ယေရမိ 17:24 - မြန်မာ့စံမီသမ္မာကျမ်း24 တစ်ဖန် ထာဝရဘုရားက သင်တို့သည် ငါ့စကားကို အသေအချာနားထောင်၍ ဥပုသ်နေ့၌ မြို့တံခါးကိုဖြတ်ပြီး ဝန်ထုပ်ကို မသယ်ဆောင်ဘဲနေလျှင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေ၍ မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲနေလျှင် အခန်းကိုကြည့်ပါ။Common Language Bible24 ``ငါ၏အမိန့်အားလုံးကို နားထောင်ရကြ မည်ဖြစ်ကြောင်းထိုသူတို့အားပြောကြား လော့။ သူတို့ဥပုသ်နေ့၌ဤမြို့တံခါးများ ကိုဖြတ်၍ အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှ မသယ်မယူရကြ။ ဥပုသ်နေ့ကိုနေ့ထူး နေ့မြတ်အဖြစ်စောင့်ထိန်းကာအဘယ် အလုပ်ကိုမျှမလုပ်ကြလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible24 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဥ ပုသ် နေ့၌ ဤ မြို့ တံ ခါး များ ဖြင့် ဝန် သွင်း ခြင်း၊ အ မှု အ ရေး ကို လုပ် ဆောင် ခြင်း မ ပြု ဘဲ၊ ဥ ပုသ် နေ့ ကို သီး သန့် စောင့် ရှောက် ရ မည့် အ မိန့် တော် ကို၊ သင် တို့ နာ ခံ နား ထောင် ကြ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible24 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကိုမသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှ မလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ရပ်ဝေးမှလူတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကိုလည်း သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားကို နာခံလိုက်လျှောက်လျှင် ထိုသို့ဖြစ်လာလိမ့်မည်”ဟု မိန့်ဆို၏။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။