သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ဟေရှာယ 11:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။ Common Language Bible ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။- Garrad Bible ထို ကာ လ၌ လည်း၊ ထာ ဝ ရ ဘု ရား သည် အာ ရှု ရိ၊ အိ ဂျစ်၊ ပါ သ ရု၊ ကု ရှ၊ ဧ လံ၊ ရှိ နာ၊ ဟာ မတ် ပြည် များ နှင့် သမု ဒ္ဒရာ ကမ်း ခြေ တစ်လျှောက် မှ၊ ကျန် ကြွင်း သော လူ မျိုး တော် ကို အ ပိုင် သိမ်း ရန် ဒု တိ ယ အ ကြိမ် လက် ဆန့် တော် မူ၍ Judson Bible ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကိုဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့ကို အာရှုရိပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်၊ ပင်လယ်တစ်ဖက်၌ ရှိသောပြည်များတို့မှကယ်ယူခြင်းငှာ တစ်ဖန် ပြုတော်မူလိမ့်မည်။ |
သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
လူတို့သည် အရှေ့အရပ်မှရွှေ့ပြောင်း၍ ရှိနာပြည်၌ လွင်ပြင်ကိုတွေ့သဖြင့် ထိုနေရာ၌ အခြေချကြ၏။
ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီး၊ ဧလံဘုရင်ခေဒေါရလောမာမင်းကြီးနှင့် ဂေါအိမ်ဘုရင်တိဒလမင်းကြီးတို့အုပ်စိုးသောကာလ၌
ဒုတိယမြစ်၏အမည်ကား ဂိဟုန်ဖြစ်၏။ ထိုမြစ်သည် ကုရှပြည်တစ်လျှောက် ကွေ့ပတ်စီးဆင်းလေ၏။
အဆီးရီးယားဘုရင်သည် ဘေဘီလုံမြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့၊ သေဖရဝိမ်မြို့တို့မှ လူတို့ကို ခေါ်လာပြီး အစ္စရေးအမျိုးသားတို့နေရာ ရှမာရိမြို့ရွာများတွင် နေထိုင်စေ၏။ ဤသို့ဖြင့် ထိုသူတို့သည် ရှမာရိမြို့ကို အပိုင်စီးထားပြီး ရှမာရိမြို့ရွာတို့တွင် နေထိုင်ကြလေ၏။
ထို့နောက် အာရွှေရုမင်းကြီးသည် ပြည်တော်တစ်ခွင် ပင်လယ်ကမ်းရိုးတန်းဒေသများပါမကျန် အခွန်စည်းကြပ်လေ၏။
ဘုရားရှင်က “ငါသည် သူတို့ကို ဗာရှန်ပြည်မှ ပြန်ခေါ်လာမည်။ ပင်လယ်၏ရေနက်ရာအရပ်မှ ပြန်ခေါ်လာမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
ထိုနေ့ရက်တွင် ကြွင်းကျန်သောအစ္စရေးလူမျိုးနှင့် အသက်ဘေးလွတ်သောယာကုပ်အမျိုးအနွယ်တို့သည် မိမိတို့အား ရိုက်နှက်သောသူကို နောက်တစ်ဖန်မကိုးစားတော့ဘဲ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို အမှန်ပင်ကိုးစားကြလိမ့်မည်။
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာသောနေ့၌ သူတို့အတွက် လမ်းမကြီးဖြစ်ခဲ့သကဲ့သို့ အဆီးရီးယားပြည်မှ အသက်ရှင်ကျန်ရစ်သောလူမျိုးတော်အတွက် လမ်းမကြီးဖြစ်လိမ့်မည်။
ထာဝရဘုရားသည် အီဂျစ်ပြည်သားတို့အား မိမိကိုသိစေတော်မူသဖြင့် ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် ထာဝရဘုရားကိုသိလာကြပြီး ယဇ်နှင့်ပူဇော်သက္ကာတို့ဖြင့် ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားအား ကတိသစ္စာပြု၍ ပြည့်စုံစေကြလိမ့်မည်။
ထာဝရဘုရားသည် အီဂျစ်ပြည်ကိုဒဏ်ခတ်တော်မူမည်။ ဒဏ်ခတ်ပြီးမှ ဒဏ်ရာကိုပျောက်ကင်းစေတော်မူမည်။ သူတို့သည် ထာဝရဘုရားထံ ပြန်လာကြမည်။ ကိုယ်တော်သည် သူတို့၏ဆုတောင်းသံကို နားညောင်း၍ သူတို့ဒဏ်ရာကို ပျောက်ကင်းစေတော်မူမည်။
“သစ္စာမဲ့သောသူသည် သစ္စာမဲ့လျက်နေ၏။ ဖျက်ဆီးသောသူသည်လည်း ဖျက်ဆီးလျက်နေ၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ ဝိုင်းထားကြလော့။ ညည်းတွားခြင်းရှိသမျှကို ငါအဆုံးသတ်စေမည်”ဟူသော ကြောက်မက်ဖွယ်နိမိတ်ကို ငါအားဖော်ပြတော်မူ၏။
ဧလံအမျိုးသည် မြားကျည်တောက်ကိုယူ၍ မြင်းရထားစီးသူရဲနှင့်တကွ လာ၏။ ကိရပြည်သားသည်လည်း ဒိုင်းလွှားကို ထုတ်၏။
ထို့ကြောင့် အရှေ့အရပ်၌လည်း ထာဝရဘုရားကို ဂုဏ်ပြုချီးမွမ်းကြလော့။ ပင်လယ်ကမ်းရိုးတန်းဒေသတို့၌လည်း အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ဂုဏ်ပြုချီးမွမ်းကြလော့။
အသက်ဘေးမှလွတ်မြောက်၍ ကြွင်းကျန်သောယုဒအမျိုးအနွယ်သည် အောက်ဘက်တွင် ပြန်၍အမြစ်စွဲမည်။ အပေါ်ဘက်တွင် ပြန်၍အသီးသီးမည်။
ပင်လယ်တွင်သွားလာသောသူတို့မှစ၍ ပင်လယ်ထဲရှိရှိသမျှ၊ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ထိုအရပ်တို့၌နေထိုင်သောသူရှိရှိသမျှတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကိုသီဆိုကြလော့။ မြေကြီးစွန်းမှ ချီးမွမ်းကြလော့။
သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကိုချီးမွမ်းကြပါစေ။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ကမ်းရိုးတန်းဒေသတို့၌ ပြောကြားကြပါစေ။
သူသည် အားမလျော့၊ စိတ်မပျက်ဘဲ မြေကြီးပေါ်တွင် တရားမျှတမှုကို တည်စေမည်။ ကမ်းရိုးတန်းဒေသများသည် သူ၏တရားတော်ကို မျှော်လင့်စောင့်စားကြလိမ့်မည်။
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ သူတို့သည် ရပ်ဝေးမှလာကြလိမ့်မည်။ မြောက်အရပ်၊ အနောက်အရပ်မှလည်းကောင်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
အို လူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရှိ ကမ်းရိုးတန်းဒေသတို့တွင် ကြွေးကြော်ကြလော့။ “အစ္စရေးလူမျိုးကို ကွဲလွင့်စေသောအရှင်သည် အစ္စရေးလူမျိုးကို ပြန်စုသိမ်းမည်။ သိုးထိန်းသည် မိမိ၏သိုးစုကိုစောင့်ထိန်းသကဲ့သို့ သူတို့ကို စောင့်ထိန်းတော်မူမည်”ဟု ပြောကြားကြလော့။
အီဂျစ်ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ မင်ဖစ်မြို့၊ ပါသရုမြို့တို့၌ နေထိုင်သော ဂျူးလူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
လှော်တက်ကို ဗာရှန်တောင်မှလာသောဝက်သစ်ချသားနှင့် လုပ်ထား၏။ ကုန်းပတ်ကို ဆိုက်ပရပ်ကျွန်းမှလာသောထင်းရှူးသားဖြင့်လုပ်၍ ဆင်စွယ်ဖြင့် မွမ်းမံ၏။
ဖမ်းခေါ်သွားခြင်းခံရသော အီဂျစ်ပြည်သားတို့ကို ပြန်ခေါ်လာ၍ သူတို့ဇာတိမြေ ပါသရုပြည်သို့ပြန်လာစေမည်။ ထိုပြည်ကို သိမ်ငယ်သောပြည်ဖြစ်စေမည်။
ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
ထို့နောက် သူသည် ကမ်းရိုးတန်းဒေသများဘက်သို့လှည့်၍ နယ်မြေများစွာကို သိမ်းယူနိုင်လိမ့်မည်။ သို့သော် အကြီးအမှူးတစ်ဦးသည် မောက်မာစော်ကားသောသူ့ကို ချိုးနှိမ်ပစ်လိမ့်မည်။ ထိုမောက်မာစော်ကားမှုကို သူပြန်ခံရစေမည်။
ထိုဗျာဒိတ်နိမိတ်ကိုမြင်ရစဉ် ငါသည် ဧလံပြည် ရှုရှန်နန်းတော်တွင် ရှိနေ၏။ ထိုဗျာဒိတ်နိမိတ်ထဲတွင် ငါသည် ဥလဲမြစ်နားသို့ ရောက်နေ၏။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ဟိန်းတော်မူမည်။ ဟိန်းတော်မူသောအခါ ကိုယ်တော်၏သားသမီးတို့သည် အနောက်အရပ်မှကြောက်ရွံ့တုန်လှုပ်လျက် ထွက်လာကြမည်။
သူတို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ငှက်ကဲ့သို့ အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့ အဆီးရီးယားပြည်မှလည်းကောင်း ထွက်လာကြလိမ့်မည်။ ငါသည် သူတို့ကို နေရင်းပြည်၌ နေရာချထားပေးမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။
ထိုနေ့ရက်၌ လူတို့သည် အဆီးရီးယားပြည်မှစ၍ အီဂျစ်မြို့ရွာများ၊ အီဂျစ်ပြည်မှစ၍ ယူဖရေးတီးမြစ်တိုင်အောင် ပင်လယ်အရပ်ရပ်၊ တောင်တန်းအသွယ်သွယ်တို့မှ သင့်ထံသို့ လာကြလိမ့်မည်။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
သူက “ရှိနာပြည်သို့ ချီဆောင်သွား၏။ ထိုပြည်တွင် ဧဖာအဖို့ အိမ်ဆောက်မည်။ အဆင်သင့်ပြင်ဆင်ပြီးသောအခါ ဧဖာကို ထိုနေရာတွင်ထားမည်”ဟု ပြန်ဖြေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ နေထွက်ရာအရပ်၊ နေဝင်ရာအရပ်တို့မှ ငါ့လူမျိုးတော်တို့ကို ငါကယ်နုတ်မည်။
ထိုမြို့နှင့်နယ်နိမိတ်ထိစပ်သောဟာမတ်မြို့အပေါ်သို့လည်း သက်ရောက်၏။ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့သည် အလွန်ဉာဏ်ပညာရှိသောကြောင့် ထိုမြို့တို့အပေါ်သို့ သက်ရောက်လေ၏။
အကြောင်းမူကား သူတို့ပစ်ပယ်ခံရခြင်းသည် လောကီသားတို့အတွက် ပြန်လည်သင့်မြတ်ခြင်းအခွင့်ဖြစ်လျှင် သူတို့ကို ပြန်၍လက်ခံခြင်းသည် သေလွန်သောသူတို့အသက်ပြန်ရှင်ခြင်းဖြစ်လိမ့်မည်မဟုတ်လော။
ဤသို့ဖြင့် အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်ခြင်းခံရမည်ဟူ၍ဖြစ်၏။ “ကယ်နုတ်သောအရှင်သည် ဇိအုန်မှကြွလာပြီး ယာကုပ်၏အမျိုးအနွယ်ထဲမှ ဘုရားတရားမဲ့ခြင်းများကို ဖယ်ရှားတော်မူလိမ့်မည်။
သို့သော် သခင်ဘုရားထံသို့ ပြန်လှည့်လာသောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းခံရ၏။
အကယ်စင်စစ် ဤသူတို့သည် ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်၊ ကိုယ်တော်၏ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည့် ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏အမွေတော်ဖြစ်ကြပါ၏’ဟု ဆုတောင်းလေ၏။