ဟေရှာယ 65:23 - မြန်မာ့စံမီသမ္မာကျမ်း23 သူတို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်မည်မဟုတ်။ သူတို့မွေးဖွားသောသားသမီးများ ဒုက္ခရောက်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာကိုခံစားရသောအမျိုးအနွယ် ဖြစ်လိမ့်မည်။ သူတို့နှင့်အတူ သူတို့သားမြေးတို့လည်း ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible23 သူတို့ဆောင်ရွက်သည့်အလုပ်သည်အောင်မြင် ၍သူတို့၏သားသမီးများသည်ဘေးအန္တ ရာယ်ရောက်ရကြလိမ့်မည်မဟုတ်။ ငါသည် သူတို့နှင့်သူတို့သားမြေးများအားလာ လတ္တံ့ကာလအစဉ်အဆက်ကောင်းချီးပေး မည်။- အခန်းကိုကြည့်ပါ။Garrad Bible23 သူ တို့ သည် သား မြေး တို့ ပါ၊ ထာ ဝ ရ ဘု ရား ထံ တော် မှ မင်္ဂ လာ ခံ ရ သော သူ တို့ အ မျိုး အ နွယ် ဖြစ် ကြ သော ကြောင့်၊ အ ကျိုး မဲ့ လုပ် ဆောင် ခြင်း၊ ဘေး သင့် ရန် သား ဖွား ခြင်း မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible23 ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။