ယေဇကျေလ 6:12 - မြန်မာ့စံမီသမ္မာကျမ်း12 ရပ်ဝေးရှိလူတို့သည် ကပ်ရောဂါဘေးဖြင့် သေရမည်။ ရပ်နီးရှိလူတို့သည် ဓားဘေးဖြင့် သေရမည်။ ထိုဘေးတို့မှလွတ်၍ ကျန်သောသူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေရမည်။ သို့မှ ငါ့အမျက်ငြိမ်းမည်။ အခန်းကိုကြည့်ပါ။Common Language Bible12 ရပ်ဝေးသို့ရောက်နေသူများသည်ဖျားနာ၍ သေရကြလျက် အနီး၌ရှိနေသူတို့မူကား စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ မသေဘဲ ကျန်ရစ်သူတို့သည်အစာငတ်၍သေရ ကြလိမ့်မည်။ သူတို့သည်ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ဝေး သော သူ သည် ရော ဂ န္တ ရ ကပ် ဖြင့် သေ လွန် ခြင်း၊ နီး သော သူ သည် သ တ္တ န္တ ရ ကပ် ဖြင့် ကျ ဆုံး ခြင်း၊ ကြွင်း ကျန်၍ ဝိုင်း ထား ခံ ရ သူ သည် ဒု ဗ္ဘိ က္ခ န္တ ရ ကပ် ဖြင့် သေ လွန် ခြင်း ခံ ရ မှ၊ အ မျက် တော် ငြိမ်း လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible12 ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ဓားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှလွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်းဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။