ဟေရှာယ 46:6 - မြန်မာ့စံမီသမ္မာကျမ်း6 ရွှေကို အိတ်ထဲမှသွန်ချသောသူ၊ ငွေကို ချိန်ခွင်နှင့်ချိန်သောသူတို့သည် ပန်းထိမ်သမားကိုငှားရမ်း၍ ဘုရားရုပ်တုထုလုပ်စေပြီး ပျပ်ဝပ်ကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 လူတို့သည်မိမိတို့၏ရွှေအိတ်များမှရွှေ များကို သွန်ချကာ၊ ငွေများကိုလည်းချိန်ခွင်နှင့်ချိန်တွယ်ပြီးလျှင်၊ ဘုရားသွန်းလုပ်ရန်ပန်းထိမ်သည်ကိုငှားရမ်း ကြ၏။ ထိုနောက်၊ထိုဘုရားအားဦးညွှတ်ဝတ်ပြုကိုးကွယ် ကြပါသည်တကား။ အခန်းကိုကြည့်ပါ။Garrad Bible6 အိတ် ထဲ မှ ရွှေ ကို ထုတ် ခြင်း၊ ချိန် ခွင် နှင့် ငွေ ကို စက် ခြင်း ခြင်း ပြု သော သူ တို့ သည် ပန်း ထိမ် သည် ကို ငှား၍၊ ဘု ရား ရုပ် တု လုပ် စေ ပြီး လျှင်၊ ပျပ် ဝပ် ရှိ ခိုး တတ် ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible6 ရွှေကို အိတ်ထဲကများစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းထိမ်သမားကိုငှား၍ ဘုရားကို လုပ်စေပြီးမှ၊ ပျပ်ဝပ်ကိုးကွယ်ကြသည် တကား။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ရှင်ဘုရင်သည် အတိုင်ပင်ခံတို့နှင့်ဆွေးနွေးတိုင်ပင်၍ ရွှေနွားသငယ်ရုပ်နှစ်ရုပ်ကို သွန်းလုပ်ပြီး ပြည်သူတို့အား “ဂျေရုဆလင်မြို့သို့ တက်သွားရသည်မှာ သင်တို့အဖို့ ခက်ခဲလှပါ၏။ အို အစ္စရေးလူမျိုးတို့၊ ကြည့်ပါ။ ဤသည်မှာ သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားများဖြစ်ပါ၏”ဟု မိန့်ဆို၏။
သူတို့အား ငါမိန့်မှာထားသောလမ်းမှ အလျင်အမြန်လွဲသွားကြပြီ။ သူတို့သည် မိမိတို့အဖို့ နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ရှိခိုးကိုးကွယ်ကြပြီ။ ထိုရုပ်တုအား ယဇ်ပူဇော်၍ ‘အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်သည်’ဟူ၍ ပြောဆိုကြလေပြီ”ဟု မိန့်တော်မူ၏။