Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 62:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထာဝရဘုရား​က “​သင်​၏​ကောက်ပဲသီးနှံ​ကို သင်​၏​ရန်သူ​တို့​အား စား​ခွင့်​ပေး​တော့​မည်​မ​ဟုတ်​။ သင်​ကြိုးစား​အားထုတ်​၍​ရရှိ​သော စပျစ်ဝိုင်​အသစ်​ကို​လည်း တိုင်းတစ်ပါးသား​များ သောက်​ရ​တော့​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​ကြီး​သော​လက်​ယာ လက်​တော်​နှင့်​ကျိန်​ဆို​တော်​မူ​သည်။ ``သင်​၏​ကောက်​ပဲ​သီး​နှံ​များ​သည်​ရန်​သူ​တို့​အ​တွက် ရိက္ခာ​ဖြစ်​ရ​တော့​မည်​မ​ဟုတ်။ လူ​မျိုး​ခြား​တို့​သည်​လည်း​သင်​ကြိုး​စား​၍ လုပ်​ဆောင်​ခဲ့​သော​စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ တော့​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 တန် ခိုး ကြီး သော ညာ လက် ရုံး တော် ကို တိုင် တည် ၍ ထာ ဝ ရ ဘု ရား က၊ သင် လုပ် ဆောင် ၍ ရ သော စ ပါး ဆန် နှင့် စ ပျစ် ရည် ကို၊ နိုင်ငံ ခြား သား ဖြစ် သော သင့် ရန် သူ တို့ အား၊ သုံး ဆောင် ခွင့် အပ် ပေး တော့ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​စ​ပါး​နှင့် နောက်​တစ်​ဖန် ငါ​မ​ကျွေး။ သင်​သည် ကြိုး​စား၍​လုပ်​သော စ​ပျစ်​ရည်​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​သောက်​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 62:8
16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ​။ သင်​တို့​၏​မြို့​များ​ကို​လည်း မီး​လောင်​လေ​ပြီ​။ တစ်ပါးအမျိုးသား​တို့​သည် သင်​တို့​၏​မြေ​ကို သင်​တို့​ရှေ့​၌ ဝါးမျို​ကြ​ပြီ​။ တစ်ပါးအမျိုးသား​တို့​ဖျက်ဆီး​သဖြင့် လူသူကင်းမဲ့​လေ​ပြီ​။


အကယ်စင်စစ် “​ငါ့​ရှေ့မှောက်​၌ လူ​တိုင်း​ဒူးထောက်​ကြ​ရ​လိမ့်မည်​။ လူ​တိုင်း​၏​နှုတ်​သည် သစ္စာဆို​ကြ​ရ​လိမ့်မည်​”​ဟု ငါ​ကိုယ်တိုင် ကျိန်ဆို​ပြီ​။ ဤ​ဖြောင့်မှန်​သော​စကား​သည် ငါ့​နှုတ်​မှ​ထွက်လာ​သည်​ဖြစ်၍ ပြန်လှည့်​လာ​မည်​မ​ဟုတ်​။


သင့်​ကို​သနားစုံမက်​တော်မူ​သော​ထာဝရဘုရား​က “​ဤ​အမှု​သည် နောဧ​လက်ထက် ရေလွှမ်းမိုး​သကဲ့သို့​ဖြစ်​၏​။ နောဧ​လက်ထက်​၌ ရေလွှမ်းမိုး​သကဲ့သို့ ကမ္ဘာမြေကြီး​ကို နောက်တစ်ဖန်​ရေ​မ​လွှမ်းမိုး​ရ​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​နည်းတူ သင့်​ကို​အမျက်​မ​ထွက်​၊ အပြစ်တင်ဆုံးမ​ခြင်း​လည်း​မ​ပြု​ဟု ငါ​ကျိန်ဆို​၏​။


အစားအစာ​မ​ဟုတ်​သော​အရာ​အတွက် သင်​တို့​ငွေ​ကို​လည်းကောင်း​၊ ရောင့်ရဲမှု​မ​ပေး​သော​အရာ​အတွက် သင်​တို့​ချွေးနှဲစာ​ကို​လည်းကောင်း အဘယ်ကြောင့် သင်​တို့​အသုံးပြု​ကြ​သနည်း​။ ငါ့​စကား​ကို စေ့စေ့​နားထောင်​လော့​။ ကောင်း​သော​အစားအစာ​ကို စား​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​နှင့် ဝအီ​လိမ့်မည်​။


ကိုယ်တော်​သည် ကြားဝင်စေ့စပ်​သော​သူ​တစ်ဦးတစ်ယောက်​မျှ​မ​ရှိ​ကြောင်း​ကို မြင်​၍ အံ့ဩ​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​လက်ရုံး​တော်​သည် ကယ်တင်​ခြင်း​အမှု​ကို​ပြု​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ကိုယ်တော့်​ကို​ထောက်မ​ပေး​၏​။


သင်​သည် ရှမာရိ​တောင်​ပေါ်တွင် စပျစ်ခြံ​ကို ပြန်လည်​စိုက်ပျိုး​ရ​လိမ့်မည်​။ စိုက်ပျိုး​သော​သူ​တို့​သည် အသီး​ကို စား​ရ​လိမ့်မည်​။


ထို​လူမျိုး​သည် သင်​၏​အသီးအနှံ​၊ အစားအစာ​တို့​ကို ဝါးမျို​လိမ့်မည်​။ သင်​၏​သားသမီး​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​၏​သိုးအုပ်​၊ နွားအုပ်​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​၏​စပျစ်ပင်​၊ သင်္ဘောသဖန်းပင်​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​ကိုးစား​သော​သင်​၏​ခံတပ်​မြို့​များ​ကို​ပါ​မ​ချန် ဓားလက်နက်​ဖြင့်​ဖျက်ဆီး​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ဤသို့​မိန့်​တော်မူ​ကြောင်း သူ​တို့​အား ဆင့်ဆို​လော့​။ အစ္စရေး​လူမျိုး​ကို ငါ​ရွေးချယ်​သော​နေ့​တွင် ငါ​သည် ယာကုပ်​အမျိုး​၏​သားစဉ်မြေးဆက်​အား ကတိသစ္စာ​ပြု​ခဲ့​၏​။ အီဂျစ်​ပြည်​၌ ငါ​မည်သူ​ဖြစ်ကြောင်း သူ​တို့​ကို သိ​စေ​ခဲ့​၏​။ ‘ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု သူ​တို့​အား ကတိသစ္စာ​ပြု​ခဲ့​၏​။


ငါ​သည် သင်​တို့​အား ဤသို့​ပြု​မည်​။ မျက်စိ​ကွယ်​စေ​၍ စိတ်​အားလျော့​စေ​သော အဆုတ်ရောဂါ​၊ အဖျားရောဂါ​တည်းဟူသော ထိတ်လန့်ဖွယ်​သော​အရာ​ကို သင်​တို့​အပေါ် သက်ရောက်​စေ​မည်​။ သင်​တို့​၏​ရန်သူ​တို့​သည် သင်​တို့​၏​အသီးအနှံ​တို့​ကို စား​ပစ်​မည်​ဖြစ်​သောကြောင့် သင်​တို့​ကြဲ​သော​မျိုးစေ့​သည် အချည်းနှီး​ဖြစ်​လိမ့်မည်​။


“ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့် ငါ့​လူမျိုး​တော်​အစ္စရေး​အမျိုးသား​တို့​ကို ငါ​ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​သော​မြို့​များ​ကို ပြန်လည်​တည်ဆောက်​၍ နေထိုင်​ကြ​လိမ့်မည်​။ စပျစ်ပင်​များ​ကို စိုက်​၍ စပျစ်ဝိုင်​ကို သောက်​ရ​လိမ့်မည်​။ ဥယျာဉ်ခြံ​များ​ကို စိုက်ပျိုး​၍ အသီးအနှံ​တို့​ကို စား​ရ​လိမ့်မည်​။


သင်​သည် မိန်းမ​နှင့်​စေ့စပ်​ထား​သော်လည်း အခြား​သူ​က ထို​မိန်းမ​နှင့်​အိပ်​လိမ့်မည်​။ သင်​သည် အိမ်​ကို​ဆောက်​သော်လည်း ထို​အိမ်​၌​နေ​ရ​မည်​မ​ဟုတ်​။ စပျစ်ခြံ​ကို စိုက်ပျိုး​သော်လည်း အကျိုးခံစား​ရ​မည်​မ​ဟုတ်​။


သင့်​နွား​ကို သင့်​ရှေ့မှောက်​၌ပင် သတ်​သော်လည်း အသား​ကို သင်​စား​ရ​မည်​မ​ဟုတ်​။ သင့်​မြည်း​ကို သင့်​ရှေ့မှောက်​၌ပင် လုယူ​သွား​သော်လည်း ထို​မြည်း​ကို သင်​ပြန်​ရ​မည်​မ​ဟုတ်​။ သင့်​သိုး​သည် ရန်သူ​လက်​သို့​ရောက်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​။


သင့်​မြေ​၏​အသီးအနှံ​၊ သင့်​ချွေးနှဲစာ​ရှိသမျှ​တို့​ကို သင်​မ​သိ​သော​လူမျိုး​သည် စား​လိမ့်မည်​။ သင်​သည် နှိပ်စက်​ညှဉ်းဆဲ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံရ​လိမ့်မည်​။


ငါ့​လက်​ကို​ကောင်းကင်​သို့​မြှောက်​လျက် “ငါ​သည် ထာဝရ​အသက်ရှင်​တော်မူ​သည်​နှင့်အညီ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ