မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ဟောရှေ 4:1 - မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။ Common Language Bible ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏မိန့်တော်မူချက်ကိုနားထောင်ကြလော့။ ဤ တိုင်းပြည်တွင်နေထိုင်သူတို့အားထာဝရ ဘုရားစွပ်စွဲတော်မူချက်ရှိပေ၏။ ကိုယ်တော် က``ဤတိုင်းပြည်တွင်သစ္စာတရားမေတ္တာ တရားဟူ၍မရှိ။ ငါသည်ဘုရားဖြစ်သည် ဟုပြည်သူတို့ကအသိအမှတ်မပြုကြ။- Garrad Bible အို ဣ သ ရေ လ အ မျိုး သား တို့၊ ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ ပြည် တော် သည် သ စ္စာ စောင့် ခြင်း၊ သ နား ခြင်း၊ ဘု ရား သ ခင် ကို သိ ကျွမ်း ခြင်း များ နှင့် ကင်း သော ကြောင့်၊ ငါ ထာ ဝ ရ ဘု ရား လည်း၊ ပြည် သူ ပြည် သား တို့ နှင့် ဘက် ပြိုင် ရန် အ ကြောင်း ရှိ ပြီ။ Judson Bible အို ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မှုရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။ |
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
သင့်အထဲ၌ အခြားသောဘုရားမရှိရ။ တိုင်းတစ်ပါးသား၏ဘုရားကိုလည်း သင်မရှိခိုးမကိုးကွယ်ရ။
သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ဤလူမျိုးကိုအုပ်စိုးသော ဂျေရုဆလင်မြို့ရှိ ပြက်ရယ်ပြုတတ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
အို တိုင်းနိုင်ငံတို့၊ ချဉ်းကပ်၍ နားထောင်ကြလော့။ အို လူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီးပေါ်ရှိသမျှတို့ ကြားကြပါစေ။ ကမ္ဘာလောကနှင့် ကမ္ဘာလောကထဲ၌ ရှိသမျှတို့ကြားကြပါစေ။
ထာဝရဘုရား၌ လက်စားချေရာနေ့၊ ဇိအုန်မြို့ကို ရန်ပြုသောသူကို ဒဏ်ပေးသောနှစ် ရှိ၏။
ယခုမှာ အို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ခြံအမှုကို တရားစီရင်ပေးကြလော့။
တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
ငြိမ်းချမ်းရာလမ်းကို သူတို့မသိကြ။ သူတို့လျှောက်ရာလမ်း၌ တရားမျှတမှုမရှိ။ မိမိတို့သွားရာလမ်းကို ကွေ့ကောက်စေကြ၏။ ကွေ့ကောက်သောလမ်းကိုလျှောက်သောသူအပေါင်းတို့သည် ငြိမ်းချမ်းခြင်းဆိုသည်ကို မသိကြ။
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသည် သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့စကားကိုနားထောင်ကြလော့ဟု သူတို့အား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း
‘အို ယုဒဘုရင်နှင့် ဂျေရုဆလင်မြို့သားတို့၊ ထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် ဤအရပ်၌ဘေးအန္တရာယ် ကျရောက်စေမည်။ ကြားရသူတိုင်း နားခါးလိမ့်မည်။
အို ယာကုပ်အမျိုးအနွယ်တို့၊ အစ္စရေးမျိုးနွယ်စုအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
ထို့ကြောင့် ငါသည် သင်တို့ကို စွဲချက်တင်မည်။ သင်တို့၏သားမြေးတို့ကိုလည်း စွဲချက်တင်မည်”ဟု မိန့်တော်မူ၏။
ဆူညံပွက်လောရိုက်သောအသံသည် မြေကြီးစွန်းအထိ ပဲ့တင်ထပ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို စွဲချက်တင်တော်မူမည်။ သတ္တဝါအားလုံးကို တရားစီရင်တော်မူမည်။ ဆိုးယုတ်သောသူတို့ကို ဓားလက်သို့ အပ်တော်မူမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
အို ယုဒဘုရင်ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ ထာဝရဘုရားက ‘သင်သည် ဓားဖြင့်သေရမည်မဟုတ်။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။
ထို့ကြောင့် ငါက “သူတို့သည် မိုက်မဲသောဆင်းရဲသားများသာဖြစ်ကြ၏။ သူတို့သည် ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏တရားစီရင်ခြင်းကို မသိကြ။
အကြောင်းမူကား အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကို သူတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စွန့်ပစ်တော်မမူ။ ခါလဒဲပြည်ကား သန့်ရှင်းသောအရှင်ကို ပြစ်မှားသောအပြစ်နှင့်ပြည့်နှက်၏။
“အဘယ်ကြောင့်ဆိုသော် အငယ်ဆုံးမှစ၍ အကြီးဆုံးတိုင်အောင် ထိုသူအပေါင်းတို့သည် မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
သင်က သူတို့အား ‘ဤလူမျိုးသည် သူတို့၏ဘုရားသခင် ထာဝရဘုရား၏စကားကို နားမထောင်ကြ။ ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သစ္စာပျက်သောလူမျိုး၊ ဟုတ်မှန်ရာကိုမပြောသောလူမျိုးဖြစ်လေပြီ။
အို မိန်းမတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို နားစွင့်ကြလော့။ သင်တို့၏သမီးပျိုတို့အား မြည်တမ်းခြင်းကို သင်ကြားပေးကြလော့။ မိန်းမအချင်းချင်း ငိုချင်းကို သင်ကြားပေးကြလော့။
“သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကိုသန့်အောင်စစ်ထုတ်မည်၊ စစ်ဆေးမည်။ ငါ့လူမျိုးသမီးပျိုအတွက် ငါမည်သို့ပြုနိုင်ဦးမည်နည်း။
ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။
ယာကုပ်သည် အမိဝမ်းထဲ၌ အစ်ကို၏ဖနောင့်ကို ကိုင်ဆွဲထားခဲ့၏။ သူသည် မိမိခွန်အားဖြင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်ခဲ့၏။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
သူတို့၏လုပ်ရပ်များက သူတို့အား ဘုရားသခင်ထံသို့ ပြန်လာရန် အခွင့်မပေး။ သူတို့၌ ပြည့်တန်ဆာလုပ်လိုစိတ်ရှိသောကြောင့် ထာဝရဘုရားကိုလည်း မသိကြတော့ပေ။
သက်ကြီးဝါကြီးတို့၊ နားထောင်ကြလော့။ ပြည်သူပြည်သားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သင်တို့ခေတ်တွင် ဤသို့ဖြစ်ပျက်ဖူးသလော။ သင်တို့ဘိုးဘေးတို့ခေတ်တွင် ဤသို့ဖြစ်ပျက်ဖူးသလော။
အစ္စရေးအမျိုးသားတို့၊ သင်တို့နှင့် သင်တို့မျိုးနွယ်စုအပေါင်းတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သောထာဝရဘုရားက သင်တို့အား ဆန့်ကျင်၍ မိန့်တော်မူသောစကားကို နားထောင်ကြလော့။
ထို့ကြောင့် ယခု ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ သင်က ‘အစ္စရေးလူမျိုးကို ဆန့်ကျင်၍ ပရောဖက်မပြုနှင့်၊ ဣဇက်အမျိုးအနွယ်ကို ဆန့်ကျင်၍ မဟောပြောနှင့်’ဟု ဆို၏။
အို တောင်များတို့၊ အို ခိုင်ခံ့သောမြေကြီးအုတ်မြစ်တို့၊ ထာဝရဘုရား၏စွဲချက်ကိုနားထောင်ကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို စွဲချက်တင်တော်မူပြီ။ အစ္စရေးလူမျိုးနှင့် အချေအတင်ပြောဆိုတော်မူမည်။
သူ့ကိုမသိကြ။ ငါမူကား သိ၏။ ထိုအရှင်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့လိမ်လည်သောသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ထိုအရှင်ကိုသိ၍ သူ၏စကားကိုလိုက်နာစောင့်ထိန်း၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအပေါ် ဒုတိယသေခြင်းနှင့်ဆိုင်သောဘေးအန္တရာယ်သည် မည်သည့်အခါမျှ သင့်ရောက်လိမ့်မည်မဟုတ်။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။