Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 7:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 လူ​အပေါင်း​တို့​ကို ငါ​အမျက်ထွက်​သောကြောင့် တံပိုး​မှုတ်​၍​အဆင်သင့်​ပြင်ဆင်​ထား​သော်လည်း စစ်ချီတက်​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 တိုက်​ပွဲ​စ​ရန်​တံ​ပိုး​မှုတ်​ပြီ​ဖြစ်​၍​လူ​အ​ပေါင်း တို့​သည်​အ​သင့်​ပြင်​ကြ​၏။ သို့​ရာ​တွင်​တစ်​ဦး တစ်​ယောက်​မျှ​စစ်​ပွဲ​ထဲ​သို့​မ​ဝင်​ရောက်။ အ​ဘယ် ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော် သည် လူ​တိုင်း​အ​ပေါ်​သို့​သက်​ရောက်​မည်​ဖြစ် သော​ကြောင့်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 တံ ပိုး မှုတ် ခြင်း၊ ရှိ သ မျှ ကို ခင်း ကျင်း ခြင်း ပြု သော် လည်း၊ ပြည် သား အ ပေါင်း တို့ အ ပေါ်၌ အ မျက် တော် တည် သ ဖြင့်၊ စစ် တိုက် ဝံ့ သူ မ ရှိ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ တံ​ပိုး​ကို​မှုတ်​ကြ​သော်​လည်း၊ အ​ဘယ်​သူ​မျှ စစ်​ချီ၍​မ​သွား။ အ​ကြောင်း​မူ​ကား၊ ငါ့​အ​မျက်​သည် ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 7:14
11 ပူးပေါင်းရင်းမြစ်များ  

အဖျက်သမား​တို့​သည် တောကန္တာရ​ရှိ​တောင်ကတုံး​များ​ပေါ်သို့ တက်လာ​ကြ​ပြီ​။ ထာဝရဘုရား​၏​ဓား​တော်​သည် မြေကြီး​စွန်းတစ်ဘက်​မှ အခြား​မြေကြီး​စွန်းတစ်ဘက်​တိုင်အောင် ဝါးမျို​လိမ့်မည်​။ မည်သူမျှ ငြိမ်းချမ်း​စွာ​နေ​ရ​မည်​မ​ဟုတ်​။


ယုဒ​ပြည်​၌ ဟောပြော​လော့​။ ဂျေရုဆလင်​မြို့​ကို ကြားသိ​စေ​လော့​။ ပြည်​တစ်လျှောက်လုံး တံပိုး​မှုတ်​ကြ​လော့​။ ‘စုဝေး​ကြ​စို့​။ ခံတပ်​မြို့​များ​အတွင်း​သို့​ဝင်​ကြ​စို့’​ဟု ကြွေးကြော်​ကြ​လော့​။


ထို​ပြည်​၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ လူမျိုးတကာ​တို့​ကို တံပိုးမှုတ်သံ​ပေး​ကြ​။ ထို​ပြည်​ကို​တိုက်ခိုက်​ရန် လူမျိုးတကာ​တို့​ကို အသင့်ပြင်ဆင်​စေ​ကြ​။ အာရရတ်​၊ မိန္နိ​နှင့် အာရှကေနတ် စသော တိုင်းနိုင်ငံ​တို့​ကို ဆင့်ခေါ်​ကြ​။ စစ်ဦးစီး​ကို​ခန့်ထား​ကြ​။ မြင်း​တို့​ကို ကျိုင်းကောင်​အုပ်​ကဲ့သို့ ချီတက်​စေ​ကြ​။


အို ဗင်္ယာမိန်​အမျိုးသား​တို့​၊ ဂျေရုဆလင်​မြို့​မှ​ထွက်​၍ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ တေကော​ရွာ​၌ တံပိုး​မှုတ်​ကြ​လော့​။ ဗေသက္ကရင်​ရွာ​၌ အချက်ပြ​မီး​ကို မြှောက်ပြ​ကြ​လော့​။ ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​သည် မြောက်ဘက်​အရပ်​မှ ထွက်ပေါ်​လာ​ပြီ​။


သို့ဖြစ်၍ ထာဝရဘုရား​၏​အမျက်ဒေါသ​သည် အကျွန်ုပ်​ထဲ၌​ပြည့်​၍ မထမ်း​နိုင်​လောက်အောင် ပင်ပန်း​လှ​၏​။ “​ထို​အမျက်ဒေါသ​ကို လမ်း​ပေါ်​ရှိ ကလေးသူငယ်​များ​နှင့်တကွ လူငယ်​အစုအဝေး​တို့​အပေါ် သွန်ချ​လော့​။ လင်​မယား​၊ သက်ကြီးရွယ်အို​တို့​သည်​လည်း ဖမ်းဆီး​ခြင်း​ခံရ​လိမ့်မည်​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အမျက်​ဒေါသ​သည် ဤ​အရပ်​နှင့်တကွ လူ​၊ တိရစ္ဆာန်​၊ ကွင်းပြင်​ရှိ​သစ်ပင်​၊ မြေ​အသီးအနှံ​တို့​အပေါ် သွန်ချ​မည်​။ ငါ​၏​ဒေါသ​သည် မ​ငြိမ်း​ဘဲ​တောက်လောင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​လူမျိုး​၏​ဦးချို​ရှိသမျှ​တို့​ကို အမျက်​ပြင်းစွာ​ဖြင့် ဖြတ်ပစ်​တော်မူ​ပြီ​။ လက်ယာ​လက်​တော်​ကို ရန်သူ့​ထံမှ ပြန်ရုပ်သိမ်း​တော်မူ​ပြီ​။ ပတ်ပတ်လည်​လောင်ကျွမ်း​သော​မီးလျှံ​ကဲ့သို့ ယာကုပ်​အမျိုး​ကို လောင်ကျွမ်း​တော်မူ​ပြီ​။


ရန်သူ​ကဲ့သို့ လေး​ကို​တင်​တော်မူ​ပြီ​။ ရန်ဖက်​ကဲ့သို့ လက်ယာ​လက်​တော်​ကို အသင့်ရှိ​စေ​၍ လူ​တို့ တန်ဖိုး​ထား​ရ​သော​သူ​အပေါင်း​တို့​ကို ကွပ်မျက်​တော်မူ​ပြီ​။ ဇိအုန်​သမီးပျို​၏​တဲ​အပေါ်​၌ မီး​ကဲ့သို့သော​အမျက်​တော်​ကို သွန်ချ​တော်မူ​ပြီ​။


သင်​တို့​၏​ပြည်​၌ သင်​တို့​ကို ရန်ဖက်ပြု​သော​ရန်သူ​တို့​ကို တိုက်ခိုက်​ရန် ချီတက်​သွား​သောအခါ တံပိုးခရာ​ကို​တပ်လှန့်​အချက်ပေးသံ​အဖြစ် မှုတ်​ရ​မည်​။ ထိုအခါ သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သင်​တို့​ကို​အောက်မေ့​တော်မူ​၍ ရန်သူ့​လက်​မှ သင်​တို့​ကို ကယ်တင်​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ