Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 11:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ငှက်​ကဲ့သို့ အီဂျစ်​ပြည်​မှ​လည်းကောင်း​၊ ချိုးငှက်​ကဲ့သို့ အဆီးရီးယား​ပြည်​မှ​လည်းကောင်း ထွက်လာ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို နေရင်းပြည်​၌ နေရာချ​ထား​ပေး​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငှက်​များ​ကဲ့​သို့​အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ငှက်​ကဲ့​သို့​အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း လျင်​မြန်​စွာ​ပျံ​လာ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​တစ်​ဖန်​ခေါ် ဆောင်​လာ​မည်။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အိ ဂျစ် ပြည် မှ ငှက် ကဲ့ သို့ လည်း ကောင်း၊ အာ ရှု ရိ ပြည် မှ ချိုး ကဲ့ သို့ လည်း ကောင်း၊ အ လန့် တ ကြား ထွက် လာ ကြ ပြီး လျှင်၊ နေ ရင်း အိမ် များ တွင် ငါ နေ စေ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 စာ​ငှက်​ကဲ့​သို့ အဲ​ဂု​တ္တု​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ကဲ့​သို့ အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း အ​လျင်​အ​မြန် ပြေး​ကြ၍၊ သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​နေ​ရာ​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 11:11
17 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့ရက်​၌ ဘုရားရှင်​သည် အဆီးရီးယား​ပြည်​၊ အီဂျစ်​ပြည်​၊ ပါသရု​ပြည်​၊ အီသီယိုးပီးယား​ပြည်​၊ ဧလံ​ပြည်​၊ ရှိနာ​ပြည်​၊ ဟာမတ်​ပြည်​နှင့် ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​မှ ကြွင်းကျန်​နေ​သော မိမိ​၏​လူမျိုး​တော်​တို့​ကို ပြန်သိမ်းယူ​ရန် ဒုတိယအကြိမ် လက်​ကို​ဆန့်​တော်မူ​မည်​။


တိမ်တိုက်​ကဲ့သို့​လည်းကောင်း​၊ အသိုက်​ရှိ​ရာ​သို့​ပျံသန်း​လာ​သော​ချိုးငှက်​ကဲ့သို့​လည်းကောင်း ပျံသန်း​လာ​ကြ​သည့် ဤ​သူ​တို့​သည် မည်သူ​တို့​နည်း​။


သူ​တို့​သည် ဇိအုန်​တောင်ထိပ်​သို့​လာ​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လိမ့်မည်​။ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ သိုးသငယ်​၊ နွားသငယ် စသည်​တို့​ဖြင့် ထာဝရဘုရား​၏​ကောင်းမြတ်​ခြင်း​ကြောင့် ဝမ်းမြောက်​ကြ​လိမ့်မည်​။ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရေဝ​သော​ဥယျာဉ်​ကဲ့သို့​ဖြစ်​မည်​။ ဝမ်းနည်းပူဆွေး​ရ​တော့​မည်​မ​ဟုတ်​။


တော​ထဲရှိ​အပင်​တို့​သည် အသီး​သီး​လိမ့်မည်​။ မြေကြီး​သည် အသီးအနှံ​ကို ဖြစ်ထွန်း​စေ​မည်​။ သူ​တို့​သည် နေရင်းပြည်​တွင် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ သူ​တို့​ထမ်း​ထား​ရ​သော​ထမ်းပိုး​ကို​ချိုး​၍ သူ​တို့​အား​ကျွန်ပြု​သော​သူ​တို့​လက်​မှ သူ​တို့​ကို ကယ်နုတ်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။


သူ​တို့​သည် လူမျိုးတကာ​တို့​၏​သားကောင် ဖြစ်​တော့​မည်​မ​ဟုတ်​။ ထို​ပြည်​ရှိ​သားရဲတိရစ္ဆာန်​တို့​လည်း သူ​တို့​ကို ကိုက်စား​ကြ​တော့​မည်​မ​ဟုတ်​။ ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ သူ​တို့​ကို​ခြိမ်းခြောက်​မည့်​သူ ရှိ​တော့​မည်​မ​ဟုတ်​။


သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​တို့​ရောက်​ရာ​လူမျိုးခြား​တို့​အလယ်​မှ ပြန်ခေါ်​လာ​မည်​။ သူ​တို့​ရောက်​ရာ​အရပ်ရပ်​မှ သူ​တို့​ကို​စုစည်း​ပြီး နေရင်းပြည်​သို့ ပြန်ပို့ဆောင်​မည်​။


ငါ​၏​အစေအပါး​ယာကုပ်​အား ငါ​ပေး​၍ ဘိုးဘေး​တို့​နေထိုင်​ခဲ့​ဖူး​သော​ပြည်​၌ နေထိုင်​ကြ​ရ​လိမ့်မည်​။ သူ​တို့​နှင့် သူ​တို့​၏​သားသမီး​မြေးမြစ်​တို့​သည် ထို​ပြည်​တွင် အစဉ်အမြဲ​နေထိုင်​ကြ​ရ​၍ ငါ​၏​အစေအပါး​ဒါဝိဒ်​သည် သူ​တို့​ကို အစဉ်​အုပ်စိုး​မည်​။


ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။


ဧဖရိမ်​သည် အသိစိတ်​မ​ရှိ​။ ယုံလွယ်​သော​ချိုးငှက်​နှင့်​တူ​၏​။ အီဂျစ်​ပြည်​ကို အကူအညီ​တောင်း​၍ အဆီးရီးယား​ပြည်​သို့​လည်း ပြေးသွား​တတ်​၏​။


သို့သော် ဇိအုန်​တောင်​ပေါ်တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​လိမ့်မည်​။ ထို​တောင်​သည် သန့်ရှင်း​ရာ​တောင်​ဖြစ်​၍ ယာကုပ်​အမျိုးအနွယ်​တို့​သည် အမွေ​အဖြစ် ပိုင်ဆိုင်​ရ​လိမ့်မည်​။


ငါ​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ ပြန်ခေါ်​လာ​မည်​။ အဆီးရီးယား​ပြည်​မှ ပြန်လည်​စုသိမ်း​မည်​။ ဂိလဒ်​ပြည်​၊ လက်ဘနွန်​တောင်​သို့ ခေါ်ဆောင်​လာ​မည်​။ သူ​တို့​နေစရာ​အဖို့ နေရာလပ်​မ​ကျန်​အောင် ဖြစ်​လိမ့်မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ နေထွက်​ရာ​အရပ်​၊ နေဝင်​ရာ​အရပ်​တို့​မှ ငါ့​လူမျိုး​တော်​တို့​ကို ငါ​ကယ်နုတ်​မည်​။


သူ​တို့​ကို ပြန်ခေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင် နေထိုင်​စေ​ပြီး သူ​တို့​သည် ငါ​၏​လူမျိုး​တော် ဖြစ်​လိမ့်မည်​။ ငါ​သည်​လည်း သူ​တို့​အဖို့ သစ္စာစောင့်​သော​၊ ဖြောင့်မတ်​သော​ဘုရားသခင် ဖြစ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ