ယေရမိ 21:5 - မြန်မာ့စံမီသမ္မာကျမ်း5 ငါကိုယ်တိုင် အားကြီးသောလက်ရုံး၊ ပြင်းစွာသောအမျက်ဒေါသတို့ဖြင့် လက်ကိုဆန့်၍ သင်တို့ကိုတိုက်ခိုက်မည်။ အခန်းကိုကြည့်ပါ။Common Language Bible5 ငါကိုယ်တော်တိုင်မိမိ၏လက်ရုံးတော်တန် ခိုးစွမ်းအင်ရှိသမျှနှင့် ဒေါသအမျက် ချောင်းချောင်းထွက်လျက်သင်တို့ကိုတိုက် ခိုက်တော်မူမည်။- အခန်းကိုကြည့်ပါ။Garrad Bible5 ဒေါ သ အ ရှိန် နှင့် မ ဟာ အ မျက် တော် ထား လျက်၊ အား ကြီး သော လက် ရုံး တော် ကို ဆန့် တန်း ၍၊ ငါ ကိုယ် တိုင် စစ် တိုက် မည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible5 ငါ့ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက်အရှိန်အားကြီး၍၊ ဆန့်သောလက်၊ သန်စွမ်းသောလက်ရုံးနှင့် သင်တို့ကို တိုက်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။