ဒံယေလ 4:2 - မြန်မာ့စံမီသမ္မာကျမ်း2 ငါ့အား အမြင့်ဆုံးသောဘုရားသခင် ပြတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုတို့ကို ဖော်ပြလိုပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ငါ့အားအမြင့်မြတ်ဆုံးသောဘုရားသခင် ပြတော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုနားထောင်ကြ လော့။ အခန်းကိုကြည့်ပါ။Garrad Bible2 မြင့် မြတ် သော ဘု ရား သ ခင် သည် ငါ့ အား ထင် ရှား စေ တော် မူ သော နိ မိတ် လ က္ခ ဏာ အံ့ ဖွယ် ရာ များ ကို ဖော် ပြ သင့် သည် ဟု ငါ ထင် မြင်၏။ အခန်းကိုကြည့်ပါ။Judson Bible2 မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ၌ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြခြင်းငှာ ငါအလိုရှိ၏။ အခန်းကိုကြည့်ပါ။ |
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။