Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 အမြင်​မှန်​ရ​ကြ​လော့။ အပြစ်​ကို​မ​ပြု​ကြ​နှင့်။ အကြောင်းမူကား အချို့​သော​သူ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ အသိဉာဏ်​ကင်းမဲ့​ကြ​၏။ သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့​ငါ​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 အ​မြင်​မှန်​ရ​ကြ​လော့။ ဆက်​လက်​၍​အ​ပြစ် မ​ကူး​ကြ​နှင့်။ သင်​တို့​တွင်​အ​ချို့​သော​သူ​တို့ သည်​ဘု​ရား​သ​ခင်​ကို​မ​သိ​ကြ။ ဤ​သို့​ငါ ဆို​ရာ​၌​သင်​တို့​အ​ရှက်​ရ​စေ​ရန်​အ​တွက် ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ပြစ် မှား လျက် မ နေ ဘဲ ဖြောင့် မတ် စွာ နိုး ကြား ကြ လော့။ အ ချို့ တို့ သည် ဘု ရား သ ခင် နှင့် အ ကျွမ်း အ ဝင် ကင်း ကြ လေ စွ။ ဤ သို့ ဆို သည် ကား သင် တို့ ရှက် စေ ရန် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 တ​ရား​သ​ဖြင့် နိုး​ကြ​လော့။ ဒု​စ​ရိုက်​ကို​မ​ပြု​ကြ​နှင့်။ အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ထို​သို့​ဆို​သော်၊ သင်​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ ငါ​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 အမြင်မှန်​ရကြလော့။ ဆက်​၍ အပြစ်​မပြုနှင့်။ သင်တို့​ထဲမှ တချို့​သည် ဘုရားသခင်​ကို လုံးဝ​မသိကြ။ သင်တို့​အရှက်ရ​စေရန် ဤသို့ ကျွန်ုပ်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:34
17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​ကို​မ​ပြစ်မှား​မိ​စေရန် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ သိုမှီး​ထား​ပါ​ပြီ​။


အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်​။ သင်​တို့​အိပ်ရာ​ပေါ်တွင် သင်​တို့​စိတ်နှလုံး​၌​စဉ်းစားဆင်ခြင်​လျက် တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။(​စေလာ)


“သူ​တို့​သည် မုသား​လေး​ကို မိမိ​တို့​လျှာ​ပေါ် တင်​ကြ​၏​။ တိုင်းပြည်​တွင် သစ္စာတရား​မ​လွှမ်းမိုး​နိုင်​။ သူ​တို့​သည် မကောင်းမှု​ကို​တစ်​ခု​ပြီး​တစ်​ခု​ပြု​ကြ​၏​။ ငါ့​ကို​ကား အသိအမှတ်​မ​ပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သေသောက်ကြူး​သူ​တို့​၊ ထ​၍​ငိုကြွေး​ကြ​လော့​။ စပျစ်ဝိုင်​သောက်​သူ​တို့​၊ စပျစ်ဝိုင်သစ်​ကြောင့် ညည်းတွား​ကြ​လော့​။ အကြောင်းမူကား သင်​တို့​နှုတ်​သည် စပျစ်ဝိုင်သစ်​ကို တို့ထိ​ခွင့်​ရ​တော့​မည်​မ​ဟုတ်​။


မာလိန်မှူး​သည် သူ့​ထံသို့​သွား​၍ “​သင် အဘယ်ကြောင့် အိပ်မောကျ​နေ​သနည်း​။ ထ​ပြီး သင့်​ဘုရား​ထံ ဆုတောင်း​ပါ​လော့​။ ငါ​တို့ သေကျေပျက်စီး​မ​သွား​အောင် သင့်​ဘုရား​သည် ငါ​တို့​ကို ကယ်တင်​ကောင်း​ကယ်တင်​လိမ့်မည်​”​ဟု ဆို​၏​။


ယေရှု​က​လည်း“သင်​တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုး​တော်​ကို​လည်းကောင်း မ​သိ​၍ အယူလွဲ​နေ​ကြ​၏။


ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်​တော်​၌​တွေ့​၍“ကြည့်​လော့။ သင်​သည် အကောင်း​ပကတိ​ဖြစ်​လေ​ပြီ။ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်။ သို့မဟုတ်​လျှင် ပို၍​ဆိုးရွား​သော​အရာ​သည် သင့်​အပေါ် သက်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထို​မိန်းမ​က “တစ်ယောက်မျှ​မ​ရှိ​ပါ သခင်​ဘုရား”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​သည်​လည်း သင့်​ကို​ပြစ်ဒဏ်​မ​စီရင်။ သွား​လော့။ ယခု​မှစ၍ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်”​ဟု မိန့်​တော်မူ​၏။]


သေလွန်​သော​သူ​တို့​အား ဘုရားသခင်​ထမြောက်​စေ​တော်မူ​သည်​ကို မ​ယုံ​နိုင်​စရာ​ဟု အရှင်​တို့ အဘယ်ကြောင့်​ထင်မှတ်​ကြ​ပါ​သနည်း။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


သင်​တို့​သည် အချိန်အခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်ပျော်​ရာ​မှ နိုးထ​ရ​မည့်​အချိန်​နာရီ​ရောက်​လေ​ပြီ။ အဘယ်ကြောင့်​ဆိုသော် ယခု​အခါ ငါ​တို့​၏​ကယ်တင်​ခြင်း​သည် ငါ​တို့​စတင်​ယုံကြည်​ချိန်​က​ထက် ပို၍​နီးကပ်​လာ​ပြီ​ဖြစ်​၏။


ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​အား အရှက်ရ​စေရန်​မ​ဟုတ်​ဘဲ ငါ​၏​ချစ်​သားသမီး​များ​အဖြစ် သတိပေး​ဆုံးမ​ရန်​သာ​ဖြစ်​၏။


သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့ ငါ​ဆို​၏။ သင်​တို့​အထဲတွင် မိမိ​၏​ညီအစ်ကို​အချင်းချင်း​ကြား စီရင်​ဆုံးဖြတ်​ပေး​နိုင်​မည့် ပညာရှိ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​သလော။


သို့သော် လူ​တိုင်း​၌ ဤ​အသိပညာ​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် ရုပ်တု​ကိုးကွယ်​သည့်​အလေ့အထ​ရှိ​ခဲ့​သည်​ဖြစ်၍ ထို​အသား​ကို​စား​သောအခါ ယခု​အထိ​ပင် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​အဖြစ်​စား​ကြ​သဖြင့် သူ​တို့​၏​အားနည်း​သည့်​အသိစိတ်​သည် မသိုးမသန့်​ဖြစ်​ရ​၏။


အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။


ဘုရားသခင်​ကို​မ​သိ​သော​လူမျိုးခြား​တို့​ကဲ့သို့ ကိလေသာ​တပ်မက်​ခြင်း​ထဲ၌ နစ်မွန်း​ခြင်း​မ​ရှိ​ကြ​ရန်​နှင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ