ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
ဟေရှာယ 24:1 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို ဟင်းလင်းပြင်ဖြစ်စေတော်မူမည်။ လူသူကင်းမဲ့ရာဖြစ်စေတော်မူမည်။ မြေမျက်နှာပြင်ကို တွန့်လိမ်စေတော်မူမည်။ မြေကြီးသားတို့ကို ကွဲလွင့်စေတော်မူမည်။ Common Language Bible ထာဝရဘုရားသည်ကမ္ဘာမြေကြီးကိုပျက် ပြုန်းစေတော်မူ၍ လူသူဆိတ်ငြိမ်ရာဖြစ်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ မျက်နှာပြင်ကိုတွန့်လိမ်စေ၍ လူတို့ကို ကွဲလွင့်စေတော်မူလိမ့်မည်။- Garrad Bible ကြည့် လော့၊ မြေ ကြီး သား တို့ ကွဲ လွင့် သည့် တိုင် အောင်၊ ထာ ဝ ရ ဘု ရား သည် မြေ ပ ထ ဝီ ကို မှောက် လှန်၍၊ လဟာ သက် သက် ဖြစ် စေ တော် မူ သ ဖြင့်၊ Judson Bible ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ကို ကွဲပြားစေတော်မူ၏။ |
ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
ကိုယ်တော်၏အစေအပါးမောရှေအား ‘သင်တို့ သစ္စာမဲ့လျှင် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။
ထာဝရဘုရားသည် တိုင်းတစ်ပါးသားတို့ကို စောင့်ရှောက်၍ ဖတဆိုးနှင့်မုဆိုးမကို ကူညီစောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းကိုကား ကွေ့ကောက်စေတော်မူ၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူသောနေ့ရက်၌ မိုးကောင်းကင်ကို ငါလှုပ်ခတ်စေမည်။ မြေကြီးသည်လည်း မိမိနေရာမှ ရွေ့သွားလိမ့်မည်။
ထာဝရဘုရားနှင့် အမျက်တော်လက်နက်သည် မြေတစ်ပြင်လုံးကိုဖျက်ဆီးရန် ကောင်းကင်အစွန်း၊ ဝေးလံသောအရပ်မှ လာကြပြီ။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
ကမ္ဘာမြေကြီးသည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ယိမ်းထိုးနေ၏။ ပုခက်ကဲ့သို့ခါယမ်းနေ၏။ ကမ္ဘာမြေကြီးကျူးလွန်သောအပြစ်သည် လေးလံသဖြင့် လဲကျသွား၍ ပြန်ထနိုင်တော့မည်မဟုတ်။
ခိုင်ခံ့သောမြို့သည် အထီးကျန်၍ တောကန္တာရကဲ့သို့ စွန့်ခွာသွားခြင်း၊ စွန့်ပစ်ထားခြင်းခံရသောနေရာဖြစ်လိမ့်မည်။ နွားသငယ်သည် ထိုနေရာတွင် ကျက်စားလိမ့်မည်၊ လဲလျောင်းလိမ့်မည်။ ထိုနေရာရှိအခက်အလက်တို့ကို အကုန်အစင်စားလိမ့်မည်။
သင်တို့သည် ကပြောင်းကပြန်လုပ်ကြပါသည်တကား။ အိုးထိန်းသည်ကို ရွှံ့စေးကဲ့သို့မှတ်ယူသင့်သလော။ အပြုခံက ပြုသူအား “ဤသူသည် ငါ့ကိုပြုလုပ်ခဲ့သည်မဟုတ်”ဟု ဆိုသင့်သလော။ ဖန်ဆင်းခံက ဖန်ဆင်းသူအား “ဤသူသည် အသိဉာဏ်မရှိ”ဟု ဆိုသင့်သလော။
သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
ထာဝရဘုရားက သူတို့ကို အပြစ်ဒဏ်ပေးသည့် တုတ်တော်၏ရိုက်ချက်တိုင်းမှာ ပတ်သာနှင့် စောင်းသံတို့ ထွက်ပေါ်လိမ့်မည်။ ကိုယ်တော်သည် လက်ကိုဝှေ့ယမ်းလျက် သူတို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တော်မူမည်။
တိုင်းပြည်သည် ငိုကြွေးမြည်တမ်း၍ အားလျော့လေပြီ။ လက်ဘနွန်တောင်သည် အရှက်ရ၍ ညှိုးနွမ်းလေပြီ။ ရှာရုန်အရပ်သည် အရာဗလွင်ပြင်နှင့်တူလေပြီ။ ဗာရှန်တောင်၊ ကရမေလတောင်သည် မိမိတို့အရွက်များကိုခါချပြီ။
နေ့ညမပြတ် မီးငြိမ်းလိမ့်မည်မဟုတ်။ မီးခိုးသည် အစဉ်အမြဲတက်လိမ့်မည်။ ထိုပြည်သည် မျိုးဆက်အဆက်ဆက် တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ထိုပြည်ကို ကာလအစဉ်အဆက် မည်သူမျှ ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။
အကယ်စင်စစ် ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို အမျက်ထွက်တော်မူ၍ အမျက်တော်သည် သူတို့၏စစ်သည်ဗိုလ်ပါအားလုံးအပေါ် သက်ရောက်လေပြီ။ ကိုယ်တော်သည် သူတို့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ သူတို့ကို သတ်ဖြတ်သူလက်သို့ အပ်တော်မူမည်။
ငါသည် တောင်ကြီး၊ တောင်ငယ်များကို ဖျက်ဆီးမည်။ အပင်ရှိသမျှတို့ကို ခြောက်သွေ့စေမည်။ မြစ်များကို ကျွန်းဖြစ်စေမည်။ ရေအိုင်များကို ခန်းခြောက်စေမည်။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ခြင်္သေ့သည် ပုန်းအောင်းရာမှထွက်လာပြီ။ လူမျိုးတကာတို့ကိုဖျက်ဆီးသောသူသည် မိမိ၏နေရာမှထွက်လာပြီ။ သင်၏ပြည်ကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေရန် မိမိနေရာမှထွက်လာပြီ။ သင်တို့၏မြို့များသည် ပျက်စီးသွားလိမ့်မည်။ နေထိုင်သူရှိမည်မဟုတ်။
ထိုအခါ ကာရာ၏သားယောဟနန်က “နေသနိ၏သားဣရှမေလကို သွား၍သတ်ရသောအခွင့်ကို ပေးပါ။ မည်သူမျှ မသိစေရ။ အဘယ်ကြောင့် သူသည် သင့်ကိုသတ်၍ သင့်ကိုခိုလှုံလာသောယုဒလူအပေါင်းတို့ကို ကွဲလွင့်စေမည်နည်း။ အဘယ်ကြောင့် ယုဒပြည်၌ကြွင်းကျန်သောသူတို့ ပျက်စီးကြရမည်နည်း”ဟု ဂေဒလိအား မိဇပါမြို့၌ တိတ်တဆိတ်လျှောက်ဆို၏။
အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။
“ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ငါ့ကို ကိုက်စားလေပြီ။ နင်းချေလေပြီ။ ငါ့ကို အိုးလွတ်ဖြစ်စေပြီ။ မြွေနဂါးကဲ့သို့ ငါ့ကို ဝါးမျိုလေပြီ။ ငါ၏စားကောင်းသောက်ဖွယ်တို့နှင့် သူ့ဝမ်းကိုပြည့်စေပြီ။ ပြီးမှ ငါ့ကို အန်ထုတ်လေပြီ။
သူတို့နှင့်သူတို့၏ဘိုးဘေးများမသိဖူးသော လူမျိုးခြားတို့တွင် သူတို့ကို ကွဲလွင့်စေမည်။ သူတို့လုံးဝပျက်စီးသွားသည့်တိုင်အောင် ဓားဘေးသင့်စေမည်”ဟု မိန့်တော်မူ၏။
လူနေရာမြို့တို့သည် တိတ်ဆိတ်သွားလိမ့်မည်။ ပြည်သည် လူသူကင်းမဲ့သွားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြမည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
‘အိုးပူလာ၍ ကြေးနီများနီရဲလာစေရန်၊ အိုးထဲရှိအညစ်အကြေးများ အရည်ပျော်လာပြီး ချေးတို့လောင်ကျွမ်းသွားစေရန် အိုးလွတ်တစ်လုံးကို မီးကျီးခဲပေါ်တင်လော့။
ဘုရားရှင်ထာဝရဘုရားက ‘မြေကြီးတစ်ပြင်လုံးဝမ်းမြောက်နေစဉ် ငါသည် သင့်ကို လူသူကင်းမဲ့ရာဖြစ်စေမည်။
ငါသည် သင့်ကို ပြိုပျက်ရာ ဖြစ်စေမည်။ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့အလယ်၊ ဖြတ်သန်းသွားလာသူတို့အမြင်တွင် ကဲ့ရဲ့စရာဖြစ်စေမည်။
မြို့ကိုဝိုင်းထားသောနေ့စေ့သောအခါ ထိုအထဲမှ သုံးပုံတစ်ပုံကို မြို့ထဲတွင် မီးရှို့ပစ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို မြို့ထဲလှည့်လည်၍ ဓားဖြင့်ခုတ်ဖြတ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို လေထဲသို့လွှင့်ပစ်လိုက်လော့။ ငါသည် ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။
ငါ့လက်ကိုဆန့်၍ သူတို့ကို ဆန့်ကျင်မည်။ ဒိဗလတ်ကန္တာရမှစ၍ သူတို့နေလေရာအရပ်ရပ်တို့ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့နေထိုင်ရာအရပ်ရပ်ရှိမြို့တို့သည် ဖျက်ဆီးခြင်းခံရမည်။ အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့ရာဖြစ်မည်။ သင်တို့၏ယဇ်ပလ္လင်သည် ဖျက်ဆီးခံရသဖြင့် ပျက်စီးသွားမည်။ ရုပ်တုတို့သည်လည်း ချိုးဖျက်ခံရသဖြင့် ပြိုပျက်သွားမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်သည်လည်း ခုတ်လှဲခံရမည်။ သင်တို့ပြုလုပ်ထားသောအရာတို့သည် သုတ်သင်ပယ်ရှင်းခြင်းခံရမည်။
အချိန်ကျရောက်ပြီ။ နေ့ရက်ရောက်လာလေပြီ။ လူအပေါင်းတို့အား ငါအမျက်ထွက်သည်ဖြစ်၍ ဝယ်သူလည်း ဝမ်းမမြောက်နှင့်၊ ရောင်းသူလည်း မညည်းတွားနှင့်။
လူအပေါင်းတို့ကို ငါအမျက်ထွက်သောကြောင့် တံပိုးမှုတ်၍အဆင်သင့်ပြင်ဆင်ထားသော်လည်း စစ်ချီတက်မည့်သူတစ်ယောက်မျှမရှိ။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
မြို့သည် ဘာမျှမကျန်အောင် ပျက်စီး၍ ဟင်းလင်းပြင်ဖြစ်လေပြီ။ လူတို့သည်လည်း စိတ်ပျက်အားလျော့လျက်၊ ကြောက်ဒူးတုန်လျက်၊ ခါးချည့်လျက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကြလေပြီ။
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
သို့သော် သူတို့ကိုမတွေ့ကြသဖြင့် ယာသုန်နှင့် ညီအစ်ကိုအချို့တို့ကို အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကာ “ကမ္ဘာလောကကိုမွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ၍
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
“ငါသည် သူတို့ကိုကွဲလွင့်စေမည်။ သူတို့၏အမှတ်ရစရာကို လူတို့ကြားမှ ကွယ်ပျောက်စေမည်”ဟု ငါမိန့်ဆို၏။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။