ယေရမိ 5:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထို့ကြောင့် ငါက “သူတို့သည် မိုက်မဲသောဆင်းရဲသားများသာဖြစ်ကြ၏။ သူတို့သည် ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏တရားစီရင်ခြင်းကို မသိကြ။ အခန်းကိုကြည့်ပါ။Common Language Bible4 ထိုနောက်ငါကဤသူတို့ကားဆင်းရဲသူများဖြစ်၏။ မသိနားမလည်သူတို့သည်ထာဝရဘုရား၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဥပဒေသတော်တို့ကိုသော်လည်းကောင်း မသိကြသဖြင့်မိုက်မဲစွာပြုကျင့်ကြလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible4 သို့ ဖြစ်၍ ငါ က၊ ဤ သူ တို့ သည် မိုက် မဲ သော ဆင်း ရဲ သား မျှ သာ ဖြစ် ကြ ပါ ၏။ ထာ ဝ ရ ဘု ရား နည်း လမ်း တော်၊ ကိုယ့် ဘု ရား သ ခင် ၏ တ ရား တော် ကို မ သိ ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible4 ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏တရားတော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် စီရင်တော်မူရာကိုလည်းကောင်း၊ မသိသောကြောင့် မိုက်ကြ၏။ အခန်းကိုကြည့်ပါ။ |
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။