ယေရမိ 50:17 - မြန်မာ့စံမီသမ္မာကျမ်း17 အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခြင်္သေ့များကိုက်သဖြင့် ကွဲလွင့်သွား သည့်သိုးများနှင့်တူကြ၏။ ဦးစွာပထမ အာရှုရိဘုရင်သည်သူတို့အားတိုက်ခိုက်၏။ ထိုနောက်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကသူတို့၏အရိုးများကိုတတိတိကိုက် ဖဲ့လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible17 ဣ သ ရေ လ လူ မျိုး သည်၊ ခြင်္သေ့ ချောက် နှင်၍ ကွဲ လွင့် သော သိုး အုပ် သ ဖွယ် ဖြစ်၏။ ဦး စွာ အာ ရှု ရိ ဘု ရင် ကိုက် စား လျက်၊ နောက် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း အ ရိုး ကိုက် ဝါး ဆဲ ရှိ သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible17 ဣသရေလသည် အရပ်ရပ်သို့လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ယှက်ကြပြီ။ အာရှုရိရှင်ဘုရင်သည် ရှေ့ဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။ အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
ထိုလူမျိုးသည် သင်၏အသီးအနှံ၊ အစားအစာတို့ကို ဝါးမျိုလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏စပျစ်ပင်၊ သင်္ဘောသဖန်းပင်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်ကိုးစားသောသင်၏ခံတပ်မြို့များကိုပါမချန် ဓားလက်နက်ဖြင့်ဖျက်ဆီးလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် တောထဲမှခြင်္သေ့သည် သူတို့ကို တိုက်ခိုက်လိမ့်မည်။ သဲကန္တာရမှဝံပုလွေသည် သူတို့ကိုဖျက်ဆီးလိမ့်မည်။ ကျားသစ်သည် သူတို့၏မြို့များကို ချောင်းမြောင်းလိမ့်မည်။ မြို့ထဲမှထွက်လာသောသူအပေါင်းတို့သည် တစ်စစီကိုက်ဖြတ်ခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူတို့ကျူးလွန်သောအပြစ်သည် များပြား၏။ သူတို့၏ဖောက်ပြန်သွေဖည်မှုသည် မရေမတွက်နိုင်။
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။