Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မိက္ခာ 6:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အို တောင်​များ​တို့​၊ အို ခိုင်ခံ့​သော​မြေကြီး​အုတ်မြစ်​တို့​၊ ထာဝရဘုရား​၏​စွဲချက်​ကို​နားထောင်​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို စွဲချက်တင်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​နှင့် အချေအတင်​ပြောဆို​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကမ္ဘာ​မြေ​ကြီး​၏​တည်​မြဲ​သော​အ​ခြေ​အ​မြစ် ဖြစ်​သည့်​တောင်​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏ စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့၊ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​စွဲ​ချက်​တင်​ရန်​ရှိ​တော်​မူ​သည်။ ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​အ​မှု​ဆိုင်​ရန်​ရှိ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အို တောင် တို့၊ အို တည် မြဲ သော မြေ ပ ထ ဝီ အ ခြေ အ မြစ် တို့၊ ငါ ထာ ဝ ရ ဘု ရား ၏ ဘက် ပြိုင် ချက် ကို နာ ခံ ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး တော် နှင့် ဘက် ပြိုင် ရန် အ ကြောင်း ရှိ လျက်၊ ဣ သ ရေ လ လူ မျိုး နှင့် ဆင် ခြေ တက် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အို တောင်​တို့၊ ခိုင်​ခံ့​သော​မြေ​အ​မြစ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တွေ့​မှု​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် တ​ရား​တွေ့​စ​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဆွေး​နွေး​ငြင်း​ခုံ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မိက္ခာ 6:2
19 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။


ထိုအခါ ကိုယ်တော်​သည် အမျက်ထွက်​တော်မူ​သောကြောင့် မြေကြီး​သည် ယိမ်းထိုး​လှုပ်ခါ​၏​။ မိုးကောင်းကင်​အုတ်မြစ်​သည်​လည်း ယိမ်းထိုး​ခါယမ်း​၏​။


မြေကြီး​ကို ၎င်း​၏​အုတ်မြစ်​များ​ပေါ်တွင် တည်​ထား​တော်မူ​၍ ၎င်း​သည် မည်သည့်​အခါ​မျှ တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။


ရေ​သည် ကိုယ်တော်​၏​အမိန့်​ကို မ​ကျူးလွန်​မည့်​အကြောင်း ပင်လယ်​၏​နယ်နိမိတ်​ကို သတ်မှတ်​တော်မူ​သောအခါ​၌​လည်းကောင်း​၊ ကမ္ဘာမြေကြီး​၏​အခြေအမြစ်​တို့​ကို အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း


ထာဝရဘုရား​က “ယခု လာ​ကြ​။ အတူတကွ​အချေအတင်ဆွေးနွေး​ကြ​စို့​။ သင်​တို့​အပြစ်​သည် အနီရောင်​ကဲ့သို့​ဖြစ်​သော်လည်း နှင်းပွင့်​ကဲ့သို့​ဖြူ​လိမ့်မည်​။ ကြက်သွေးရောင်​ကဲ့သို့​ဖြစ်​သော်လည်း သိုးမွေး​ကဲ့သို့​ဖြစ်​လိမ့်မည်​။


ထာဝရဘုရား​သည် စွဲချက်တင်​ရန် ရပ်​တော်မူ​၏​။ လူ​တို့​ကို တရားစီရင်​ရန် ထ​တော်မူ​၏​။


ငါ့​ကို သတိပေး​လော့​။ အတူတကွ တရားဆိုင်​ကြ​စို့​။ သင်​ဖြောင့်မတ်​ကြောင်း တင်ပြ​လော့​။


ယခုမှာ အို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ ငါ​နှင့်​ငါ့​စပျစ်ခြံ​အမှု​ကို တရားစီရင်​ပေး​ကြ​လော့​။


ထို့ကြောင့် ငါ​သည် သင်​တို့​ကို စွဲချက်တင်​မည်​။ သင်​တို့​၏​သားမြေး​တို့​ကို​လည်း စွဲချက်တင်​မည်​”​ဟု မိန့်​တော်မူ​၏​။


ဆူညံပွက်လောရိုက်​သော​အသံ​သည် မြေကြီး​စွန်း​အထိ ပဲ့တင်ထပ်​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို စွဲချက်တင်​တော်မူ​မည်​။ သတ္တဝါ​အားလုံး​ကို တရားစီရင်​တော်မူ​မည်​။ ဆိုးယုတ်​သော​သူ​တို့​ကို ဓား​လက်​သို့ အပ်​တော်မူ​မည်​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။


ထာဝရဘုရား​က “​သူ​တို့​သည် အထက်​မိုးကောင်းကင်​ကို တိုင်းတာ​နိုင်​၍ အောက်​မြေကြီး​၏​အုတ်မြစ်​ကို စူးစမ်း​နိုင်​မှသာ အစ္စရေး​တစ်မျိုးနွယ်လုံး​ပြု​ခဲ့​သော​အပြစ်​ကြောင့် သူ​တို့​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် ယုဒ​ကို စွဲချက်တင်​တော်မူ​ပြီ​။ ယာကုပ်​ကို သူ​ကျင့်ကြံ​ခဲ့​သည့်​အတိုင်း သူ့​ကို​ဒဏ်ခတ်​တော်မူ​မည်​။ သူ​လုပ်ဆောင်​ခဲ့​သည့်​အတိုင်း သူ့​ကို​ပြန်​ပေးဆပ်​စေ​မည်​။


ယာကုပ်​သည် အမိ​ဝမ်း​ထဲ၌ အစ်ကို​၏​ဖနောင့်​ကို ကိုင်ဆွဲ​ထား​ခဲ့​၏​။ သူ​သည် မိမိ​ခွန်အား​ဖြင့် ဘုရားသခင်​နှင့် ယှဉ်ပြိုင်​ခဲ့​၏​။


အို အစ္စရေး​အမျိုးသား​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ပြည်သူပြည်သား​တို့​ကို စွဲချက်တင်​လေ​ပြီ​။ “တိုင်းပြည်​တွင် သစ္စာတရား​မ​ရှိ​၊ မေတ္တာကရုဏာ​မ​ရှိ​၊ ဘုရားသခင်​ကို​သိကျွမ်း​ခြင်း​မ​ရှိ​။


ယခု နားထောင်​လော့​။ ထာဝရဘုရား​က “​ထ​၍ တောင်တန်း​များ​ရှေ့​တွင် သင်​၏​အမှု​ကို တင်ပြ​လော့​။ သင့်​အသံ​ကို တောင်ကုန်း​များ​လည်း ကြား​ပါစေ​။


ငါ့​အမျက်​မီး​သည် စွဲ​၍ မရဏာနိုင်ငံ​အောက်ဆုံး​ထိ​တိုင်အောင် တောက်လောင်​လိမ့်မည်​။ မြေကြီး​နှင့် မြေကြီး​အသီးအနှံ​တို့​ကို ဝါးမျို​၍ တောင်​များ​၏​အခြေအမြစ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။


ယနေ့ ငါ​သည် သင်​တို့​တစ်ဖက်​၌ ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ တိုင်တည်​၏​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူးသွား​၍​သိမ်းပိုက်​မည့်​ပြည်​မှ မကြာမီ​လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထို​ပြည်​၌ အသက်​ရှည်ရှည်​မ​နေ​ရ​၊ လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ