Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 2:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အစ္စရေး​လူမျိုး​၏​ဦးချို​ရှိသမျှ​တို့​ကို အမျက်​ပြင်းစွာ​ဖြင့် ဖြတ်ပစ်​တော်မူ​ပြီ​။ လက်ယာ​လက်​တော်​ကို ရန်သူ့​ထံမှ ပြန်ရုပ်သိမ်း​တော်မူ​ပြီ​။ ပတ်ပတ်လည်​လောင်ကျွမ်း​သော​မီးလျှံ​ကဲ့သို့ ယာကုပ်​အမျိုး​ကို လောင်ကျွမ်း​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ကိုယ်​တော်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အင်​အား​ကို​ဖြို​ခွဲ​တော်​မူ​ပါ​၏။ ရန်​သူ​များ​လာ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန် ငြင်း​ဆန်​တော်​မူ​၏။ ကိုယ်​တော်​သည်​မီး​သ​ဖွယ်​တောက်​လောင်​ကာ ရှိ​သ​မျှ​ကို​လောင်​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဣ သ ရေ လ လူ မျိုး၏ ဦး ချို ရှိ သ မျှ ကို အ မျက် တော် အ ရှိန် ဖြင့် ချိုး ဖြတ် လျက်၊ ရန် သူ တို့ ရှေ့ တွင် ပင်၊ ညာ လက် ရုံး တော် ကို ရုပ် သိမ်း လျက်၊ အ ဘက် ဘက် တောက် သော မီး လျှံ သ ဖွယ်၊ ယာ ကုပ် လူ မျိုး ကို ကျွမ်း လောင် တော် မူ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ပြင်း​စွာ အ​မျက်​တော်​ထွက်၍၊ ဣ​သ​ရေ​လ၏ ဦး​ချို​ရှိ​သ​မျှ​တို့​ကို ဖြတ်​တော်​မူ​ပြီ။ ရန်​သူ​ရှေ့​မှာ လက်​ရုံး​တော်​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ အ​ရပ်​ရပ်​လောင်​သော မီး​တောက်​ကဲ့​သို့ ယာ​ကုပ်​အ​မျိုး​ကို လောင်​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 2:3
25 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး အခြား​ဘုရား​အများ​တို့​ထံ နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် သူ​တို့​လက်​နှင့်​လုပ်သောအရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​၏​။ ထို့ကြောင့် ဤ​မြို့​၌ ငါ့​အမျက်မီး တောက်လောင်​၍ ငြိမ်း​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။


အရေပြား​ပေါ်တွင် လျှော်တေအဝတ်​ကို ချုပ်ဝတ်​ထား​ရ​ပါ​၏​။ ငါ့​ဦးချို​ကို​လည်း မြေမှုန့်​ထဲ၌ မြှုပ်​ထား​ရ​ပါ​၏​။


ထို​အရပ်​၌ ဒါဝိဒ်​အတွက် ဦးချို​ကို ငါ​ပေါက်​စေ​မည်​။ ငါ​ဘိသိက်ပေး​ထား​သော​သူ​အတွက် မီးခွက်​ကို ငါ​ပြင်ဆင်​ပြီ​။


ကိုယ်တော်​၏​လက်​တော်​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ကို​ပင် အဘယ်ကြောင့်​ရုပ်သိမ်း​တော်မူ​သနည်း​။ လက်​တော်​ကို လျှိုထား​ရာ​မှ​ထုတ်​၍ သူ​တို့​ကို အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။


“​ဆိုးယုတ်​သော​သူ​တို့​၏​ဦးချို​ရှိသမျှ​တို့​ကို ငါ​ပိုင်းဖြတ်​မည်​။ ဖြောင့်မတ်​သော​သူ​တို့​၏​ဦးချို​သည် ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။​”


အထက်ကောင်းကင်​ထိ​တိုင်အောင် သင်​တို့​ချို​မ​ထောင်​ကြ​နှင့်​။ မောက်မာ​စွာ​မ​ပြောဆို​ကြ​နှင့်​’ ဟူ၍​လည်းကောင်း ငါ​မိန့်ဆို​၏​။​”


အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။ ကိုယ်တော်​သည် အစဉ် အမျက်ထွက်​တော်မူ​မည်လော​။ ကိုယ်တော်​၏​သဝန်တို​ခြင်း​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​မည်လော​။


ငါ​၏​သစ္စာ​နှင့် ငါ​၏​မေတ္တာကရုဏာ​သည် သူ​နှင့်အတူ​ရှိ​လိမ့်မည်​။ သူ​၏​ဦးချို​သည်​လည်း ငါ​၏​နာမ​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။


အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။ ကိုယ်တော်​သည် အစဉ်​ပုန်းရှောင်​လျက် နေ​တော်မူ​မည်လော​။ ကိုယ်တော်​၏​အမျက်ဒေါသ​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​တော်မူ​မည်လော​။


ခွန်အားကြီး​သော​သူ​သည် လောင်စာ​ကဲ့သို့​ဖြစ်၍ သူ​၏​လုပ်ဆောင်ချက်​သည် မီးပွား​ကဲ့သို့ ဖြစ်​မည်​။ နှစ်မျိုးစလုံး အတူ​လောင်ကျွမ်း​၍ မည်သူ​မျှ​ငြှိမ်းသတ်​မည်​မ​ဟုတ်​။


ထို့ကြောင့် ကိုယ်တော်​သည် ပြင်းစွာ​သော​အမျက်​တော်​၊ ပြင်းထန်​သော​စစ်ပွဲ​ကို သူ​တို့​အပေါ် ကျရောက်​စေ​တော်မူ​သဖြင့် သူ​တို့​ပတ်လည်​၌ မီး​တောက်လောင်​သော်လည်း သူ​တို့​မ​သိမှတ်​ကြ​။ သူ​တို့​ကို​မီးလောင်ကျွမ်း​သော်လည်း သူ​တို့​နှလုံး​မ​သွင်း​ကြ​။


ထာဝရဘုရား​က “ငါ​သည် သင်​တို့​လုပ်ဆောင်မှု​အကျိုးအပြစ်​အလျောက် သင်​တို့​ကို ဒဏ်ခတ်​မည်​။ သင်​တို့​တော​ကို​မီး​ရှို့​သဖြင့် သင်​တို့​နေရာ​ပတ်ပတ်လည်​ကို လောင်ကျွမ်း​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ အရေဖျားလှီး​ခြင်း​ကို​ခံ​၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရား​ထံ​ဆက်ကပ်​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို ဖယ်ရှား​ကြ​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မီး​ကဲ့သို့ မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် တောက်လောင်​လိမ့်မည်​။


မောဘ​ပြည်​ဦးချို​သည် ချိုးဖြတ်​ခံရ​ပြီ​။ သူ​၏​လက်ရုံး​သည် ကျိုး​လေ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အမျက်​ဒေါသ​သည် ဤ​အရပ်​နှင့်တကွ လူ​၊ တိရစ္ဆာန်​၊ ကွင်းပြင်​ရှိ​သစ်ပင်​၊ မြေ​အသီးအနှံ​တို့​အပေါ် သွန်ချ​မည်​။ ငါ​၏​ဒေါသ​သည် မ​ငြိမ်း​ဘဲ​တောက်လောင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် ကောင်းကင်​မှ​မီး​ကို စေလွှတ်​၍ ငါ့​အရိုး​များ​ကို လောင်ကျွမ်း​စေ​တော်မူ​ပြီ​။ ငါ့​ခြေ​ရှေ့​၌ ပိုက်ကွန်​ကို​ဖြန့်​ထား​ပြီ​။ ငါ့​ကို​နောက်​သို့​ပြန်လှည့်​စေ​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​၍ ငါ​သည် တစ်နေ့လုံး ညှိုးငယ်​လျက်​နေ​ရ​ပါ​ပြီ​။


ထာဝရဘုရား ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​။ အမျက်​တော်​မီး​ကို သွန်ချ​လေ​ပြီ​။ ဇိအုန်​မြို့​ကို​မီးရှို့​၍ မြို့​၏​အုတ်မြစ်​ကို​ပါ လောင်ကျွမ်း​စေ​လေ​ပြီ​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် ဒေါသ​ဖြင့် လေပြင်းမုန်တိုင်း​တိုက်​စေ​မည်​၊ အမျက်ထွက်​လျက် မိုးရွာ​စေ​မည်​၊ ရေလွှမ်းမိုး​စေ​မည်​။ ဒေါသ​ဖြင့် မိုးသီး​ကျ​စေ​၍ မြို့ရိုး​ကို ဖျက်ဆီး​ပစ်​မည်​။


လူ​အပေါင်း​တို့​ကို ငါ​အမျက်ထွက်​သောကြောင့် တံပိုး​မှုတ်​၍​အဆင်သင့်​ပြင်ဆင်​ထား​သော်လည်း စစ်ချီတက်​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​။


ကိုယ်တော်​၏​အမျက်​တော်​ရှေ့​၌ မည်သူ​ရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​ကို မည်သူ​ကြံ့ကြံ့​ခံနိုင်​မည်နည်း​။ အမျက်​တော်​ကို မီး​ကဲ့သို့​သွန်ချ​တော်မူ​လျှင် ရှေ့​တော်​၌ ကျောက်ဆောင်​များ ပြိုကျ​ကုန်​ပါ​၏​။


“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


မိမိ​၏​ရှေး​သန့်ရှင်း​သော​ပရောဖက်​များ​၏​နှုတ်​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​အတွက် ကယ်တင်​ခြင်း​ဦးချို​ကို ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​အမျိုးအနွယ်​တွင် ပေါ်ထွန်း​စေ​တော်မူ​ပြီ။


မိမိ​၏​ကောက်နယ်​တလင်း​ကို​လည်း အကုန်အစင်​ရှင်းလင်း​ပြီး ဂျုံ​ဆန်​ကို မိမိ​၏​ကျီ​၌​စုသိမ်း​ရန် လက်​တော်​၌ ဆန်ကော​ကို​ကိုင်​ထား​တော်မူ​၏။ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့် ရှို့​တော်မူ​လိမ့်မည်”​ဟု လူ​အပေါင်း​တို့​အား​ပြန်ပြော​လေ​၏။


ငါ့​အမျက်​မီး​သည် စွဲ​၍ မရဏာနိုင်ငံ​အောက်ဆုံး​ထိ​တိုင်အောင် တောက်လောင်​လိမ့်မည်​။ မြေကြီး​နှင့် မြေကြီး​အသီးအနှံ​တို့​ကို ဝါးမျို​၍ တောင်​များ​၏​အခြေအမြစ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ