အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မြည်​တမ်း​စ​ကား 2:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရန်သူ​ကဲ့သို့ လေး​ကို​တင်​တော်မူ​ပြီ​။ ရန်ဖက်​ကဲ့သို့ လက်ယာ​လက်​တော်​ကို အသင့်ရှိ​စေ​၍ လူ​တို့ တန်ဖိုး​ထား​ရ​သော​သူ​အပေါင်း​တို့​ကို ကွပ်မျက်​တော်မူ​ပြီ​။ ဇိအုန်​သမီးပျို​၏​တဲ​အပေါ်​၌ မီး​ကဲ့သို့သော​အမျက်​တော်​ကို သွန်ချ​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​ငါ​တို့​အား​မြား​တော်​များ​ဖြင့် အ​သင့်​ချိန်​ရွယ်​ကာ​အား​ရ​ရွှင်​လန်း​ဂုဏ်​ယူ ဝါ​ကြွား​ရာ​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​အား ကွပ်​မျက်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​၌​ငါ​တို့​သည်​ကိုယ်​တော်​၏ တောက်​လောင်​သော​အ​မျက်​တော်​ကို​ခံ​စား ရ​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သူ သ ဖွယ် လေး တော် ကို တင် ခြင်း၊ ရန် ဘက် သ ဖွယ် ညာ လက် ရုံး တော် ကို ဆန့် လျက် ရပ် တန့် ခြင်း၊ သ တို့ သ မီး ဇိ အုန်၏ တဲ တွင်၊ နှစ် သက် ဖွယ် သူ အ ပေါင်း တို့ ကို လုပ် ကြံ ခြင်း၊ အ မျက် တော် ကို မီး ကဲ့ သို့ သွန်း လောင်း ခြင်း များ ကို ပြု တော် မူ လေ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ရန်​သူ​ကဲ့​သို့ လေး​ကို​တင်​လျက်၊ ရန်​ဘက်​ပြု​သော​သူ​ကဲ့​သို့ လက်​ယာ​လက်​ကို ချီ​ကြွ​လျက်၊ တင့်​တယ်​ခြင်း အ​သ​ရေ​ရှိ​သော သူ​အ​ပေါင်း​တို့​ကို သတ်​တော်​မူ​ပြီ။ ဇိ​အုန်​သ​တို့​သ​မီး၏​နေ​ရာ​တဲ​ပေါ်​မှာ မီး​ကဲ့​သို့​သော အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ၏။

အခန်းကိုကြည့်ပါ။



မြည်​တမ်း​စ​ကား 2:4
38 ပူးပေါင်းရင်းမြစ်များ  

“​ငါ့​အတွက်​သာမက အစ္စရေး​ပြည်​၊ ယုဒ​ပြည်​၌​ကြွင်းကျန်​သော​သူ​တို့​အတွက် ဤ​တွေ့ရှိ​ထား​သော​ကျမ်းပါစကား​တော်​များ​နှင့်​ပတ်သက်ပြီး ထာဝရဘုရား​ထံ သွား​၍​မေးလျှောက်​ကြ​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​လိုက်နာ​၊ ဤ​ကျမ်း​ထဲ၌​ရေးထား​သမျှ​အတိုင်း မ​ပြုကျင့်​ကြ​သောကြောင့် ထာဝရဘုရား​သည် ငါ​တို့​ကို ပြင်းစွာ​အမျက်ထွက်​လေ​ပြီ​”​ဟု မိန့်ဆို​၏​။


အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး အခြား​ဘုရား​အများ​တို့​ထံ နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် သူ​တို့​လက်​နှင့်​လုပ်သောအရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​၏​။ ထို့ကြောင့် ဤ​မြို့​၌ ငါ့​အမျက်မီး တောက်လောင်​၍ ငြိမ်း​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။


ငါ့​ကို အမျက်ထွက်​၍ ရန်သူ​ကဲ့သို့ မှတ်​တော်မူ​ပြီ​။


အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။


ဆိုးယုတ်​သော​သူ​တို့​သည် အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို လဲကျ​စေရန်​လည်းကောင်း​၊ ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​တို့​ကို သတ်ဖြတ်​ရန်​လည်းကောင်း ဓား​ကို​ထုတ်​၍ လေး​ကို​တင်​ကြ​၏​။


သေ​စေ​တတ်​သော​လက်နက်​တို့​ကို​လည်း ထို​သူ​အတွက်​ပြင်ဆင်​၍ မီး​မြား​တို့​ကို ပြင်ဆင်​ထား​တော်မူ​မည်​။


ထို့ကြောင့် ကိုယ်တော်​သည် ပြင်းစွာ​သော​အမျက်​တော်​၊ ပြင်းထန်​သော​စစ်ပွဲ​ကို သူ​တို့​အပေါ် ကျရောက်​စေ​တော်မူ​သဖြင့် သူ​တို့​ပတ်လည်​၌ မီး​တောက်လောင်​သော်လည်း သူ​တို့​မ​သိမှတ်​ကြ​။ သူ​တို့​ကို​မီးလောင်ကျွမ်း​သော်လည်း သူ​တို့​နှလုံး​မ​သွင်း​ကြ​။


သို့သော် သူ​တို့​သည်​ပုန်ကန်​ခြင်း​ဖြင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေ​ခဲ့​သောကြောင့် ကိုယ်တော်​သည် သူ​တို့​၏​ရန်သူ​ဖြစ်သွား​၍ သူ​တို့​ကို​တိုက်ခိုက်​တော်မူ​၏​။


လူ​တို့​ကို ငါ့​အမျက်​ဖြင့်​နင်းချေ​ပြီ​။ ငါ့​ဒေါသ​ဖြင့် ယစ်မူး​စေ​ပြီ​။ သူ​တို့​၏​သွေး​ကို မြေ​ပေါ်သို့​ကျ​စေ​ပြီ​။


ငါ့​တဲ​သည် ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။ ကြိုး​ရှိသမျှ​တို့​သည် ပြတ်​လေ​ပြီ​။ ငါ့​သား​တို့​သည်​လည်း ငါ့​ထံမှ​ထွက်သွား​ကြ​ပြီ​။ တစ်ယောက်မျှ​မ​ရှိ​တော့​ပေ​။ ငါ့​တဲ​ကို ပြန်ဆောက်​မည့်​သူ​၊ ရွက်ထည်​များ​ကို​ကာ​မည့်​သူ တစ်ယောက်မျှ​မ​ရှိ​တော့​ပေ​။


ထာဝရဘုရား​က “အို ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နံနက်တိုင်း တရားသဖြင့်​စစ်ကြောစီရင်​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်​သော​သူ​၏​လက်​မှ ကယ်နုတ်​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် မီး​ကဲ့သို့​တောက်လောင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ငါ​ကိုယ်တိုင် အားကြီး​သော​လက်ရုံး​၊ ပြင်းစွာ​သော​အမျက်ဒေါသ​တို့​ဖြင့် လက်​ကို​ဆန့်​၍ သင်​တို့​ကို​တိုက်ခိုက်​မည်​။


သင့်​ကို​ချစ်ခင်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို​မေ့လျော့​ကြ​ပြီ​။ သင့်​ကို ဂရု​မ​စိုက်​ကြ​။ အကြောင်းမူကား သင်​၏​အပြစ်​များပြား​၍ သင်​၏​ဒုစရိုက်​ကြီးမား​သောကြောင့် ရန်သူ​၏​တိုက်ခိုက်​ခြင်း​အားဖြင့်​လည်းကောင်း​၊ ကြမ်းကြုတ်​သော​သူ​၏​ဆုံးမ​ခြင်း​အားဖြင့်​လည်းကောင်း သင့်​ကို ငါ​ဒဏ်ခတ်​လေ​ပြီ​။


သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ​ပြန်လှည့်​လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပျပ်ဝပ်​လျက် အသနားခံ​ကောင်း​ခံ​ကြ​လိမ့်မည်​။ အကြောင်းမူကား ဤ​လူမျိုး​တို့​ကို ထာဝရဘုရား ပြင်းစွာ​အမျက်​ဒေါသ​ထွက်​တော်မူ​လေ​ပြီ​”​ဟု ဆို​၏​။


ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ အရေဖျားလှီး​ခြင်း​ကို​ခံ​၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရား​ထံ​ဆက်ကပ်​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို ဖယ်ရှား​ကြ​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မီး​ကဲ့သို့ မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် တောက်လောင်​လိမ့်မည်​။


အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ငါ့​အမျက်​ဒေါသ​ကို​သွန်ချ​ခဲ့​သကဲ့သို့ အီဂျစ်​ပြည်​သို့ သင်​တို့​သွား​သောအခါ သင်​တို့​အပေါ်​သို့ ငါ့​အမျက်ဒေါသ​ကို သွန်ချ​မည်​။ သင်​တို့​သည် ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ ရွံရှာစရာ​၊ ကဲ့ရဲ့စရာ​ဖြစ်​မည်​။ ဤ​ပြည်​ကို သင်​တို့ ပြန်​မြင်​ရ​တော့​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​ပြီ​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အမျက်​ဒေါသ​သည် ဤ​အရပ်​နှင့်တကွ လူ​၊ တိရစ္ဆာန်​၊ ကွင်းပြင်​ရှိ​သစ်ပင်​၊ မြေ​အသီးအနှံ​တို့​အပေါ် သွန်ချ​မည်​။ ငါ​၏​ဒေါသ​သည် မ​ငြိမ်း​ဘဲ​တောက်လောင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် ကောင်းကင်​မှ​မီး​ကို စေလွှတ်​၍ ငါ့​အရိုး​များ​ကို လောင်ကျွမ်း​စေ​တော်မူ​ပြီ​။ ငါ့​ခြေ​ရှေ့​၌ ပိုက်ကွန်​ကို​ဖြန့်​ထား​ပြီ​။ ငါ့​ကို​နောက်​သို့​ပြန်လှည့်​စေ​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​၍ ငါ​သည် တစ်နေ့လုံး ညှိုးငယ်​လျက်​နေ​ရ​ပါ​ပြီ​။


ဘုရားရှင်​သည် ရန်သူ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ အစ္စရေး​လူမျိုး​တို့​ကို ဝါးမျို​တော်မူ​ပြီ​။ နန်းတော်​ရှိသမျှ​တို့​ကို​လည်း ဝါးမျို​တော်မူ​ပြီ​။ ခံတပ်​တို့​ကို​လည်း ဖျက်ဆီး​တော်မူ​ပြီ​။ ယုဒ​သမီးပျို​၌ ဝမ်းနည်း​ခြင်း​၊ မြည်တမ်း​ခြင်း​ကို တိုးပွား​စေ​တော်မူ​ပြီ​။


စင်စစ် ကိုယ်တော်​သည် လက်​ကို​ဆန့်​၍ ငါ့​ကို တစ်နေ့လုံး အကြိမ်ကြိမ်​ဆုံးမ​တော်မူ​ပြီ​။


ရွှေ​သည် အရောင်မှိန်​သွား​ပါ​ပြီ​တကား​။ ရွှေ​စင်​သည် အရောင်ပြောင်း​သွား​ပါ​ပြီ​တကား​။ သန့်ရှင်းရာဌာန​မှ ကျောက်​များ​သည်​လည်း လမ်းဆုံလမ်းခွ​တို့​၌ ပြန့်ကျဲ​နေ​ပါ​ပြီ​တကား​။


ထာဝရဘုရား ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​။ အမျက်​တော်​မီး​ကို သွန်ချ​လေ​ပြီ​။ ဇိအုန်​မြို့​ကို​မီးရှို့​၍ မြို့​၏​အုတ်မြစ်​ကို​ပါ လောင်ကျွမ်း​စေ​လေ​ပြီ​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် ဒေါသ​ဖြင့် လေပြင်းမုန်တိုင်း​တိုက်​စေ​မည်​၊ အမျက်ထွက်​လျက် မိုးရွာ​စေ​မည်​၊ ရေလွှမ်းမိုး​စေ​မည်​။ ဒေါသ​ဖြင့် မိုးသီး​ကျ​စေ​၍ မြို့ရိုး​ကို ဖျက်ဆီး​ပစ်​မည်​။


ငါ​သည် အမျက်​တော်​ကို​သွန်ချ​၍ လက်ရုံး​တော်​ကို​ဆန့်​လျက် တန်ခိုးကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို လူမျိုး​တကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​၊ သင်​တို့​ကွဲလွင့်​ရာ​အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​မည်​။


ငွေ​သည် မီးပြင်းဖို​ထဲ​၌ အရည်ပျော်​ရ​သကဲ့သို့ သင်​တို့​သည်​လည်း ထို​မီး​ထဲ​တွင် အရည်ပျော်​ရ​လိမ့်မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်​တော်​သွန်ချ​တော်မူ​ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


အချင်း​လူသား​၊ ယခုမူ သူ​တို့​ဂုဏ်ယူအားထား​ရာ​ခံတပ်ကြီး​၊ သူ​တို့​နှစ်သက်မြတ်နိုး​ရာ​၊ ချစ်ခင်​စွဲလမ်း​ရာ​နှင့် သူ​တို့​သား​သမီး​တို့​ကို ငါ​သိမ်းယူ​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။


ထို​ပြည်​တွင် လူ့​အသက်​ကို သတ်​ကြ​၏​။ ရုပ်တု​များ​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် သူ​တို့​အပေါ်​တွင် အမျက်​တော်​ကို သွန်ချ​မည်​။


‘သို့မှ ငါ့​အမျက်ပြေ​မည်​။ သူ​တို့​ကို အမျက်ဒဏ်​ခံ​စေ​ပြီးမှ ငါ့​စိတ်ချင်ရဲပြေ​မည်​။ ငါ့​အမျက်​ငြိမ်း​ပြီးမှ ငါ​ထာဝရဘုရား စိတ်အားကြီး​စွာ​ဖြင့် မိန့်ဆို​ခဲ့​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်မည်​။


ရပ်ဝေး​ရှိ​လူ​တို့​သည် ကပ်ရောဂါ​ဘေး​ဖြင့် သေ​ရ​မည်​။ ရပ်နီး​ရှိ​လူ​တို့​သည် ဓားဘေး​ဖြင့် သေ​ရ​မည်​။ ထို​ဘေး​တို့​မှ​လွတ်​၍ ကျန်​သော​သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ရ​မည်​။ သို့မှ ငါ့​အမျက်ငြိမ်း​မည်​။


လူ​အပေါင်း​တို့​ကို ငါ​အမျက်ထွက်​သောကြောင့် တံပိုး​မှုတ်​၍​အဆင်သင့်​ပြင်ဆင်​ထား​သော်လည်း စစ်ချီတက်​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​။


သင်​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သင်​တို့​သည် သင်​တို့​၏​ရန်သူ​ရှေ့​၌ ရှုံးနိမ့်​ရ​လိမ့်မည်​။ သင်​တို့​ကို​မုန်းတီး​သော​သူ​တို့​သည် သင်​တို့​ကို အုပ်စိုး​လိမ့်မည်​။ လိုက်​သော​သူ​မ​ရှိ​သော်လည်း သင်​တို့​သည် ထွက်ပြေး​ရ​လိမ့်မည်​။


ထာဝရဘုရား​သည် သဝန်တို​သော​ဘုရား​၊ လက်တုံ့ပြန်​သော​ဘုရား ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လက်တုံ့ပြန်​၏​။ အမျက်​တော်​လည်း ပြင်းထန်​၏​။ ထာဝရဘုရား​သည် ရန်သူ​တို့​ကို လက်တုံ့ပြန်​၏​။ ရန်သူ​တို့​အတွက် အမျက်​တော်​သို​ထား​တော်မူ​၏​။


ကိုယ်တော်​၏​အမျက်​တော်​ရှေ့​၌ မည်သူ​ရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​ကို မည်သူ​ကြံ့ကြံ့​ခံနိုင်​မည်နည်း​။ အမျက်​တော်​ကို မီး​ကဲ့သို့​သွန်ချ​တော်မူ​လျှင် ရှေ့​တော်​၌ ကျောက်ဆောင်​များ ပြိုကျ​ကုန်​ပါ​၏​။


ငါ့​အမျက်​မီး​သည် စွဲ​၍ မရဏာနိုင်ငံ​အောက်ဆုံး​ထိ​တိုင်အောင် တောက်လောင်​လိမ့်မည်​။ မြေကြီး​နှင့် မြေကြီး​အသီးအနှံ​တို့​ကို ဝါးမျို​၍ တောင်​များ​၏​အခြေအမြစ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။


ရှမွေလ​က​လည်း “​ထာဝရဘုရား​သည် သင့်​ကို​စွန့်ပစ်​၍ သင့်​ရန်သူ​ဖြစ်သွား​သည်​ကို​ပင် အဘယ်ကြောင့် ငါ့​ကို မေးမြန်း​သေး​သနည်း​။