သူ့ကို ကောင်းမွန်စွာဆက်ဆံပြောဆိုပြီး သူ၏ပလ္လင်ကို ဘေဘီလုံမြို့ရှိ အခြားဘုရင်တို့၏ပလ္လင်ထက် ချီးမြှောက်ထား၏။
ဒံယေလ 5:18 - မြန်မာ့စံမီသမ္မာကျမ်း အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။ Common Language Bible ``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။- Garrad Bible ဘု ရင် မင်း မြတ်၊ မြင့် မြတ် သော ဘု ရား သ ခင် သည် ခ မည်း တော် နေ ဗု ခဒ် နေ ဇာ မင်း အား နိုင် ငံ တော် နှင့် တ ကွ အ ထွဋ် အ မြတ်၊ ဘုန်း အာ နု ဘော် ကို သ နား တော် မူ ခဲ့ ပြီ။ Judson Bible အရှင်မင်းကြီး၊ အမြင့်ဆုံးသော ဘုရားသခင်သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော်နှင့်တကွ ရွှေဘုန်းတော်မြတ်၊ ဂုဏ်အသရေတော်ကို ပေးသနားတော်မူ၏။ |
သူ့ကို ကောင်းမွန်စွာဆက်ဆံပြောဆိုပြီး သူ၏ပလ္လင်ကို ဘေဘီလုံမြို့ရှိ အခြားဘုရင်တို့၏ပလ္လင်ထက် ချီးမြှောက်ထား၏။
အကြောင်းမူကား အမြင့်ဆုံးသောအရှင် ထာဝရဘုရားသည် အံ့ဩဖွယ်အရှင်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအုပ်စိုးသော ကြီးမြတ်သည့်ရှင်ဘုရင်ဖြစ်တော်မူ၏။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူခြင်း ရှိသည့်အတိုင်း ငါသည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို သီဆိုချီးမွမ်းမည်။
အို အမြင့်ဆုံးသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းပါမည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
သူ၏နိုင်ငံအဆုံးမရောက်မီအထိ လူမျိုးအပေါင်းတို့သည် သူနှင့်သူ၏သားမြေးတို့ထံ၌ အစေခံရလိမ့်မည်။ ထို့နောက်မှ သူသည် လူမျိုးကြီးများ၊ တန်ခိုးကြီးသောဘုရင်များထံ အစေခံရလိမ့်မည်’ဟု မိန့်တော်မူ၏။
အမြင့်ဆုံးသောအရှင် နှုတ်မြွက်သည့်အတိုင်း အကောင်း၊ အဆိုး ဖြစ်လာတတ်သည်မဟုတ်လော။
ထို့ကြောင့် သူ၏ဆိုးယုတ်မှုကို ကြပ်တည်းစွာဆုံးမမည့် လူမျိုးခြားတို့၏ဘုရင်တစ်ပါးလက်သို့ ငါအပ်လိုက်၏။ သူ့ကို ငါနှင်ထုတ်ပစ်ပြီ။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
ငါ့အား အမြင့်ဆုံးသောဘုရားသခင် ပြတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုတို့ကို ဖော်ပြလိုပါ၏။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
သူသည် လူ့အသိုင်းအဝိုင်းထဲမှ နှင်ထုတ်ခြင်းခံရ၍ သူ၏စိတ်သည် တိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်လာပြီး မြည်းရိုင်းတို့နှင့်အတူ နေခဲ့ရပါ၏။ အမြင့်ဆုံးသောဘုရားသခင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သူသိမှတ်သည့်တိုင်အောင် သူသည် နွားကဲ့သို့မြက်ကိုစား၍ ကိုယ်သည်လည်း မိုးကောင်းကင်နှင်းများနှင့် စို၍နေခဲ့ရပါ၏။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
မွန်းတည့်ချိန်တွင် လမ်း၌ နေရောင်ခြည်ထက်မကတောက်ပသော ကောင်းကင်မှအလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူခရီးသွားသူများပတ်လည်တွင် ထွန်းလင်းသည်ကို အကျွန်ုပ်မြင်ရပါသည်၊ အရှင်မင်းကြီး။
ထို့ကြောင့် အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည် ကောင်းကင်ဘုံမှဗျာဒိတ်ရူပါရုံကို နားမထောင်၍မနေဘဲ
သို့ရာတွင် အမြင့်ဆုံးသောဘုရားသည် လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။
အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။