၄ ရာ 21:13 - မြန်မာ့စံမီသမ္မာကျမ်း13 ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။ အခန်းကိုကြည့်ပါ။Common Language Bible13 ရှမာရိမြို့နှင့် ဣသရေလဘုရင်အာဟပ်နှင့် သားမြေးတို့ကိုဒဏ်ခတ်သကဲ့သို့ ယေရုရှလင် မြို့ကိုငါဒဏ်ခတ်မည်။ စင်အောင်သုတ်၍မှောက် ထားသည့်ပန်းကန်သဖွယ် ယေရုရှလင်မြို့တွင် လူတစ်ဦးတစ်ယောက်မျှမကျန်အောင်သုတ် သင်ရှင်းလင်းမည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ရှ မာ ရိ မြို့ ဆိုင် ရာ တာ ကြိုး၊ အာ ဟပ် မင်း မျိုး ဆိုင် ရာ ချိန် သီး ဖြင့် ယေ ရု ရှ လင် မြို့ ကို သတ် မှတ် ပြီး လျှင် ပု ကန် သုတ်၍ မှောက် ထား တတ် သည့် နည်း တူ၊ ယေ ရု ရှ လင် မြို့ ကို ငါ သုတ် သင် မည်။ အခန်းကိုကြည့်ပါ။Judson Bible13 ယေရုရှလင်မြို့အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ချိန်ကြိုးကို ငါတန်းချမည်။ ပန်းကန်ကိုသုတ်၍ သုတ်ပြီးမှမှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။ အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။