ယေရမိ 9:16 - မြန်မာ့စံမီသမ္မာကျမ်း16 သူတို့နှင့်သူတို့၏ဘိုးဘေးများမသိဖူးသော လူမျိုးခြားတို့တွင် သူတို့ကို ကွဲလွင့်စေမည်။ သူတို့လုံးဝပျက်စီးသွားသည့်တိုင်အောင် ဓားဘေးသင့်စေမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ငါသည်သူတို့နှင့်သူတို့ဘိုးဘေးများပင် မကြားဘူးသည့်လူမျိုးများအထဲတွင် သူ တို့အားပျံ့လွင့်သွားစေမည်။ ထိုနောက်သူတို့ အားလုံးဝပျက်စီးသည့်တိုင်အောင် တိုက်ခိုက် ရန်စစ်တပ်များကိုငါစေလွှတ်မည်'' ဟုမိန့် တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ဘိုး ဘေး တို့ မှ စ၍ ကိုယ် တိုင် မ သိ ဘူး သော လူ မျိုး ခြား တို့ တွင်၊ ကွဲ လွင့် စေ သည့် ပြင်၊ ကုန် ခန်း သည့် တိုင် အောင်၊ ဓား ဘေး သင့် စေ မည် ဟူ ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible16 သူတို့မသိ၊ ဘိုးဘေးမသိဖူးသောလူမျိုးတို့တွင် အရပ်ရပ်၌ကွဲပြားစေမည်။ ရှင်းရှင်းမဖျက်ဆီးမီတိုင်အောင်၊ သူတို့နောက်သို့ ဓားဘေးကို စေလွှတ်မည်။ အခန်းကိုကြည့်ပါ။ |
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “လမ်းဆုံလမ်းခွ၌ ငိုကြွေးကြလိမ့်မည်။ လူစည်ကားရာနေရာရှိသမျှ၌ ‘အလိုလေး၊ အလိုလေး’ဟု အော်ဟစ်ကြလိမ့်မည်။ ငိုကြွေးမြည်တမ်းရန် လယ်သမားတို့ကို ခေါ်ကြလိမ့်မည်။ ငိုချင်းချရန် ငိုချင်းသည်တို့ကို ခေါ်ကြလိမ့်မည်။
ထိုနေ့ရက်၌ လူတို့က သင်တို့ကို ပုံခိုင်း၍ ‘ငါတို့ လုံးလုံးပျက်စီးကြရပြီ။ ကိုယ်တော်သည် ငါ့လူမျိုးတို့၏အမွေမြေကို သူတစ်ပါးအား လွှဲပြောင်းပေးပြီ။ ငါ့ထံမှလည်း ရုပ်သိမ်းလိုက်ပြီ။ ငါတို့၏လယ်ယာကိုလည်း ရန်သူအား ပေးလိုက်လေပြီ’ဟူ၍ ခါးသီးစွာငိုကြွေးမြည်တမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။