ဆာလံ 81:9 - မြန်မာ့စံမီသမ္မာကျမ်း9 သင့်အထဲ၌ အခြားသောဘုရားမရှိရ။ တိုင်းတစ်ပါးသား၏ဘုရားကိုလည်း သင်မရှိခိုးမကိုးကွယ်ရ။ အခန်းကိုကြည့်ပါ။Common Language Bible9 သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။ အခန်းကိုကြည့်ပါ။Garrad Bible9 အ ခြား ဘု ရား ကို မ ကိုး ကွယ် နှင့်။ လူ မျိုး ခြား ဘု ရား ကို ရှိ မ ခိုး နှင့်။ အခန်းကိုကြည့်ပါ။Judson Bible9 သင်၌ တစ်ပါးအမျိုး၏ဘုရားမရှိရ။ တစ်ကျွန်းတစ်နိုင်ငံဘုရားကို မကိုးကွယ်ရ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။