ဆာလံ 54:1 - မြန်မာ့စံမီသမ္မာကျမ်း1 အို ဘုရားသခင်၊ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အားဖြင့် အကျွန်ုပ်ကိုစစ်ကြောစီရင်တော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible1 အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်၏အာနုဘော် အားဖြင့် လွတ်မြောက်စေတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible1 အို ဘု ရား သ ခင်၊ နာ မ တော် အား ဖြင့် အ ကျွန်ုပ် ကို ကယ် တင်၍၊ တန် ခိုး တော် အား ဖြင့် စီ ရင် ဆုံး ဖြတ် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible1 အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။ အခန်းကိုကြည့်ပါ။ |
သူတို့ကို ရွေးနုတ်တော်မူသောအရှင်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ကိုယ်တော်သည် သူတို့အမှုကို ဖြေရှင်းပေးမည်ဖြစ်၍ သူတို့ပြည်သည် အေးချမ်းမည်။ ဘေဘီလုံမြို့သားတို့မူကား ဆောက်တည်ရာမရဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
“ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံတွင်စံမြန်း၍ လူမျိုးတကာတို့နေထိုင်ရာတိုင်းနိုင်ငံအလုံးစုံကို အုပ်စိုးပိုင်သတော်မူသည်မဟုတ်လော။ ကိုယ်တော်၏လက်တော်၌ အစွမ်းသတ္တိတန်ခိုး ရှိတော်မူသည်ဖြစ်၍ ကိုယ်တော်နှင့်ဆန့်ကျင်လျှင် မည်သူမျှမခံမရပ်နိုင်ပါ။