ယေရမိ 12:4 - မြန်မာ့စံမီသမ္မာကျမ်း4 တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။ အခန်းကိုကြည့်ပါ။Common Language Bible4 ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊ လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။ `ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့် ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊ တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။'' အခန်းကိုကြည့်ပါ။Garrad Bible4 နေ ပြည် သည် မြည် တမ်း လျက်၊ ကောက် ပင် ဟူ သ မျှ လည်း၊ သွေ့ ခြောက် လျက် နေ ရ မည် မှာ၊ မည် မျှ ကြာ အံ့ နည်း။ ငါ တို့၏ အ ဆုံး ကို ဆ ရာ မြင် ရ တော့ မည် မ ဟုတ် ဟု၊ ဆို သော ထို ပြည် သား တို့ ဆိုး သွမ်း မှု အ တွက် မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ တို့ ပင် ပ ပျောက် လျက် ရှိ သည် တ ကား ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible4 ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသောအကျိုးအပြစ် ကို ဘုရားသခင် မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက်ပျက်ကြပါပြီ။ အခန်းကိုကြည့်ပါ။ |
ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။