Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 2:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 မြို့​တံခါး​တို့​သည် မြေကြီး​ထဲသို့​နစ်ဝင်​သွား​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို ကျိုးပဲ့​ပျက်စီး​စေ​တော်မူ​ပြီ​။ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​သည် လူမျိုးခြား​တို့​တွင် နေ​ရ​လေ​ပြီ​။ ပညတ်တရား​လည်း​မ​ရှိ​တော့​ပြီ​။ ပရောဖက်​တို့​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ဗျာဒိတ်နိမိတ်​ကို​မ​ရ​ကြ​တော့​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 မြို့​တံ​ခါး​တို့​သည်​ကန့်​လန့်​ကျင်​များ​ကျိုး​ပဲ့​ကာ အ​မှိုက်​ပုံ​အောက်​တွင်​မြုပ်​၍​နေ​လေ​၏။ ရှင်​ဘု​ရင်​နှင့်​မင်း​ညီ​မင်း​သား​တို့​သည်​ယ​ခု​အ​ခါ တိုင်း​တစ်​ပါး​တွင်​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​ကြ​၏။ ပ​ညတ်​တ​ရား​တော်​ကို​သွန်​သင်​မှု​မ​ရှိ​တော့ သ​ဖြင့် ပ​ရော​ဖက်​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​မ​တွေ့​မ​မြင်​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 မင်း ထုပ် များ ကို ချိုး ဖျက် တော် မူ သည့် အ လျောက်၊ မြို့ တံ ခါး များ သည် မြေ တွင် နစ် မြုပ် လျက်၊ ဘု ရင် မင်း နှင့် မှူး မတ် တို့ သည်၊ လူ မျိုး ခြား ဘောင် တွင် နေ လျက်၊ တ ရား တော် သည်၊ ပ ပျောက် လျက်၊ ပ ရော ဖက် တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ ရူ ပါ ရုံ မဲ့ လျက်၊ နေ ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မြို့​တံ​ခါး​ရွက်​တို့​သည် မြေ၌​မြှုပ်​လျက်​ရှိ​ကြ၏။ ကန့်​လန့်​ကျင်​တို့​ကို ချိုး​ဖဲ့​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် နေ​ရ​ကြ၏။ တ​ရား​တော်​မ​ရှိ။ ပ​ရော​ဖက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ခံ​မ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 2:9
27 ပူးပေါင်းရင်းမြစ်များ  

ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ဇေဒကိ​မင်းကြီး​၏​မျက်စိ​ကို​လည်း​ဖောက်ထုတ်​ပြီး သူ့​ကို ကြေးနီကြိုး​ဖြင့်​ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။


အစ္စရေး​လူမျိုး​တို့​တွင် ကာလ​ကြာမြင့်​စွာ​စစ်မှန်​သော​ဘုရား​မ​ရှိ​၊ သွန်သင်​ပေး​မည့်​ယဇ်ပုရောဟိတ်​မ​ရှိ​၊ ပညတ်တရား​လည်း​မ​ရှိ​။


သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။


အကျွန်ုပ်​တို့​၏​အမှတ်လက္ခဏာ​များ​ကို အကျွန်ုပ်​တို့​မ​မြင်​ရ​ပါ​။ ပရောဖက်​လည်း​မ​ရှိ​တော့​ပါ​။ မည်မျှ​အထိ ဤသို့​ဖြစ်​မည်​ကို​သိ​သော​သူ​လည်း အကျွန်ုပ်​တို့​ထဲတွင်​မ​ရှိ​ပါ​။


မြို့​ထဲ၌ လူသူကင်းမဲ့​ကျန်​ခဲ့​ပြီ​။ မြို့​တံခါး​သည်​လည်း ရိုက်ချိုး​ခံရ​၍ ပျက်စီး​လေ​ပြီ​။


ထာဝရဘုရား​က​လည်း “​ထို​ပရောဖက်​တို့​သည် ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ငါ​သည် သူ​တို့​ကို​မ​စေလွှတ်​၊ မ​မိန့်မှာ​၊ မ​မြွက်ဆို​။ သူ​တို့​သည် သင်​တို့​အား မဟုတ်မမှန်​သော​ဗျာဒိတ်နိမိတ်​၊ ဂမ္ဘီရအတတ်​၊ အကျိုးမဲ့​သော​အရာ​၊ သူ​တို့​စိတ်​ထဲရှိ​လှည့်စားမှု​အတိုင်း ပရောဖက်ပြု​ကြ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် သင်​တို့​အား အဓိပ္ပာယ်မဲ့​သော​စကား​ကို ဟောပြော​ကြ​၏​။ ထာဝရဘုရား​၏​နှုတ်ထွက်​စကား​မ​ဟုတ်​ဘဲ မိမိ​တို့​စိတ်သဘော​အတိုင်း ဗျာဒိတ်နိမိတ်​ကို ဟောပြော​တတ်​ကြ​၏​။


ဇေဒကိ​မင်းကြီး​နန်းစံ တစ်ဆယ့်တစ်​နှစ်​၊ စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲသို့ ထိုးဖောက်​ဝင်ရောက်​ကြ​၏​။


ခါလဒဲ​စစ်သည်​တို့​သည် ဘုရင့်​နန်းတော်​နှင့် လူနေအိမ်​တို့​ကို​မီး​ရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို​လည်း ဖြိုဖျက်​ကြ​၏​။


ဘေဘီလုံ​စစ်သူရဲ​တို့​သည် စစ်မတိုက်​ဝံ့​တော့​ဘဲ ရဲတိုက်​များ​၌​သာ နေ​ကြ​လေ​ပြီ​။ သူ​တို့​သည် ရဲစွမ်းသတ္တိ​ကုန်ခန်း​၍ မိန်းမ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ သူ​တို့​နေရာ​ကို မီးရှို့​ပစ်​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို​လည်း ချိုး​ပစ်​ကြ​ပြီ​။


ကိုယ်ရံတော်မှူး​နှင့်​ပါလာ​သော ခါလဒဲ​စစ်သည်​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ မြို့ရိုး​တစ်လျှောက်လုံး​ကို ဖြိုဖျက်​ကြ​၏​။


ယုဒ​အမျိုး​သည် အနှိပ်စက်​ခံရ​ပြီ​။ ကြမ်းကြမ်းတမ်းတမ်း​ကျွန်ပြု​ခံရ​ပြီ​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီ​။ လူမျိုးခြား​တို့​တွင် နေထိုင်​ရ​ပြီ​။ နားခို​ရာ​ကို​မ​တွေ့​။ သူ့​ကို​လိုက်​သော​သူ​အပေါင်း​တို့​သည် လမ်းဆုံး​၌ သူ့​ကို​မီ​ကြ​လေ​ပြီ​။


လူ​တို့​က​လည်း သူ​တို့​အား “​ထွက်သွား​ကြ​၊ မစင်ကြယ်​သော​သူ​တို့​၊ ထွက်သွား​ကြ​၊ ထွက်သွား​ကြ​။ ငါ​တို့​ကို မ​ထိ​နှင့်​”​ဟု ဟစ်အော်​ကြ​၏​။ သူ​တို့​လည်း ထွက်သွား​၍ လှည့်လည်​သွားလာ​ကြ​ရ​၏​။ လူမျိုးတကာ​တို့​က​လည်း “​ငါ​တို့​နှင့်အတူ မ​နေ​ကြ​တော့​နှင့်​”​ဟု ဆို​ကြ​၏​။


ငါ​တို့​က “​လူမျိုးခြား​တို့​တွင် ထို​သူ​၏​အရိပ်​အောက်​၌ ငါ​တို့​ခိုလှုံ​အသက်ရှင်​ကြ​မည်​”​ဟု ဆို​ခဲ့​သော်လည်း ငါ​တို့​၏​အသက်သခင်​ဖြစ်​သော​၊ ထာဝရဘုရား​ဘိသိက်ပေး​သော ထို​သူ​သည် သူ​တို့​တူး​သော​တွင်း​ထဲသို့ ကျ​လေ​ပြီ​။


ထို​မင်း​ကို ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ခါလဒဲ​ပြည်​၊ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​မည်​ဖြစ်​သော်လည်း ထို​မြို့​ကို သူ​မြင်​ခွင့်​ရ​မည်​မ​ဟုတ်​။ ထို​မြို့​တွင်ပင် သူ​သေ​ရ​လိမ့်မည်​။


ငါ​သည် သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ဘေဘီလုံ​ပြည်​သို့​ခေါ်ဆောင်​သွား​မည်​။ သူ​သည် ဖောက်ပြန်​၍ ငါ့​ကို​ပြစ်မှား​သောကြောင့် ထို​အရပ်​၌​ပင် သူ့​ကို ငါ​စစ်ကြောစီရင်​မည်​။


ဘေးဒုက္ခ တစ်​ခု​ပြီး​တစ်​ခု ရောက်လာ​မည်​။ သတင်းစကား တစ်​ခု​ပြီး​တစ်​ခု ကြား​ရ​မည်​။ ပရောဖက်​တို့​ထံမှ ဗျာဒိတ်နိမိတ်​ကို မေးမြန်း​သော်လည်း ရ​မည်​မ​ဟုတ်​။ ယဇ်ပုရောဟိတ်​တို့​ထံမှ တရားတော်​၊ သက်ကြီးဝါကြီး​တို့​ထံမှ အကြံဉာဏ်​တို့​သည်​လည်း ပျောက်ဆုံး​လိမ့်မည်​။


ဓားဘေး​သည် သူ​တို့​မြို့​သို့​ရောက်လာ​၍ မြို့​တံခါး​များ​ကို ဖျက်ဆီး​ပစ်​မည်​။ သူ​တို့​၏​အကြံအစည်​တို့​ကို​လည်း ဝါးမျို​ပစ်​မည်​။


အစ္စရေး​အမျိုးသား​တို့​သည် ရှင်ဘုရင်​နှင့် အကြီးအကဲ မ​ရှိ​၊ ယဇ်ပူဇော်​ခြင်း မ​ရှိ​၊ အထွတ်အမြတ်​ကျောက်တိုင် မ​ရှိ​၊ ဧဖုဒ် မ​ရှိ​၊ တေရပ်ရုပ်တု မ​ရှိ​။ ထိုကဲ့သို့ နေ့ရက်​များစွာ နေ​ရ​လိမ့်မည်​။


ဒမတ်စကပ်​မြို့​၏​ကန့်လန့်ကျင်​ကို ချိုးဖျက်​ပစ်​မည်​။ အာဝင်​ချိုင့်​သား​တို့​နှင့် ဗေသေဒင်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို သုတ်သင်​ပစ်​မည်​။ အာရံ​ပြည်သား​တို့​ကို ကိရ​ပြည်​သို့​ဖမ်းခေါ်​သွား​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် သင့်​ကို​လည်းကောင်း​၊ သင်​တင်မြှောက်​ထား​သော သင့်​ကို​အုပ်စိုး​သည့်​ရှင်ဘုရင်​ကို​လည်းကောင်း သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော လူမျိုး​ထံသို့ ဆောင်သွား​တော်မူ​သဖြင့် သင်​သည် ထို​အရပ်​၌ အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။


ထာဝရဘုရား​သည် သင့်​ကို​ကောင်းစား​စေ​၍ တိုးပွား​စေ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင့်​ကို​ဖျက်ဆီး​၍ သုတ်သင်ပယ်ရှင်း​ပစ်​ရာ​၌​လည်း ထာဝရဘုရား ဝန်လေး​တော်မူ​မည်​မ​ဟုတ်​။ သင်​သည် သင်​ဝင်ရောက်​သိမ်းပိုက်​သည့်​ပြည်​ထဲ​မှ နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။


ထာဝရဘုရား​ထံ မေးလျှောက်​လေ​၏​။ သို့သော် ထာဝရဘုရား​သည် သူ့​အား အိပ်မက်​အားဖြင့်​ဖြစ်စေ​၊ ဥရိမ်​အားဖြင့်​ဖြစ်စေ​၊ ပရောဖက်​အားဖြင့်​ဖြစ်စေ ဖြေကြား​တော်​မ​မူ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ