျှင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေ၍ မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲနေလျှင်
“အကယ်စင်စစ် ငါ့လူမျိုးတော်သည် မကောင်းမှုနှစ်မျိုးကို ပြုကြပြီ။ သက်စမ်းရေတွင်းဖြစ်သည့် ငါ့ကိုစွန့်ပယ်ကြပြီ။ ရေကန်များကိုတူးကြပြီ။ ထိုရေကန်တို့သည် ကွဲအက်သဖြင့် ရေလှောင်၍မရ။
ထာဝရဘုရားက “ငါသည် ယဇ်ပုရောဟိတ်တို့၏စိတ်ဝိညာဉ်ကို အဆီအနှစ်နှင့်ပြည့်သောအစာဖြင့် ကျေနပ်အားရစေမည်။ ငါ၏လူမျိုးတော်သည် ကောင်းမြတ်သောအရာများနှင့် ပြည့်စုံကြွယ်ဝကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဧဖရိမ်သည် လေကိုစား၏။ အရှေ့လေနောက်သို့ လိုက်၏။ သူတို့ပြုသောလိမ်လည်မှု၊ အကြမ်းဖက်မှုတို့သည် တစ်နေ့ထက်တစ်နေ့ များများလာ၏။ အဆီးရီးယားတို့နှင့် ပဋိညာဉ်ဖွဲ့လျက်နှင့်ပင် အီဂျစ်ပြည်သို့ ဆီကို ပို့ပေး၏။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
ကြည့်ရှုလော့။ လူတို့သည် မီးစာဖြစ်သွားမည့်အရာအတွက် ကြိုးစားအားထုတ်လုပ်ကိုင်ကြပြီ။ လူမျိုးတို့သည် အချည်းနှီးသောအရာအတွက် အပင်ပန်းခံကြပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဤသို့ဖြစ်စေပြီမဟုတ်လော။
သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏’ဟူ၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏”ဟု မိန့်တော်မူ၏။
တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။
ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကို နောက်တစ်ဖန်ခေါ်ပြီးလျှင်“သင်တို့အားလုံး ငါ့စကားကိုနားထောင်၍ နားလည်ကြလော့။
ဆူဖြိုးသောနွားသငယ်ကိုလည်းဆွဲလာ၍ သတ်ကြလော့။ ငါတို့သည် ပျော်ရွှင်စွာစားကြစို့။
ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။
သို့ရာတွင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့်တရားကို ရရှိရန်ကြိုးစားသောအစ္စရေးလူမျိုးတို့သည် ထိုတရားသို့မပေါက်ရောက်ကြ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုလော့။ ယနေ့ သင်တို့အား ငါဆင့်ဆိုသည့် ပညတ်တော်တို့ကို သေချာစွာနားထောင်လော့။
ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။