Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 46:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သင်​အရှက်ကွဲ​သည်​ကို လူမျိုးတကာ​တို့ ကြားသိ​လေ​ပြီ​။ သင့်​အော်ဟစ်ငိုကြွေးသံ​သည်​လည်း မြေ​တစ်ပြင်လုံး​ကို ဖုံးလွှမ်း​လေ​ပြီ​။ စစ်သူရဲ​အချင်းချင်း​တိုက်မိ​၍ သူ​တို့​နှစ်​ယောက်​စလုံး အတူတကွ​လဲကျ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အ​ရှက်​ကွဲ​မှု​ကို ကြား​သိ​ကြ​လေ​ပြီ။ သင်​တို့​ငို​ကြွေး​သံ​ကို​လူ​တိုင်း​ကြား​ရ​ကြ​၏။ စစ်​သူ​ရဲ​သည်​တစ်​ဦး​နှင့်​တစ်​ဦး​တိုက်​မိ​သ​ဖြင့် နှစ်​ဦး​စ​လုံး​မြေ​ပေါ်​သို့​လဲ​ကျ​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သူ ရဲ ကောင်း တို့ ပင် အ ချင်း ချင်း ထိ ခိုက် လျက်၊ နှစ် ဦး လုံး အ တူ ကျ ဆုံး ကြ သ ဖြင့်၊ လူ မျိုး ခြား တို့ သည်၊ သင်၏ အ ရှက် ရ သတင်း ကို ကြား သိ၍၊ မြေ တစ် ပြင် လုံး နှံ့၊ သင့် ဟစ် သံ နှင့် ပြည့် သည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သင်​သည် အ​ရှက်​ကွဲ​ကြောင်း​ကို လူ​မျိုး​တို့​သည် ကြား​ကြ​ပြီ။ သင်​မြည်​တမ်း​သော အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား​ပြီ။ သူ​ရဲ​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ထိ​ခိုက်၍၊ နှစ်​ယောက်​တို့​သည် လဲ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 46:12
17 ပူးပေါင်းရင်းမြစ်များ  

အကျဉ်းသား​တို့​တွင် ဝပ်တွား​ခြင်း​၊ သတ်ဖြတ်​ခံရ​သော​သူ​တို့​တွင် လဲကျ​ခြင်း​မှတစ်ပါး အခြား​မ​ရှိ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


“​ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို အချင်းချင်း​ဆန့်ကျင်​ရန် လှုံ့ဆော်​၍ သူ​တို့​သည် ညီအစ်ကို​အချင်းချင်း​၊ အိမ်နီးချင်း​အချင်းချင်း​၊ မြို့​အချင်းချင်း​၊ နိုင်ငံ​အချင်းချင်း ဆန့်ကျင်​ကြ​လိမ့်မည်​။


စပျစ်ဝိုင်​ပြတ်​သောကြောင့် လမ်း​များ​ပေါ်တွင် အော်ဟစ်တောင့်တ​ကြ​၏​။ ဝမ်းမြောက်​ခြင်း​ရှိသမျှ​တို့​သည် ချုပ်ငြိမ်း​သွား​လေ​ပြီ​။ ကမ္ဘာမြေ​ပေါ်ရှိ ပျော်ရွှင်​ခြင်း​သည် ပျောက်ကွယ်​လေ​ပြီ​။


ယုဒ​ပြည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ မြို့​တံခါး​တို့​လည်း အားလျော့​ကြ​ပြီ​။ မြေကြီး​ပေါ်တွင် ဝမ်းနည်း​ပူဆွေး​ကြ​လေ​ပြီ​။ ဂျေရုဆလင်​မြို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထွက်ပေါ်​လာ​ပြီ​။


သင်​သည် အဘယ်ကြောင့် ဤမျှလောက်​လှည့်လည်​သွားလာ​၍ သင်​၏​အပြုအမူ​ကို ပြောင်းလဲ​ရ​သနည်း​။ အဆီးရီးယား​ပြည်​အားဖြင့် အရှက်ကွဲ​ရ​သကဲ့သို့ အီဂျစ်​ပြည်​အားဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​။


အပြေးမြန်​သော​သူ​လည်း ပြေး​မ​လွတ်​။ ခွန်အားကြီး​သော​သူ​လည်း မ​လွတ်မြောက်​။ သူ​တို့​သည် မြောက်အရပ် ယူဖရေးတီး​မြစ်​အနား​၌ လဲကျ​သေဆုံး​ကြ​ပြီ​တကား​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ရေ​သည် မြောက်အရပ်​မှ​တက်လာ​၍ မြစ်ရေ​လျှံ​သကဲ့သို့ လျှံတက်​လိမ့်မည်​။ ထို​ရေ​သည် ပြည်​နှင့်​ထို​ပြည်​၌​ရှိသမျှ​၊ မြို့​နှင့်​မြို့သား​ရှိသမျှ​တို့​ကို လွှမ်းမိုး​လိမ့်မည်​။ လူ​တို့ အော်ဟစ်​ကြ​လိမ့်မည်​။ ပြည်သူပြည်သား​တို့ ညည်းတွားငိုကြွေး​ကြ​လိမ့်မည်​။


နိမရိမ်​ချောင်းရေ​ပင်လျှင် ခန်းခြောက်​သွား​သောကြောင့် ဟေရှဘုန်​မြို့သား​တို့​၏​အော်ဟစ်သံ​သည် ဧလာလေ​မြို့​နှင့် ယာဟတ်​မြို့​တိုင်အောင် ရောက်​လေ​ပြီ​။ ဇောရ​မြို့​မှ ဟောရနိမ်​မြို့​နှင့်​ဧဂလတ်ရှလိရှ​မြို့​တိုင်အောင် သူ​တို့​၏​အသံ​ကို​လွှင့်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​လဲကျ​သော​အသံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို ပင်လယ်နီ​တိုင်အောင် ကြား​ရ​မည်​။


“ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ”​ဟူသော​အော်ဟစ်သံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို လူမျိုးတကာ​တို့ ကြား​ရ​လိမ့်မည်​။


ဘေဘီလုံ​မြို့​မှ အော်ဟစ်သံ​ပါတကား​။ ခါလဒဲ​ပြည်​မှ ကြီးမား​သော​ပျက်စီး​ခြင်း​ပါတကား​။


သူ​သည် သူ​၏​မှူးမတ်​တို့​ကို သတိရ​လေ​၏​။ သူ​တို့​သည် လမ်း​၌​ခလုတ်တိုက်​လဲကျ​ပြီး မြို့ရိုး​သို့ အလျင်အမြန်​ပြေးလာ​၍ ဒိုင်းလွှား​များ​ဆောင်​လျက် အဆင်သင့် နေရာယူ​ကြ​၏​။


ထို​နေ့ရက်​၌ ငါး​တံခါးဝ​မှ ငိုကြွေး​သံ​၊ မြို့​၏​နေရာသစ်​မှ မြည်တမ်းသံ​၊ တောင်ကုန်း​များ​ပေါ်မှ​ကျယ်လောင်​သော အက်ကွဲသံ​တို့​ကို ကြား​ရ​လိမ့်မည်​။


အသက်​မ​သေ​ဘဲ ကျန်ရစ်​သူ​တို့​မှာ ပလိပ်ရောဂါ​ဖြင့် ဒဏ်ခတ်​ခံရ​သောကြောင့် တစ်မြို့လုံး​၏​အော်ဟစ်သံ​သည် မိုးကောင်းကင်​အထိ ရောက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ