ဇေဖနိ 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible11 ထာဝရဘုရားသည်သူတို့အားထိတ်လန့် တုန်လှုပ်စေတော်မူလိမ့်မည်။ ကိုယ်တော်သည် လောကီဘုရားများကိုဆိတ်သုဉ်းစေတော် မူမည်ဖြစ်၍လူမျိုးတကာတို့သည် မိမိ တို့ပြည်အသီးသီးတွင်ကိုယ်တော်ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible11 လော က ဘု ရား ဟူ သ မျှ ကို ပိန် ကြုံ စေ မည့် ငါ ထာ ဝ ရ ဘု ရား သည်၊ ထို လူ မျိုး တို့ အား ကြောက် ရွံ့ ဖွယ် အ ဖြစ် ထင် ရှား လျက်၊ ကျွန်း ကြီး ကျွန်း ငယ် ရှိ လူ မျိုး ခြား အ ပေါင်း တို့ သည်၊ နေ ရင်း အ ရပ် မှ ပင်၊ ငါ့ ကို ရှိ ခိုး ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထာဝရဘုရားသည် သူတို့တစ်ဖက်၌ ကြောက်မက်ဖွယ်ဖြစ်၍၊ လောကီဘုရား ရှိသမျှတို့ကို အငတ်ထားတော်မူလိမ့်မည်။ တစ်ပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။