Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 4:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 အချိန်စေ့​သောအခါ ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်​သို့​မော့ကြည့်​၍ လူ့စိတ်​ပြန်ဝင်​လေ​၏​။ ထို့ကြောင့် အမြင့်ဆုံး​သော​အရှင်​ကို ချီးမွမ်း​၏​။ ထာဝရ​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဂုဏ်တော်​၊ ဘုန်းအသရေ​တော်​ကို ချီးမြှောက်​၏​။ ကိုယ်တော်​၏​အာဏာစက်​သည် ထာဝရ​အာဏာစက် ဖြစ်​၏​။ ကိုယ်တော်​၏​နိုင်ငံ​တော်​သည်​လည်း ကာလ​အစဉ်​တည်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 မင်း​ကြီး​က``ငါ​သည်​ခု​နစ်​နှစ်​ကာ​လ​ကုန် ဆုံး​သွား​သော​အ​ခါ မိုး​ကောင်း​ကင်​သို့​မြော် ကြည့်​လိုက်​ရာ​လူ့​စိတ်​ပြန်​ရ​သ​ဖြင့် အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​အား​ထော​မ​နာ ပြု​၍ ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​၏​ဂုဏ်​တော်၊ ဘုန်း အ​သ​ရေ​တော်​ကို​ချီး​မွမ်း​ပါ​၏။ ``ကိုယ်​တော်​သည်​လော​က​ကို​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ဆို ခဲ့ သည့် ကာ လ စေ့ သော အ ခါ ငါ နေ ဗု ခဒ် နေ ဇာ သည် ကောင်း ကင် သို့ မြော် ကြည့် ရာ လူ့ စိတ် ပြန် ရ သ ဖြင့် မြင့် မြတ် သော ဘုရား ကို ဩ ဘာ ပြု၍ အ န န္တ ကာ လ ပတ် လုံး ရှင် နေ တော် မူ သော ဘု ရား ကို ချီး မွမ်း ထော မ နာ ပြု လေ၏။ အာ ဏာ စက် တော် သည် ထာ ဝ ရ ဖြစ် လျက် နိုင် ငံ တော် လည်း ကာ လ အ စဉ် တည် မြဲ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​သို့ မျှော်​ကြည့်၍ သ​တိ​ရ​ပြန်​လျှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ကောင်း​ချီး​ပေး၍၊ ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ကို ချီး​မွမ်း​ထော​မ​နာ​ပြု၏။ အာ​ဏာ​တော်​သည် ထာ​ဝ​ရ​အာ​ဏာ​ဖြစ်၏။ နိုင်​ငံ​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက်​တည်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 4:34
57 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ​ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​ရှေ့​တွင် ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း “​အကျွန်ုပ်​တို့​၏​ဘိုးဘေး အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကမ္ဘာ​အဆက်ဆက် မင်္ဂလာရှိ​တော်မူ​ပါစေသော​။


ယခုမှာ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကျေးဇူးတင်​ပါ​၏​။ ဘုန်းကြီး​သော​နာမ​တော်​ကို ချီးမွမ်း​ပါ​၏​။


“​ငါ​သည် အဝတ်မပါ​ဘဲ အမိ​ဝမ်း​ထဲမှ​ထွက်လာ​၏​။ အဝတ်မပါ​ဘဲ ပြန်သွား​ရ​တော့​မည်​။ ထာဝရဘုရား ပေးသနား​တော်မူ​၏​။ ထာဝရဘုရား ပြန်​ရုပ်သိမ်း​တော်မူ​၏​။ ထာဝရဘုရား​၏​နာမ​တော်​သည် မင်္ဂလာရှိ​ပါစေ​သတည်း​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား​သည် ကာလ​အစဉ်အဆက် ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ တိုင်းနိုင်ငံ​တို့​သည် ကိုယ်တော်​၏​ပြည်​တော်​ထဲမှ ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။


ငါ​က​လည်း “​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​အသက်တာ​၏​ခရီး​တစ်ဝက်​တွင် အကျွန်ုပ်​ကို​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​နှစ်ကာလ​တို့​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။


ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို​လည်း​ပူဇော်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါစေ​။


ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။


ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။


ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​တို့​သည် သစ္စာ​နှင့်​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့်​လည်းကောင်း ညီညွတ်​ကြ​၏​။ ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် ယုံကြည်​စိတ်ချ​ရ​၏​။


ငါ​သည် တောင်​များ​ဆီသို့ မျှော်ကြည့်​၏​။ ငါ့​ကို​ကူညီမစ​ခြင်း​အကြောင်း​သည် မည်သည့်​အရပ်​မှ​လာ​သနည်း​။


ကောင်းကင်ဘုံ​၌​စိုးစံ​တော်မူ​သော​အရှင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​မျှော်ကြည့်​ပါ​၏​။


ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​အုပ်စိုးမှု​သည်​လည်း မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။


ထာဝရဘုရား​သည် အစဉ်အမြဲ​စိုးစံ​တော်မူ​လိမ့်မည်​။ အို ဇိအုန်​၊ သင်​၏​ဘုရားသခင်​သည် ခေတ်ကာလ​အစဉ်အဆက် စိုးစံ​တော်မူ​လိမ့်မည်​။ ဟာလေလုယ​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။


ကိုယ်တော်​သည် မိမိ​၏​အစွမ်းတန်ခိုး​တော်​ဖြင့် အစဉ်အမြဲ​အုပ်စိုး​တော်မူ​၏​။ ကိုယ်တော်​၏​မျက်စိ​တော်​သည် လူမျိုးတကာ​တို့​ကို သေချာ​စွာ​ကြည့်ရှု​တော်မူ​၏​။ ငြင်းဆန်​သော​သူ​တို့​သည် သူ​တို့​ကိုယ်​သူ​တို့ မ​ချီးမြှောက်​ကြ​ပါစေ​နှင့်​။(​စေလာ)


ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​ခြင်း ရှိ​သည့်​အတိုင်း ငါ​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ အမြင့်ဆုံး​သော​ထာဝရဘုရား​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​မည်​။


အို အမြင့်ဆုံး​သော​အရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ရွှင်လန်း​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။


အို အမြင့်ဆုံး​သော​အရှင်​၊ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​သည်​လည်းကောင်း​၊ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ခြင်း​သည်​လည်းကောင်း​၊


ဆိုးညစ်​သော​ကမ္ဘာကြီး​၊ ဆိုးယုတ်​သော​ဒုစရိုက်သမား​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ မာနထောင်လွှား​သော​သူ​တို့​၏​မာန​ကို ငါ​ချုပ်ငြိမ်း​စေ​မည်​။ ကြမ်းကြုတ်​သော​သူ​တို့​၏​မာန​ကို ငါ​ချိုး​ပစ်​မည်​။


ထို​နေ့ရက်​တွင် မျက်နှာ​မောက်မာ​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


ထို့ကြောင့် အရှေ့​အရပ်​၌​လည်း ထာဝရဘုရား​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။ ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​၌​လည်း အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။


ထာဝရဘုရား​မူကား စစ်မှန်​သော​ဘုရား​ဖြစ်​၏​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရား​၊ ထာဝရ​ဘုရင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​အမျက်ထွက်​တော်မူ​လျှင် မြေကြီး​တုန်ခါ​ပါ​၏​။ လူမျိုး​အပေါင်း​တို့​သည် အမျက်​တော်​ကို မ​ခံနိုင်​ကြ​ပါ​။


အမြင့်ဆုံး​သော​အရှင် နှုတ်မြွက်​သည့်​အတိုင်း အကောင်း​၊ အဆိုး ဖြစ်လာ​တတ်​သည်​မ​ဟုတ်​လော​။


ထိုအခါ မြစ်ရေပြင်​အထက်​တွင်​ရှိ​သော ပိတ်ချောထည်​ဝတ်ဆင်​ထား​သူ​က လက်​နှစ်​ဖက်​ကို ကောင်းကင်​သို့​မြှောက်​၍ “​တစ်​ကာလ​၊ နှစ်​ကာလ​၊ ကာလ​တစ်ဝက် ကြာ​လိမ့်မည်​။ သန့်ရှင်းသူ​တို့​၏​အင်အား​ကို တစ်စစီ​ဖြိုခွဲ​ပြီးမှ ဤ​အံ့ဖွယ်​အမှု​အားလုံး​၏​အဆုံး​သည် ရောက်​လိမ့်မည်​”​ဟု ထာဝရ​အသက်ရှင်​တော်မူ​သော​အရှင်​ကို တိုင်တည်​၍ ပြောဆို​သည်​ကို ငါ​ကြား​ရ​၏​။


ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။


ငါ့​အား အမြင့်ဆုံး​သော​ဘုရားသခင် ပြ​တော်မူ​သော နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​အမှု​တို့​ကို ဖော်ပြ​လို​ပါ​၏​။


သစ်ပင်​၏​အမြစ်​နှင့်​အငုတ်​ကို ချန်ထား​ရန် မှာထား​ခြင်း​မှာ ကောင်းကင်ဘုံရှင်​သည် အုပ်စိုးပိုင်သ​သူ​ဖြစ်ကြောင်း​ကို အရှင်​သိမှတ်​တော်မူ​သောအခါ အရှင့်​နိုင်ငံ​အား ပြန်​အုပ်ချုပ်​ရ​မည်​ကို ဆိုလို​ပါ​၏​။


ကိုယ်တော်​ပြု​တော်မူ​သော​နိမိတ်လက္ခဏာ​သည် ကြီးမား​လှ​ပါ​၏​။ အံ့ဖွယ်​သော​အမှု​တို့​သည်​လည်း တန်ခိုး​ပါရှိ​၏​။ နိုင်ငံ​တော်​သည် ထာဝရ​တည်​သော​နိုင်ငံ ဖြစ်​၏​။ အာဏာစက်​သည် ကာလ​အစဉ်အဆက် တည်​တော်မူ​၏​။


သင်​သည် လူ့​အသိုင်းအဝိုင်း​မှ နှင်ထုတ်​ခြင်း​ခံရ​ပြီး တောတိရစ္ဆာန်​တို့​နှင့်အတူ နေထိုင်​ရ​မည်​။ နွား​ကဲ့သို့ မြက်​ကို​စား​ရ​မည်​။ အမြင့်ဆုံး​သော​အရှင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သင်​သိမှတ်​သည့်​တိုင်အောင် ခုနစ်​နှစ်​ပတ်လုံး နေထိုင်​ကျော်လွှား​ရ​မည်​”​ဟု ကောင်းကင်​မှ အသံ​တော်​ရောက်လာ​၏​။


ငါ လူစိတ်​ပြန်ဝင်​သော​အချိန်​တွင် ငါ့​နိုင်ငံ​တော်​ကြီး ကျက်သရေ​ရှိ​စေရန် ခန့်ညားထည်ဝါ​သော​ငါ့​အရိုက်အရာ​ကို​လည်း ငါ​ပြန်လည်​ရရှိ​၏​။ မင်း​အတိုင်ပင်ခံ​များ​၊ မှူးမတ်​များ​လည်း ငါ့​အား​ရှာဖွေ​၍ ထီးနန်း​ကို​ပြန်လည်​အပ်နှင်း​ပေး​ကြ​၏​။ ငါ့​ဘုန်းတန်ခိုး​သည်​လည်း တိုးသည်ထက်တိုး​လေ​၏​။


အို အရှင်မင်းကြီး​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် အရှင်မင်းကြီး​၏​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး​အား နိုင်ငံ​တော်​နှင့်တကွ ဘုန်းတန်ခိုး​၊ ဂုဏ်သရေ​၊ ခန့်ညားထည်ဝါမှု​တို့​ကို ပေး​တော်မူ​၏​။


သူ​သည် လူ့​အသိုင်းအဝိုင်း​ထဲမှ နှင်ထုတ်​ခြင်း​ခံရ​၍ သူ​၏​စိတ်​သည် တိရစ္ဆာန်​စိတ်​ကဲ့သို့​ဖြစ်လာ​ပြီး မြည်းရိုင်း​တို့​နှင့်အတူ နေ​ခဲ့​ရ​ပါ​၏​။ အမြင့်ဆုံး​သော​ဘုရားသခင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သူ​သိမှတ်​သည့်​တိုင်အောင် သူ​သည် နွား​ကဲ့သို့​မြက်​ကို​စား​၍ ကိုယ်​သည်​လည်း မိုးကောင်းကင်​နှင်း​များ​နှင့် စို​၍​နေ​ခဲ့​ရ​ပါ​၏​။


ငါ့​အာဏာစက်​အောက်​ရှိ​တိုင်းနိုင်ငံ​အားလုံး​မှ လူ​အပေါင်း​တို့​သည် ဒံယေလ​၏​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​ရ​မည်​ဟု ငါ​အမိန့်​ထုတ်ပြန်​လိုက်​သည်​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၊ အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မ​ပျက်စီး​နိုင်​၊ အာဏာစက်​သည်​လည်း ထာဝရ​တည်​တော်မူ​၏​။


သူ့​အား နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​၊ ဂုဏ်သရေ​ကို အပ်နှင်း​ပြီ​ဖြစ်၍ နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် သူ့​အား​ကိုးကွယ်​ကြ​လိမ့်မည်​။ သူ​၏​အာဏာစက်​သည် မ​ပျောက်ပျက်​၊ ထာဝရ​တည်​သော​အာဏာစက် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မည်သည့်​အခါ​မျှ ပျက်စီး​မည်​မ​ဟုတ်​။


ထို့နောက် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သော​လူမျိုး​တော်​သည် နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​ကို​လည်းကောင်း​၊ ကောင်းကင်​တစ်ခွင်​အောက်​ရှိ​တိုင်းနိုင်ငံ​များ​၏​ဘုန်းတန်ခိုး​တို့​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။ ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပြီး အာဏာရ​မင်း​ရှိသမျှ​သည် ကိုယ်တော့်​ကို နာခံ​၍ ဝတ်ပြု​ကြ​လိမ့်မည်’​ဟု ငါ့​အား ရှင်းပြ​၏​။


ထာဝရဘုရား​သည် စောင့်ကြည့်​လျက် အကျွန်ုပ်​တို့​ကို ဘေးဆိုး​သင့်​စေ​ပြီ​။ စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​အလုံးစုံ​တို့​သည် ဖြောင့်မှန်​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကို နား​မ​ထောင်​ဘဲ နေ​မိ​ခဲ့​ကြ​ပါ​၏​။


ထိုအခါ သူ​တို့​က “​အို ထာဝရဘုရား​၊ ဤ​သူ​၏​အသက်​ကြောင့် အကျွန်ုပ်​တို့​ကို​ပါ ဖျက်ဆီး​တော်​မ​မူ​ပါ​နှင့်​။ အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​ကို အကျွန်ုပ်​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​။ ထာဝရဘုရား​၊ ကိုယ်တော်​သည် အလို​တော်​အတိုင်း ပြု​တော်မူ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​ပြောဆို​ကြ​၏​။


ခြေမသန်သူ​ကို ကြွင်းကျန်​စေ​မည်​။ အဝေး​သို့​နှင်ထုတ်​ခံရ​သူ​ကို အားကြီး​သော​လူမျိုး​ဖြစ်​စေ​မည်​။ ထာဝရဘုရား​သည် ယခု​မှစ၍ ကာလ​အစဉ်အဆက် ဇိအုန်​တောင်​ပေါ်တွင် သူ​တို့​ကို အုပ်စိုး​တော်မူ​မည်​။


သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။


အခွန်​ကောက်ခံ​သူ​မူကား အဝေး​၌​ရပ်​လျက် ကောင်းကင်​သို့​ပင်​မော်​မ​ကြည့်​ဝံ့​ဘဲ ရင်ဘတ်စည်တီး​လျက် ‘အို ဘုရားသခင်၊ အပြစ်​များ​သော​အကျွန်ုပ်​ကို သနား​တော်မူ​ပါ’​ဟု ဆုတောင်း​၏။


အကြောင်းမူကား ခမည်းတော်​သည် မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​တော်မူ​သည်​နည်းတူ သား​တော်​အား​လည်း မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​ခွင့်​ပေး​တော်မူ​၏။


အို ကျောက်ဆောင်​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် ပြီးပြည့်စုံ​ပါ​၏​။ မှန်ပေ၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​ရှိသမျှ​တို့​သည် တရားမျှတ​ပါ​၏​။ ကိုယ်တော်​သည် မတရားမှု​ကို​မ​ပြု​၊ သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ဖြောင့်မတ်​မှန်ကန်​သော​ဘုရား​ဖြစ်​တော်မူ​၏​။


ထာဝရ​ဘုရင်၊ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​တော်မူ​သော မ​မြင်ရ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​ရှိ​ပါစေသော။ အာမင်။


ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သေ​ခြင်း​နှင့်​ကင်း​သော​အဖြစ်​၌​ရှိ​လျက် ချဉ်းကပ်​၍​မ​ရ​သော​အလင်း​၌ ကိန်းဝပ်​တော်မူ​၏။ လူ​တို့​တွင် မည်သူ​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို​မ​မြင်​ဖူး​သကဲ့သို့ မြင်​လည်း​မ​မြင်​နိုင်​ပေ။ ထို​ဘုရားသခင်​၌ ဂုဏ်သရေ​နှင့်​ထာဝရ​တန်ခိုး​အရှိန်အဝါ​ရှိ​တော်မူ​ပါစေသော။ အာမင်။


ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​ပြီး ကောင်းကင်​နှင့် ကောင်းကင်​၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း၊ မြေကြီး​နှင့် မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း၊ ပင်လယ်​နှင့် ပင်လယ်​၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း ဖန်ဆင်း​တော်မူ​သော​အရှင်​ကို တိုင်တည်​၍ “အချိန်​ကာလ​ကြာညောင်း​တော့​မည်​မ​ဟုတ်။


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။


သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​ရှေ့​၌ ပျပ်ဝပ်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​ကို​ရှိခိုး​ကာ မိမိ​တို့​၏​သရဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီးလျှင်


ထိုသို့ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ကျေးဇူး​တော်​တို့​ကို သတ္တဝါ​လေး​ပါး​တို့​သည် ချီးမွမ်း​ကြ​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ