Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 25:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ဆူညံပွက်လောရိုက်​သော​အသံ​သည် မြေကြီး​စွန်း​အထိ ပဲ့တင်ထပ်​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို စွဲချက်တင်​တော်မူ​မည်​။ သတ္တဝါ​အားလုံး​ကို တရားစီရင်​တော်မူ​မည်​။ ဆိုးယုတ်​သော​သူ​တို့​ကို ဓား​လက်​သို့ အပ်​တော်မူ​မည်​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား စွဲ​ချက်​တင်​တော်​မူ​မည်။ ကိုယ်​တော်​၏​အ​သံ​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း တိုင်​အောင်​ပဲ့​တင်​ထပ်​၍​သွား​လိမ့်​မည်။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး စီ​ရင်​တော်​မူ​၍ သူ​ယုတ်​မာ​တို့​အား​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏' ဟု​ပြော​ကြား​လော့'' ဟူ​၍​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း၊ လူ အ မျိုး မျိုး တို့ နှင့် ဘက် ပြိုင် ခြင်း၊ လူ သ တ္တ ဝါ အ ပေါင်း တို့ နှင့် တရား တွေ့ ခြင်း၊ လူ ဆိုး တို့ ကို ဓား ဘေး သို့ အပ် နှင်း ခြင်း များ ကို၊ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည် နှင့် အ သံ ဗ လံ တော် သည်၊ မြေ ကြီး စွန်း တိုင် အောင် ရောက် လေ စွ ဟု ဆင့် ဆို လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 မြေ​ကြီး​စွန်း​တိုင်​အောင် အ​သံ​နှံ့​ပြား​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​မျိုး​မျိုး​တို့​နှင့် တ​ရား​တွေ့​စ​ရာ အ​ကြောင်း​ရှိ၍၊ ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​ကို အ​မှု​လုပ်​တော်​မူ​မည်။ ဆိုး​သော​သူ​တို့​ကို ဓား​နှင့်​ကွပ်​မျက်​စေ​ခြင်း​ငှာ အပ်​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:31
14 ပူးပေါင်းရင်းမြစ်များ  

မြည်ဟိန်း​သော​အသံ​တော်​ကြောင့် လူ​တို့​ထွက်ပြေး​ကြ​၏​။ ကိုယ်တော်​ထ​တော်မူ​သောအခါ လူမျိုး​တို့​သည် ကွဲလွင့်​သွား​ကြ​၏​။


အကယ်စင်စစ် ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို အမျက်ထွက်​တော်မူ​၍ အမျက်​တော်​သည် သူ​တို့​၏​စစ်သည်ဗိုလ်ပါ​အားလုံး​အပေါ် သက်ရောက်​လေ​ပြီ​။ ကိုယ်တော်​သည် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်​။ သူ​တို့​ကို သတ်ဖြတ်​သူ​လက်​သို့ အပ်​တော်မူ​မည်​။


ထာဝရဘုရား​၌ လက်စားချေ​ရာ​နေ့​၊ ဇိအုန်​မြို့​ကို ရန်ပြု​သော​သူ​ကို ဒဏ်ပေး​သော​နှစ် ရှိ​၏​။


ထာဝရဘုရား​သည် လူသား​အားလုံး​ကို မီး​ဖြင့်​လည်းကောင်း​၊ ဓား​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​မည်​။ ထာဝရဘုရား​ကွပ်မျက်​သော​သူ​တို့​သည် များပြား​လိမ့်မည်​။


သင်​က ‘ငါ​၌ အပြစ်မရှိ​။ အမျက်​တော်​သည် အမှန်ပင် ငါ့​ထံမှ​လှည့်သွား​ပြီ’​ဟု ဆို​၏​။ ငါ​သည်‘အပြစ်​မ​ပြု’​ဟု သင်​ဆို​သောကြောင့် သင့်​ကို ငါ​တရားစီရင်​မည်​။


ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ဒေါသ​မုန်တိုင်း တိုက်ခတ်​လိမ့်မည်​။ ပြင်းစွာ​သော​မုန်တိုင်း​သည် ဆိုးယုတ်​သော​သူ​တို့​၏​ခေါင်း​ပေါ်သို့ ကျရောက်​လိမ့်မည်​။


ထာဝရဘုရား​က ‘ကြီးမြတ်​သော​အရာ​ကို သင်​ရှာ​နေ​သလော​။ မ​ရှာ​ပါ​နှင့်​။ ကြည့်ရှု​လော့​။ ငါ​သည် လူ​အပေါင်း​တို့​ကို ဘေးအန္တရာယ်​သင့်​စေ​မည်​။ သင့်​ကို​ကား သင်​ရောက်​လေရာရာ​အရပ်​တို့​၌ တိုက်ယူပစ္စည်း​ကဲ့သို့ သင့်​အသက်​ကို ငါ​ပေး​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆို​လေ​၏​။


နေ့ရက်​အချိန် နီးလာ​ပြီ​။ စင်စစ် ထာဝရဘုရား​၏​နေ့ နီးလာ​ပြီ​။ ထို​နေ့​သည် မိုးတိမ်​ထူထပ်​သော​နေ့​၊ လူမျိုးတကာ​တို့​ပျက်စီး​ရာ​နေ့ ဖြစ်​လိမ့်မည်​။


ငါ​သည် သူ့​ကို ကပ်ရောဂါ​ဘေး​၊ သေဘေး​ဖြင့် စီရင်​မည်​။ သူ​နှင့်​သူ့​စစ်သည်​များ​အပါအဝင် သူ​၌​ပါလာ​သော​လူ​အမြောက်အမြား​တို့​အပေါ် ရေလွှမ်းမိုး​စေ​မည်​၊ မိုးသီး​နှင့်တကွ မီး​နှင့်​ကန့် ရွာကျ​စေ​မည်​။


ထာဝရဘုရား​သည် ယုဒ​ကို စွဲချက်တင်​တော်မူ​ပြီ​။ ယာကုပ်​ကို သူ​ကျင့်ကြံ​ခဲ့​သည့်​အတိုင်း သူ့​ကို​ဒဏ်ခတ်​တော်မူ​မည်​။ သူ​လုပ်ဆောင်​ခဲ့​သည့်​အတိုင်း သူ့​ကို​ပြန်​ပေးဆပ်​စေ​မည်​။


အို အစ္စရေး​အမျိုးသား​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ပြည်သူပြည်သား​တို့​ကို စွဲချက်တင်​လေ​ပြီ​။ “တိုင်းပြည်​တွင် သစ္စာတရား​မ​ရှိ​၊ မေတ္တာကရုဏာ​မ​ရှိ​၊ ဘုရားသခင်​ကို​သိကျွမ်း​ခြင်း​မ​ရှိ​။


လူမျိုး​တကာ​တို့​ကို စုရုံး​ပြီး ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ ငါ​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို လူမျိုးတကာ​တို့​ထံသို့ ကွဲလွင့်​စေ​ပြီး ငါ့​ပြည်​ကို ကွဲပြား​စေ​ခဲ့​သောကြောင့် ငါ့​လူမျိုး​တော်​ဖြစ်​သည့် ငါ့​အမွေ​တော်​အစ္စရေး​တို့​အတွက် သူ​တို့​ကို ထို​အရပ်​၌ ငါ​တရားစီရင်​မည်​။


အို တောင်​များ​တို့​၊ အို ခိုင်ခံ့​သော​မြေကြီး​အုတ်မြစ်​တို့​၊ ထာဝရဘုရား​၏​စွဲချက်​ကို​နားထောင်​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို စွဲချက်တင်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​နှင့် အချေအတင်​ပြောဆို​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ