ဆာလံ 26:11 - မြန်မာ့စံမီသမ္မာကျမ်း11 အကျွန်ုပ်မူကား တည်ကြည်စွာလျှောက်လှမ်းပါ၏။ အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible11 ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible11 အ ကျွန်ုပ် မူ ကား စုံ လင် စွာ လျှောက် လိုက် ပါ မည်။ ရွေး နုတ်၍၊ က ရု ဏာ သက် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible11 အကျွန်ုပ်မူကား၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်ပါ၏။ အကျွန်ုပ်ကို ရွေးနုတ်၍ ကယ်မသနားတော်မူပါ။ အခန်းကိုကြည့်ပါ။ |
လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။