ဒံယေလ 5:21 - မြန်မာ့စံမီသမ္မာကျမ်း
21 သူသည် လူ့အသိုင်းအဝိုင်းထဲမှ နှင်ထုတ်ခြင်းခံရ၍ သူ၏စိတ်သည် တိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်လာပြီး မြည်းရိုင်းတို့နှင့်အတူ နေခဲ့ရပါ၏။ အမြင့်ဆုံးသောဘုရားသခင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သူသိမှတ်သည့်တိုင်အောင် သူသည် နွားကဲ့သို့မြက်ကိုစား၍ ကိုယ်သည်လည်း မိုးကောင်းကင်နှင်းများနှင့် စို၍နေခဲ့ရပါ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
21 သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
21 မြင့် မြတ် သော ဘု ရား သ ခင် သည် လူ့ ဘုံ ကို အုပ် စိုး၍ အ လို တော် ရှိ သူ့ ကို ချီး မြှင့် ခန့် ထား တော် မူ ကြောင်း သိ မှတ် ရ သည့် တိုင် အောင်၊ ထို ဘု ရင် သည် လူ့ ဘောင် မှ နှင် ထုတ် ခံ ရ သည့် ပြင် တိ ရ စ္ဆာန့် သ ဘော ရောက်၍ မြည်း ရိုင်း တို့ နှင့် အ တူ နေ ရ ခြင်း၊ နွား ကဲ့ သို့ မြက် ကို စား ရ ခြင်း၊ ကိုယ်၌ မိုး နှင်း စွတ် စို ခြင်း များ ကို ခံ ရ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
21 လူသားစုထဲက နှင်ထုတ်ခြင်းကိုခံ၍ တိရစ္ဆာန်သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိုင်ငံကို အုပ်စိုး၍၊ အလိုတော်ရှိသောသူတို့အား အပ်တော်မူသည်ကို မသိမှတ်မီတိုင်အောင်၊ မြည်းရိုင်းတို့နှင့် ပေါင်းဖော်လျက်၊ နွားကဲ့သို့ မြက်ကိုစားလျက်၊ မိုးစွတ်ခြင်းကို ခံ၍နေရ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ