Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 51:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငါ​၏​လူ​တို့​၊ ငါ့​စကား​ကို​အာရုံစိုက်​နားထောင်​ကြ​လော့​။ ငါ​၏​လူမျိုး​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ ပညတ်တရား​သည် ငါ့​ထံ​မှ​ထွက်ပေါ်​လာ​မည်​။ ငါ​၏​တရားမျှတမှု​ကို လူ​တို့​အတွက်​အလင်း​ဖြစ်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​ဂ​ရု​ပြု ကြ​လော့။ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​ဆုံး​မ သြ​ဝါ​ဒ​ပေး​၍ ငါ​၏​တ​ရား​ဒေ​သ​နာ​များ​သည်​သူ​တို့​အ​တွက် အ​လင်း​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အ ချင်း အ မျိုး တော်၊ အ ချင်း အ နွယ် တော်၊ ငါ့ စ ကား ကို နား ထောင် နာ ခံ ကြ လော့။ တ ရား တော် သည် ငါ့ ထံ မှ ထွက် လျက်၊ ဥ ပ ဒေ သ တော် ကို လူ အ မျိုး မျိုး တို့ အ ဖို့ အ လင်း အ ဖြစ် တည် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ငါ၏​လူ​မျိုး၊ ငါ့​လူ​စု​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​ကြ​လော့။ ငါ့​ထံ​မှ​တ​ရား​ထွက်၍ ငါ​စီ​ရင်​ချက်​သည် လူ​များ​လင်း​စ​ရာ​ဖို့ တည်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 51:4
27 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မည်သည့် လူမျိုးခြား​၌​မျှ ဤကဲ့သို့​ပြု​တော်​မ​မူ​ခဲ့​ပေ​။ ထို​လူမျိုးခြား​တို့​သည် ကိုယ်တော်​၏ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​သိ​ကြ​ပေ​။ ဟာလေလုယ​။


ထာဝရဘုရား​ကို မိမိ​ဘုရား​အဖြစ်​ကိုးကွယ်​သော​တိုင်းနိုင်ငံ​နှင့် ကိုယ်တော်​၏​အမွေခံ​အဖြစ် ကိုယ်တော်​ရွေးချယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။


“​အို ငါ့​လူမျိုး​တော်​၊ နားထောင်​လော့​။ ငါ​မိန့်ဆို​မည်​။ အို အစ္စရေး​လူမျိုး​၊ ငါ​သည် သင့်​တစ်ဖက်​၌​သက်သေခံ​မည်​။ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ဖြစ်​၏​။


အို ငါ​၏​လူမျိုး​တော်​၊ ငါ​၏​တရား​ကို စူးစိုက်​နားထောင်​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို နားစွင့်​ကြ​လော့​။


သင်​တို့​သည် ငါ့​အဖို့ နိုင်ငံ​တော်​၏​ယဇ်ပုရောဟိတ်​များ​၊ သန့်ရှင်း​သော​လူမျိုး​တော်​ဖြစ်​ကြ​မည်​’​ဟု ဆင့်ဆို​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​အား သင်​ပြောဆို​ရ​မည့်​စကား​များ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။


ယခု အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါလျှင် အကျွန်ုပ်​အား ကိုယ်တော်​၏​လမ်းခရီး​ကို သိ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​မည်​ဖြစ်၍ ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါ​လိမ့်မည်​။ ဤ​လူမျိုး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​သည်​ကို ဆင်ခြင်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။


အကြောင်းမူကား ပညတ်ချက်​သည် မီးခွက်​ဖြစ်​၍ သွန်သင်ချက်​သည် အလင်း​ဖြစ်​၏​။ ဆုံးမပဲ့ပြင်​ပေး​သော​ဆိုဆုံးမစကား​တို့​သည်​လည်း အသက်​လမ်း​ဖြစ်၍


ဇိအုန်​မြို့​သည် တရားမျှတမှု​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။ ထို​မြို့​မှ နောင်တရ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။


လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။


မြို့​တံခါး​တို့​ကို ဖွင့်​ကြ​လော့​။ သစ္စာ​စောင့်ထိန်း​၍ ဖြောင့်မတ်​သော​လူမျိုး​ဝင်လာ​မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တရား​လမ်း​၌ ကိုယ်တော်​ကို အကျွန်ုပ်​တို့​စောင့်မျှော်​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​၊ ကိုယ်တော်​ပြု​တော်မူ​သော အမှတ်ရစရာ​ကို ကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ် တောင့်တ​ပါ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ငါ​တို့​၏ တရားသူကြီး​၊ ပညတ်တရား​ရှင်​၊ ရှင်ဘုရင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​ကို ကယ်တင်​တော်မူ​မည်​။


ထာဝရဘုရား​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​အတွက် ကျေနပ်အားရ​တော်မူ​၏​။ ကိုယ်တော်​သည် ပညတ်တရား​ကို ကြီးမြတ်​စေ​တော်မူ​၏​။ အထွတ်အမြတ်​ဖြစ်စေ​တော်မူ​၏​။


ငါ​သည် ဖြောင့်မတ်​ခြင်း​အတွက် သင့်​ကို​ခေါ်​သော ထာဝရဘုရား​ဖြစ်​၏​။ သင့်​ကို ငါ​ခေါ်​မည်​။ သင့်​လက်​ကို ငါ​ကိုင်ဆွဲ​ထား​မည်​။ သင့်​ကို ငါ​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​အဖြစ်​လည်းကောင်း​၊ လူမျိုးတကာ​အတွက် အလင်း​အဖြစ်​လည်းကောင်း သင့်​ကို ငါ​ခန့်ထား​မည်​။


ကိုယ်တော်​က “​ယာကုပ်​အမျိုး​ကို ပြန်လည်ထူထောင်​ရန်​၊ အသက်ရှင်​ကျန်ရစ်​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်ခေါ်ဆောင်​လာ​ရန် သင့်​ကို ငါ့​အစေအပါး​ဖြစ်စေ​ခြင်း​သည် အသေးအဖွဲ​မျှသာ​ဖြစ်​သေး​၏​။ မြေကြီး​စွန်း​တိုင်အောင် ငါ​၏​ကယ်တင်​ခြင်း​ရောက်ရှိ​စေရန် ငါ​သည် သင့်​ကို​လူမျိုးတကာ​တို့​အဖို့ အလင်း​ဖြစ်စေ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ့​ထံသို့​လာ​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ် အသက်ရှင်​မည့်​အကြောင်း နားထောင်​ကြ​လော့​။ ဒါဝိဒ်​အပေါ်​ထားရှိ​သော မြဲမြံ​သည့်​မေတ္တာကရုဏာ​နှင့်အညီ ထာဝရ​ပဋိညာဉ်​ကို သင်​တို့​နှင့်​ငါ​ပြု​မည်​။


ကိုယ်တော်​က “​စင်စစ် သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၏​။ သူ​တို့​သည် သစ္စာ​မ​ပျက်​သော​သားသမီး​များ​ဖြစ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကိုယ်တော်​သည်​လည်း သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​တော်မူ​၏​။


လူမျိုး​များစွာ​တို့​သည် လာ​၍ “​လာ​ကြ​လော့​။ ယာကုပ်​၏​ဘုရားသခင်​အိမ်​တော်​ရှိ​ရာ ထာဝရဘုရား​၏​တောင်​တော်​သို့​တက်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် မိမိ​လမ်း​တော်​တို့​ကို ငါ​တို့​အား သွန်သင်​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ အကြောင်းမူကား တရားတော်​သည် ဇိအုန်​တောင်​မှ​လည်းကောင်း​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ထွက်ပေါ်​လာ​လိမ့်မည်​။


ငါ​သည် ဘုရားသခင်​၏​ပညတ်​တရား​နှင့် ကင်းဝေး​သော​သူ​မ​ဟုတ်​ဘဲ ခရစ်တော်​၏​ပညတ်​တရား​အောက်၌​ရှိ​သော်လည်း ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​တွင် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​ကဲ့သို့​ဖြစ်​၏။


သူ​တို့​၏​အမျိုးသားချင်း​များ​ထဲ​မှ သင်​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​နှုတ်​၌ ငါ့​စကား​များ​ကို သွင်းပေး​မည်​ဖြစ်၍ ငါ​မိန့်မှာ​သော​အရာ​ရှိသမျှ​ကို သူ​တို့​အား ဆင့်ဆို​လိမ့်မည်​။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ