ဟောရှေ 12:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။ အခန်းကိုကြည့်ပါ။Common Language Bible2 ထာဝရဘုရားသည်ယုဒပြည်သားတို့ ကိုစွဲချက်တင်တော်မူ၏။ ဣသရေလကို လည်းသူတို့၏အကျင့်ကြောင့်ဒဏ်ခတ် တော်မူမည်။ ကိုယ်တော်သည်သူတို့၏အပြု အမူအတိုင်းအကျိုးအပြစ်ကိုဆပ်ပေး မည်။- အခန်းကိုကြည့်ပါ။Garrad Bible2 ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ နှင့် ဘက် ပြိုင် ရန် အ ကြောင်း ရှိ သည် နှင့် အ ညီ၊ ယာ ကုပ် ကို အ လေ့ အ လာ အ လျောက် ဒဏ် စီ ရင် ၍၊ အ ပြု အ ကျင့် အ လျောက် ဆပ် ပေး တော် မူ မည်။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရားတွေ့မှု ရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။