ယေရမိ 31:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထာဝရဘုရားက “ငါသည် ယဇ်ပုရောဟိတ်တို့၏စိတ်ဝိညာဉ်ကို အဆီအနှစ်နှင့်ပြည့်သောအစာဖြင့် ကျေနပ်အားရစေမည်။ ငါ၏လူမျိုးတော်သည် ကောင်းမြတ်သောအရာများနှင့် ပြည့်စုံကြွယ်ဝကြလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ပ ရော ဟိတ် တို့ သည် ဆီ ဥ ဖြင့် အာ ရုံ ပြေ လျက်၊ လူ မျိုး တော် လည်း ဆု ကျေး ဇူး တော် နှင့် ရောင့် ရဲ ကြ လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့် ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့နှင့် လေဝိအမျိုးတို့သည် အလှူပစ္စည်းများဖြစ်သည့် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို သိုလှောင်တိုက်သို့ ယူဆောင်လာရမည်။ ထိုနေရာတွင် သန့်ရှင်းရာဌာန၏တန်ဆာပလာများ ထားရှိ၍ အမှုတော်ထမ်းဆောင်သောယဇ်ပုရောဟိတ်များ၊ တံခါးစောင့်များ၊ သီချင်းသည်များ နေကြ၏။ ငါတို့ဘုရားသခင်၏အိမ်တော်ကို ငါတို့စွန့်ပစ်ထားမည်မဟုတ်ဟု ဝန်ခံကတိပြုကြ၏။
အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့် ကိုယ်တော်၏အစွမ်းတန်ခိုးတည်ရာသေတ္တာတော်နှင့်အတူ စံတော်မူရာနေရာသို့ ကြွတော်မူပါ။ အို ဘုရားသခင်ထာဝရဘုရား၊ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကိုဝတ်ဆင်၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ကိုယ်တော်၏ကောင်းမြတ်ခြင်း၌ ဝမ်းမြောက်ကြပါစေသော။