တရားဟော 28:64 - မြန်မာ့စံမီသမ္မာကျမ်း64 ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible64 ``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible64 မြေ ကြီး တစ် စွန်း မှ တစ် စွန်း တိုင် အောင် လူ အ မျိုး မျိုး တို့ တွင် ကွဲ လွင့် စေ တော် မူ သည့် အ လျောက်၊ ဘိုး ဘေး မှ စ၍ သင် တို့ ကိုယ် တိုင် မ သိ ဘူး သော၊ ကျောက် သစ် သား ဖြင့် လုပ် ပြီး အ ခြား ဘု ရား များ ကို ဝတ် ပြု ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible64 ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတစ်ဖက်မှသည် တစ်ဖက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့် သင့်ဘိုးဘေးတို့မသိဖူးသော အခြားတစ်ပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။