Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 5:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ဒံယေလ​က​လည်း “​အရှင်မင်းကြီး​၏​လက်ဆောင်​များ ရှိ​ပါလေစေ​။ ဆုလာဘ်​များ​ကို​လည်း အခြား​သူ​များ​အား ပေး​ပါ​။ ထို​စာ​ကို​ဖတ်​၍ အနက်အဓိပ္ပာယ်​ကို အရှင်မင်းကြီး​အား ဖော်ပြ​ပေး​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ဒံ​ယေ​လ​က``အ​ရှင်​၏​ဆု​တော်​လာဘ်​တော် တို့​ကို ကိုယ်​တော်​ထံ​တော်​၌​သာ​ထား​ရှိ​တော် မူ​ပါ။ သို့​မ​ဟုတ်​အ​ခြား​သူ​တစ်​စုံ​တစ် ယောက်​အား​ချီး​မြှင့်​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက် ကို​အ​ရှင့်​အား​လျှောက်​ထား​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဒံ ယေ လ က လည်း ဆု လပ် တော် ကို လက် တော် တွင် ပြန် သိမ်း၍ သူ တစ် ပါး အ ဖို့ ဖြစ် ပါ စေ။ သို့ ရာ တွင် ရှေ့ တော်၌ ထို စာ ကို ဖတ်၍ အ နက် ကို ဖော် ပြ ပါ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဒံ​ယေ​လ​က​လည်း၊ ဆု​တော်​လာဘ်​တော်​ကို ကိုယ်​တော်၌ ရှိ​စေ​တော်​မူ​ပါ။ ပေး​လို​သော​အ​ရာ​များ​ကို အ​ခြား​သူ​အား ပေး​သ​နား​တော်​မူ​ပါ။ သို့​သော်​လည်း၊ ရှေ့​တော်၌ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို​ဖော်​ပြ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 5:17
8 ပူးပေါင်းရင်းမြစ်များ  

‘​ငါ​သည် အာဗြံ​ကို​ချမ်းသာကြွယ်ဝ​စေ​ပြီ​’​ဟု မင်းကြီး​ဆိုစရာ​မ​ရှိ​စေရန် မင်းကြီး​ပိုင်ဆိုင်​သော​အရာ​အားလုံး​ထဲမှ အပ်ချည်​တစ်​မျှင်​၊ သည်းကြိုး​တစ်​ချောင်း​ကို​မျှ အကျွန်ုပ်​မ​ယူ​ပါ​။


ဧလိရှဲ​က အစ္စရေး​ဘုရင်​အား “​ငါ​သည် မင်းကြီး​နှင့်​မည်သို့​ဆိုင်​သနည်း​။ အရှင့်​ခမည်းတော်​၏​ပရောဖက်​များ​၊ မယ်တော်​၏​ပရောဖက်​များ​ထံသို့ သွား​မေး​ပါ​လော့​”​ဟု ဆို​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က “​ထိုသို့​မ​ဆို​ပါ​နှင့်​။ အကျွန်ုပ်​တို့​ဤ​ဘုရင်​သုံး​ပါး​ကို မောဘ​လူမျိုး​လက်​သို့ အပ်​ဖို့ ထာဝရဘုရား ခေါ်ထုတ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​၏​။


ဧလိရှဲ​က “​ငါ​ကိုးကွယ်​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​လက်ဆောင်​ကို ငါ​လက်​မ​ခံ​”​ဟု ဆို​၏​။ လက်ဆောင်​ကို​လက်ခံ​ရန် နေမန်​တိုက်တွန်း​သော်လည်း သူ​ငြင်းဆို​၏​။


ဧလိရှဲ​က သူ့​အား “​ထို​လူ​သည် ရထား​ပေါ်​မှ​ဆင်းလာ​ပြီး သင်​နှင့်​တွေ့​သည့်​နေရာ​သို့ ငါ့​ဝိညာဉ်​သည် ရောက်​နေ​သည်​ကို သင်​မ​သိ​သလော​။ ယခု​အချိန်​သည် ငွေ​ကို​လက်ခံ​ရ​မည့်​အချိန်​လော​။ အဝတ်အစား​၊ သံလွင်ခြံ​၊ စပျစ်ခြံ​၊ သိုး​နွား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​တို့​ကို လက်ခံ​ရ​မည့်​အချိန်​လော​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ရှင်ဘုရင်​များ​ရှေ့​တွင်​ပြောကြား​ပါ​မည်​။ အကျွန်ုပ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။


သို့သော် သင်​တို့​သည် ငါ့​အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​လျှင် သင်​တို့​အား လက်ဆောင်​များ​နှင့်တကွ ဆုလာဘ်​ကို​လည်း ငါ​ပေး​မည်​။ ခမ်းနား​စွာ​ဂုဏ်ပြု​မည်​။ ထို့ကြောင့် အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ကြ​လော့​”​ဟု မိန့်ဆို​၏​။


ထိုအခါ ဗေလရှာဇာ​မင်းကြီး​အမိန့်ပေး​သဖြင့် ဒံယေလ​အား ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​ပေး​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ပေး​ပြီး တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို​အုပ်ချုပ်​ခွင့်​ရှိ​သူ​ဖြစ်ကြောင်း ကြေညာ​ကြ​လေ​၏​။


ထိုအခါ ပေတရု​က “သင်​သည် ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို ငွေ​အားဖြင့်​ဝယ်ယူ​နိုင်​သည်​ဟု​ထင်မှတ်​သောကြောင့် သင်​၏​ငွေ​သည် သင်​နှင့်အတူ​ပျက်စီး​ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ