ယောဘဝတ္တု။ 34:28 - မြန်မာ့စံမီသမ္မာကျမ်း28 ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 နွမ်း ပါး သူ့ ဟစ် သံ ကို ရှေ့ တော် ရောက် ဝင် စေ၍၊ ဆင်း ရဲ သူ တို့ အော် သံ ကို လည်း နား ညောင်း တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေးသံကို ကြားတော်မူရ၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။
သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။