ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
ယေရမိ 14:2 - မြန်မာ့စံမီသမ္မာကျမ်း ယုဒပြည် ငိုကြွေးမြည်တမ်းလေပြီ။ မြို့တံခါးတို့လည်း အားလျော့ကြပြီ။ မြေကြီးပေါ်တွင် ဝမ်းနည်းပူဆွေးကြလေပြီ။ ဂျေရုဆလင်မြို့၏အော်ဟစ်ငိုကြွေးသံသည် ထွက်ပေါ်လာပြီ။ Common Language Bible ``ယုဒပြည်သည်ငိုကြွေးလျက်နေ၏။ ယုဒမြို့တို့သည်နွမ်းလျလျက်နေ၏။ ယုဒပြည်အတွက်ဝမ်းနည်းကြေကွဲကြ၏။ ယေရုရှလင်မြို့သည်အော်ဟစ်လျက် အကူအညီတောင်းခံ၍နေ၏။ Garrad Bible ယု ဒ ပြည် သည် မြည် တမ်း လျက်၊ မြို့ ရွာ တံ ခါး များ လည်း၊ မြေ ပေါ် တွင် အား လျော့ ညှိုး ငယ် စွာ နေ လျက်၊ ယေ ရု ရှ လင် မြို့ မှ အော် ဟစ် သံ တက် လေ ပြီ။ Judson Bible ယုဒပြည်သည်ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေတိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ငိုကြွေးခြင်းအသံသည် တက်လေ၏။ |
ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
အကျွန်ုပ်တို့၏နွားတို့သည် ထမ်းပိုးကောင်းကြပါစေသော။ မြို့ရိုးကျိုးပေါက်ခြင်းမရှိ၊ သိမ်းသွားခံရခြင်းလည်းမရှိ၊ အကျွန်ုပ်တို့၏လမ်းများ၌ ငိုကြွေးပူဆွေးခြင်းလည်း မရှိပါစေနှင့်။
ဘုရားသခင်သည် သူတို့၏ညည်းတွားမြည်တမ်းသံကိုကြားတော်မူလျှင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့် ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့တော်မူ၏။
ငါ့စိတ်နှလုံးသည် မောဘပြည်အတွက် အော်ဟစ်၏။ ထိုပြည်မှထွက်ပြေးသောသူတို့သည် ဇောရမြို့၊ ဧဂလတ်ရှလိရှမြို့အထိ ပြေးကြ၏။ လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက်တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့သွားရာလမ်း၌ အသံကိုလွှင့်၍ အော်ဟစ်ကြ၏။
စပျစ်ဝိုင်ပြတ်သောကြောင့် လမ်းများပေါ်တွင် အော်ဟစ်တောင့်တကြ၏။ ဝမ်းမြောက်ခြင်းရှိသမျှတို့သည် ချုပ်ငြိမ်းသွားလေပြီ။ ကမ္ဘာမြေပေါ်ရှိ ပျော်ရွှင်ခြင်းသည် ပျောက်ကွယ်လေပြီ။
ကမ္ဘာမြေကြီးသည် ငိုကြွေးမြည်တမ်း၍ ညှိုးနွမ်း၏။ ကမ္ဘာလောကသည် အားလျော့ချည့်နဲ့၏။ ဂုဏ်မြင့်သူမြေကြီးသားတို့သည် အားလျော့ကြ၏။
စပျစ်ဝိုင်အသစ်သည် ငိုကြွေးမြည်တမ်းရပြီ။ စပျစ်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားပြီ။ စိတ်နှလုံးဝမ်းမြောက်ခဲ့သောသူအပေါင်းတို့သည်လည်း ညည်းတွားကြရလေပြီ။
ဇိအုန်မြို့တံခါးတို့သည် ညည်းတွား၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဇိအုန်မြို့သည် လူသူကင်းမဲ့လိမ့်မည်။ မြေကြီးပေါ်ထိုင်ရလိမ့်မည်။
တိုင်းပြည်သည် ငိုကြွေးမြည်တမ်း၍ အားလျော့လေပြီ။ လက်ဘနွန်တောင်သည် အရှက်ရ၍ ညှိုးနွမ်းလေပြီ။ ရှာရုန်အရပ်သည် အရာဗလွင်ပြင်နှင့်တူလေပြီ။ ဗာရှန်တောင်၊ ကရမေလတောင်သည် မိမိတို့အရွက်များကိုခါချပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့ပြေး၍မလွတ်နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ် ငါကျရောက်စေမည်။ ငါ့ကိုဟစ်အော်သော်လည်း ငါနားထောင်မည်မဟုတ်။
သူတို့သည် ငါ့လယ်မြေကို လူသူကင်းမဲ့ရာဖြစ်စေပြီ။ လူသူကင်းမဲ့သောလယ်မြေသည် ငါ့အား ငိုကြွေးမြည်တမ်းပြပြီ။ မည်သူမျှအလေးမထားကြသောကြောင့် ပြည်တစ်ပြည်လုံးပျက်စီးသွားလေပြီ။
တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။
ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။
ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။
သင်အရှက်ကွဲသည်ကို လူမျိုးတကာတို့ ကြားသိလေပြီ။ သင့်အော်ဟစ်ငိုကြွေးသံသည်လည်း မြေတစ်ပြင်လုံးကို ဖုံးလွှမ်းလေပြီ။ စစ်သူရဲအချင်းချင်းတိုက်မိ၍ သူတို့နှစ်ယောက်စလုံး အတူတကွလဲကျလေပြီ။
ငါ့လူမျိုးသမီးပျိုဒဏ်ရာရသောကြောင့် ငါကြေကွဲ၏၊ ငါဝမ်းနည်းပူဆွေး၏၊ ထိတ်လန့်ခြင်းသည် ငါ့ကိုဖမ်းစားလေပြီ။
ထာဝရဘုရားသည် ဇိအုန်သမီးပျို၏မြို့ရိုးကို ဖျက်ဆီးမည်ဟု ကြံရွယ်တော်မူပြီ။ မျဉ်းကြိုးကိုချပြီး လက်တော်ကိုဆန့်လျက် ဖျက်ဆီးတော်မူပြီ။ တံတိုင်းနှင့်မြို့ရိုးတို့အား ငိုကြွေးမြည်တမ်းစေတော်မူပြီ။ အားလုံးပြိုကျပျက်စီးလေပြီ။
မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။
ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် အကျွန်ုပ်တို့ အရေပြားသည် မီးဖိုမှမီးကဲ့သို့ ပူလောင်နေပါ၏။
ထို့ကြောင့် တိုင်းပြည်သည် ငိုကြွေးမြည်တမ်းလိမ့်မည်။ ပြည်သူပြည်သားများလည်း ချုံးချုံးကျကုန်လိမ့်မည်။ တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များနှင့် ပင်လယ်ငါးများပါမကျန် သေကျေကြလိမ့်မည်။
လယ်ယာ ဖျက်ဆီးခံရပြီ။ ကောက်ပဲသီးနှံ ဖျက်ဆီးခံရသောကြောင့် မြေသည် ငိုကြွေးမြည်တမ်းလေပြီ။ စပျစ်ဝိုင်အသစ် ခန်းလေပြီ။ ဆီလည်း လျော့လေပြီ။
အို လယ်လုပ်သားတို့၊ ရှက်ကြလော့။ အို စပျစ်ခြံလုပ်သားတို့၊ ညည်းတွားကြလော့။ အကြောင်းမူကား လယ်မြေတွင် ရိတ်သိမ်းစရာ ဂျုံစပါး၊ မုယောစပါးတို့ ပျက်စီးလေပြီ။
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
မြေကြီးနှင့် တောင်များအပေါ်၌လည်းကောင်း၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ မြေ၌ ပေါက်သောအပင်များ၊ လူနှင့်တိရစ္ဆာန်များနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ထားသောအရာအားလုံးအပေါ်၌လည်းကောင်း မိုးခေါင်ခြင်းဘေးကျရောက်စေလေပြီ”ဟု မိန့်ဆို၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါခေါ်သောအခါ သူတို့မထူးသကဲ့သို့ သူတို့ခေါ်သောအခါ၌လည်း ငါမထူး’ဟု မိန့်တော်မူ၏။
အသက်မသေဘဲ ကျန်ရစ်သူတို့မှာ ပလိပ်ရောဂါဖြင့် ဒဏ်ခတ်ခံရသောကြောင့် တစ်မြို့လုံး၏အော်ဟစ်သံသည် မိုးကောင်းကင်အထိ ရောက်လေ၏။
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။