Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 22:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 မိက္ခာယ​က​လည်း “​သို့ဖြစ်၍ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​သည် မိမိ​ပလ္လင်​ပေါ်တွင်​စံမြန်း​လျက် ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​သည် ကိုယ်တော်​၏​လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​တို့​၌ ရပ်​၍​ခစား​နေ​ကြ​သည်​ကို အကျွန်ုပ်​မြင်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 မိ က္ခာ ဖော် ပြ သည် မှာ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ပါ ဦး။ ထာ ဝ ရ ဘု ရား သည် ပ လ္လင် တော် ထက် စံ တော် မူ လျက် ဝဲ ယာ တော် နှစ် ဘက်၌ ကောင်း ကင် ဗိုလ် ခြေ အ ပေါင်း တို့ ခ စား နေ ကြ သည် ကို အ ကျွန်ုပ် မြင် ရ ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင် ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက် လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 22:19
30 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က ‘​အာဟပ်​မင်းကြီး​သည် ရာမုတ်ဂိလဒ်​မြို့​ကို​ချီတက်​ပြီး ကျဆုံး​သွား​အောင် မည်သူ​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​လျှင် တစ်ပါး​က ဤသို့​ဟု လျှောက်တင်​၏​။ နောက်တစ်ပါး​က ထိုသို့​ဟု လျှောက်တင်​၏​။


တစ်နေ့တွင် ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သောအခါ စာတန်​သည်​လည်း သူ​တို့​နှင့်အတူ​ရောက်လာ​၏​။


ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သော​နေ့​ရောက်လာ​ပြန်​လျှင် စာတန်​သည်​လည်း သူ​တို့​နှင့်အတူ ထာဝရဘုရား​ရှေ့​တော်​သို့ ရောက်လာ​၏​။


သင့်​အထဲ​၌ အခြား​သော​ဘုရား​မ​ရှိ​ရ​။ တိုင်းတစ်ပါးသား​၏​ဘုရား​ကို​လည်း သင်​မ​ရှိခိုး​မ​ကိုးကွယ်​ရ​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို ဖူးမြင်​ကြ​၏​။ ခြေ​တော်​အောက်​၌ ကောင်းကင်​ကဲ့သို့​ကြည်လင်​သော နီလာ​ကျောက် ခင်း​ထား​သကဲ့သို့​ဖြစ်​၏​။


ထို့နောက် မောရှေ​နှင့်အတူ အာရုန်​၊ နာဒပ်​၊ အဘိဟု​နှင့် အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​တို့​ထဲမှ အယောက်​ခုနစ်ဆယ်​တို့​သည် တက်သွား​၍


သောဒုံ​မြို့​ကို​အုပ်ချုပ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ဂေါမောရ​မြို့သူမြို့သား​တို့​၊ ငါ​တို့​ဘုရားသခင်​၏​ပညတ်တရား​ကို စူးစိုက်​နားထောင်​ကြ​လော့​။


ဤ​လူမျိုး​ကို​အုပ်စိုး​သော ဂျေရုဆလင်​မြို့​ရှိ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။


အို ယာကုပ်​အမျိုးအနွယ်​တို့​၊ အစ္စရေး​မျိုးနွယ်စု​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။


ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ ငါ​နှင်ထုတ်​လိုက်​၍ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။


ကြွင်းကျန်​သော​ယုဒ​အမျိုး​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​သင်​တို့​သည် အီဂျစ်​ပြည်​သို့​သွား​ရန် စိတ်အားပြင်းပြ​မည်​ဆို​လျှင်​၊ ထို​ပြည်​၌ပင် သွားရောက်​နေထိုင်​မည်​ဆို​လျှင်


“​အချင်း​လူသား​၊ ပရောဖက်ပြု​နေ​သော အစ္စရေး​ပရောဖက်​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။ ကိုယ့်​စိတ်ထင်​နှင့် ပရောဖက်ပြု​နေ​သော​ပရောဖက်​တို့​အား ‘ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့’​ဟု ပြောကြား​လော့​။


အို ပြည့်တန်ဆာမ​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​လော့​။


ထို့ကြောင့် ယခု ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ သင်​က ‘အစ္စရေး​လူမျိုး​ကို ဆန့်ကျင်​၍ ပရောဖက်​မ​ပြု​နှင့်​၊ ဣဇက်​အမျိုးအနွယ်​ကို ဆန့်ကျင်​၍ မ​ဟောပြော​နှင့်​’​ဟု ဆို​၏​။


မုရတုပင်​တို့​အလယ်​၌​ရပ်​နေ​သော​သူ​က “​ဤ​အရာ​များ​ကား ကမ္ဘာမြေ​ပေါ်သို့​သွား​၍ လှည့်လည်​ကြည့်ရှု​ရန် ထာဝရဘုရား​စေလွှတ်​လိုက်​သော​သူ​များ​ဖြစ်​သည်​”​ဟု ဆို​၏​။


သူ​သည် ပရောဖက်​ပြု​လျက် “​ဗောရ​၏​သား ဗာလမ်​၊ မျက်စိ​ပွင့်​သွား​သော​သူ​၊


ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မထီမဲ့မြင်​မ​ပြု​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်းကင်တမန်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ဖူးမြင်​ရ​ကြ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။


လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကောင်းကင်တမန်​အပေါင်း​တို့​နှင့်တကွ ကြွလာ​သောအခါ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော မိမိ​၏​ပလ္လင်​ပေါ်၌ ထိုင်​တော်မူ​လိမ့်မည်။


ကောင်းကင်​တမန်​အားလုံး​တို့​သည် ကယ်တင်​ခြင်း​ကို​အမွေ​ဆက်ခံ​မည့်​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် စေလွှတ်​ခြင်း​ခံရ​သည့် အစေခံ​ဝိညာဉ်​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။


ကောင်းကင်​တမန်​များ​နှင့်​ပတ်သက်၍ “ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း၊ မိမိ​၏​အမှု​ကို​ထမ်းဆောင်​သူ​တို့​အား မီးလျှံ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​၏”​ဟု မိန့်​တော်မူ​၏။


သို့သော် သင်​တို့​သည် ဇိအုန်​တောင်​သို့​လည်းကောင်း၊ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော အထက်​ကောင်းကင်​အရပ်​ရှိ ဂျေရုဆလင်​မြို့​သို့​လည်းကောင်း၊ အတိုင်းမသိ​များစွာ​သော ကောင်းကင်​တမန်​တို့​စုဝေး​ရာ​အခမ်းအနား​သို့​လည်းကောင်း၊


ထို့နောက် ငါ​ကြည့်​လိုက်​ရာ ပလ္လင်​တော်၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ပတ်ဝန်းကျင်​မှ များစွာ​သော​ကောင်းကင်​တမန်​တို့​၏​အသံ​ကို​ကြား​ရ​၏။ သူ​တို့​၏​အရေအတွက်​သည် သိန်းသန်း​ကုဋေ​ရှိ​၏။


ယခုမှာ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​ထံ​မှ ထွက်ခွာ​ပြီး ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို နှောင့်ယှက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ