ထွက်မြောက် 15:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible26 သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ နာ ယူ၍ မျက် မှောက် တော် တွင် သင့် လျော် စွာ ပြု ကျင့် လျက် မိန့် မှာ တော် မူ ချက် များ ကို နား ထောင် ခြင်း၊ ထုံး ဖွဲ့ တော် မူ သ မျှ ကို စောင့် ရှောက် ခြင်း ပြု ကြ လျှင် ငါ သည် အိ ဂျစ် လူ တို့ အ ပေါ် တွင် သင့် ရောက် စေ ခဲ့ သော ရော ဂါ တစ် စုံ တစ် ခု ကို မျှ သင် တို့ အ ပေါ် တွင် သင့် ရောက် စေ မည် မ ဟုတ်။ ငါ သည် သင် တို့ ကို ကျန်း မာ စေ သော ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible26 သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူသောအကျင့်ကို ကျင့်လျှင်လည်းကောင်း၊ ပညတ်တရားတော်အလိုသို့လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင်လည်းကောင်း၊ ငါသည် အဲဂုတ္တုလူတို့၌စွဲစေသော ရောဂါတစ်စုံတစ်ခုကိုမျှ သင်တို့၌မစွဲစေ။ ငါသည် သင်တို့၏ရောဂါကိုငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
ငါမိန့်မှာသမျှကို သင်လိုက်နာ၍ ငါ့လမ်းသို့လိုက်မည်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီး ပြုကျင့်သကဲ့သို့ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို ငါ့ရှေ့မှောက်တွင် မှန်ကန်စွာပြုကျင့်မည်ဆိုလျှင် ငါသည် သင်နှင့်အတူရှိပြီး ဒါဝိဒ်မင်းဆက်ကို တည်စေသည့်နည်းတူ သင့်မင်းဆက်ကိုလည်း ခိုင်မြဲစွာတည်စေမည်။ အစ္စရေးနိုင်ငံကို သင့်အား အုပ်စိုးခွင့်ပေးမည်။