လုကာ 21:24 - မြန်မာ့စံမီသမ္မာကျမ်း24 သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible24 အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible24 ထို သူ တို့ သည် ဓား ဘေး ဖြင့် ကျ ဆုံး ခြင်း၊ လူ မျိုး ခြား တို့ ထံ သိမ်း သွား ခြင်း ခံ ရ သည့် အ လျောက် လူ မျိုး ခြား တို့ ခေတ် မ ကုန် မ ချင်း ယေ ရု ရှ လင် မြို့ ကို ကျော် နင်း ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible24 သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းသွားကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 သူတို့သည် ဓားဘေးကြောင့် ကျဆုံး၍ နိုင်ငံအသီးသီးသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဂျေရုဆလင်မြို့သည် လူမျိုးခြားတို့ ကြီးစိုးသည့်ခေတ်ကာလ မကုန်ဆုံးမီအထိ ထိုသူတို့၏နင်းခြေခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ24 သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းသွားကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကို ငါကြားရ၏။ စကားပြောနေသော ထိုသန့်ရှင်းသူတစ်ပါးကို အခြားသန့်ရှင်းသူတစ်ပါးက “ဗျာဒိတ်နိမိတ်ထဲတွင် နေ့စဉ်ပူဇော်သက္ကာ၊ လူဆိတ်ညံရာဖြစ်စေသောအပြစ်၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့ကို နင်းချေအပ်နှံခြင်းတို့နှင့်ဆိုင်သောအဖြစ်အပျက်သည် မည်မျှကြာကြာဖြစ်မည်နည်း”ဟု မေးမြန်းပြောဆိုသည်ကို ငါကြားရ၏။
ထိုမင်းသည်လည်း တစ်သီတင်းအတွက် လူအများတို့နှင့်အခိုင်အမာပဋိညာဉ်ဖွဲ့လိမ့်မည်။ သို့သော် သီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ရပ်စဲစေလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းခံရမည်ဟူသော စီရင်သတ်မှတ်ချက်သည် ဖျက်ဆီးသောသူအပေါ် ကျရောက်မည်။ ထိုအချိန်တိုင်အောင် ထိုဖျက်ဆီးသောသူသည် ရွံရှာဖွယ်ရာများ၏တောင်ပံပေါ်တွင် တည်နေလိမ့်မည်”ဟု ဆို၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။