အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
အို ထာ ဝ ရ ဘု ရား၊ စုံ လင် စွာ လျှောက် လိုက် ခဲ့ သော အ ကျွန်ုပ်၏ အ မှု ကို ဆုံး ဖြတ် တော် မူ ပါ။ အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား ကို မ တိမ်း မ ယိမ်း ဘဲ ကိုး စား ခဲ့ ပါ ၏။
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍၊ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။
သင်၏ကြည်ညိုကိုင်းရှိုင်းခြင်းသည် သင်၏ယုံကြည်အားထားရာ မဟုတ်လော။ တည်ကြည်စွာ ပြုမူကျင့်ကြံခြင်းသည် သင်၏မျှော်လင့်ရာ မဟုတ်လော။
ကိုယ်တော်သည် သင်၏ခြေကိုချော်စေတော်မမူ။ သင့်ကို စောင့်ရှောက်တော်မူသောအရှင်သည် ငိုက်မျဉ်းခြင်းရှိတော်မမူ။
ထိုသူကား အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူ၊ ဖြောင့်မတ်စွာပြုကျင့်သောသူ၊ မိမိစိတ်နှလုံးမှ သစ္စာစကားကိုပြောဆိုသောသူ၊
အကြောင်းမူကား ဘုရင်မင်းကြီးသည် ထာဝရဘုရားကိုယုံကြည်ကိုးစား၍ အမြင့်ဆုံးသောအရှင်၏မေတ္တာကရုဏာတော်ကို ခံစားရသဖြင့် သူသည် တုန်လှုပ်မည်မဟုတ်။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သည် အရှက်မကွဲရပါစေနှင့်။ အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အပေါ် အောင်ပွဲမခံကြရပါစေနှင့်။
အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည် အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။
အကျွန်ုပ်မူကား တည်ကြည်စွာလျှောက်လှမ်းပါ၏။ အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါ၏စိတ်နှလုံးသည် ကိုယ်တော်ကို ယုံကြည်ကိုးစားသဖြင့် ငါသည် ကူညီမစတော်မူခြင်းကိုခံရ၏။ ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ရွှင်မြူး၏။ ငါသည် ငါ့သီချင်းဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းမည်။
သို့သော် အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု အကျွန်ုပ်ဆိုပါ၏။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်းစီရင်တော်မူပါ။ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။
သူ့ဘုရားသခင်၏တရားတော်သည် သူ့စိတ်နှလုံးထဲ၌ရှိသည်ဖြစ်၍ သူသည် ခြေချော်ခြင်းရှိမည်မဟုတ်။
ဖြောင့်မတ်ခြင်းယဇ်များကိုပူဇော်၍ ထာဝရဘုရားကိုယုံကြည်ကိုးစားကြလော့။
အို ဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းစီရင်တော်မူပါ။ ဘုရားတရားမဲ့သောလူမျိုးကိုဆန့်ကျင်လျက် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူပါ။ လိမ်လည်လှည့်ဖြား၍ မတရားမှုပြုသောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
အို ဘုရားသခင်၊ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အားဖြင့် အကျွန်ုပ်ကိုစစ်ကြောစီရင်တော်မူပါ။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် တုန်လှုပ်လိမ့်မည်မဟုတ်။
ထာဝရဘုရားသည် လူမျိုးတကာတို့ကို စစ်ကြောစီရင်တော်မူ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်း၊ အကျွန်ုပ်၏တည်ကြည်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။
“ငါ့ခြေချော်ပြီ”ဟု အကျွန်ုပ်ဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်ကိုဖေးမတော်မူ၏။
ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
လူကိုကြောက်ရွံ့ခြင်းသည် ထောင်ချောက်ဖြစ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား လုံခြုံစွာနေရ၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ကတိပေးတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ယိမ်းယိုင်ခြင်းမရှိဘဲ ငါတို့ဝန်ခံသောမျှော်လင့်ခြင်းကို စွဲကိုင်ထားကြကုန်စို့။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။
ယခုမှာ ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် တရားသူကြီးအဖြစ် တရားစီရင်တော်မူပါစေသော။ ကိုယ်တော်သည် ကြည့်ရှု၍ အကျွန်ုပ်၏အမှုကို ဖြေရှင်းပေးတော်မူပါစေသော။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါစေသော”ဟု ဆိုလေ၏။