ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
၂ သက် 3:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်းအတိုင်း မလိုက်နာဘဲ ပျင်းရိလေလွင့်နေသော ယုံကြည်သူတို့နှင့် မပေါင်းဖော်ရန် ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တို့သည် သင်တို့ကို ညွှန်ကြားလိုက်ပါ၏။ Common Language Bible ညီအစ်ကိုတို့၊ အပျင်းကြီးသူညီအစ်ကို အပေါင်းတို့နှင့်လည်းကောင်း၊ ငါတို့ပေးအပ် သည့်ညွှန်ကြားချက်များကိုမလိုက်နာသူ တို့နှင့်လည်းကောင်း မပေါင်းဖော်ကြရန်အရှင် ယေရှုခရစ်၏နာမတော်ကိုအမှီပြုလျက် သင်တို့ကိုငါတို့ပညတ်၏။- Garrad Bible ညီ အစ် ကို တို့၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော်၌ မိန့် မှာ သည် ကား၊ ငါ တို့ ထံ မှ ခံ ရ သော ထုံး နည်း အ တိုင်း မ လိုက်၊ လေ လွင့် ကျင့် ကြံ သော ညီ အစ် ကို ရှိ သ မျှ ထံ မှ ဖဲ ကြဉ် ကြ လော့။ Judson Bible တစ်နည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါတို့ထံမှခံယူရရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ မလိုက်လျှောက်ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်လျှောက်လှမ်းနေကြသော ညီအစ်ကိုအားလုံးကို ရှောင်ကြဉ်ကြရန် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်တို့ကို ငါတို့ညွှန်ကြားကြ၏။ |
ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
သင်တို့သည် ကျွန်ုပ်ကို အစဉ်သတိရ၍ ကျွန်ုပ်လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များကို လိုက်နာကြသောကြောင့် သင်တို့ကို ကျွန်ုပ်ချီးမွမ်း၏။
ယခင်က သင်တို့ထံ ပို့သည့် စာ၌ တရားနှင့်မညီသော မေထုန်ကို ပြုသူများနှင့် မပေါင်းဖော်ကြရန် ကျွန်ုပ်ရေးသားမှာကြားခဲ့၏။
သင်တို့ ခွင့်လွှတ်သောသူကို ကျွန်ုပ်လည်း ခွင့်လွှတ်၏။ ကျွန်ုပ်သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်စရာရှိ၍ ခွင့်လွှတ်လျှင် သင်တို့အကျိုးအတွက် ခရစ်တော်၏ရှေ့တော်၌ ခွင့်လွှတ်၏။
ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။
အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ထို့ပြင် ကျွန်ုပ်တို့ သွန်သင်ခဲ့သည်အတိုင်း သင်တို့သည် တည်ငြိမ်အေးချမ်းစွာ နေထိုင်ရန် ရည်မှန်းချက်ထား၍ မိမိတို့အရေးကိစ္စများကို အာရုံစိုက်လျက် မိမိတို့လက်ဖြင့် လုပ်ဆောင်လော့။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… ပျင်းရိသူများကို သတိပေးဆုံးမကြလော့။ စိတ်ပျက်အားလျော့သူများကို အားပေးကြလော့။ အားနည်းသူများကို ကူညီကြလော့။ လူတိုင်းအပေါ်တွင် စိတ်ရှည်ကြလော့။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… ခိုင်မြဲစွာ ရပ်တည်ကြလော့။ စကားဖြင့်ဖြစ်စေ၊ စာဖြင့် ဖြစ်စေ သင်တို့ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်အရာများကို ဆက်လက်ယုံကြည်ကြလော့။
ကျွန်ုပ်တို့၏ စံနမူနာကို သင်တို့မည်သို့ ယူသင့်သည်ကို သိကြ၏။ ကျွန်ုပ်တို့သည် သင်တို့နှင့် အတူနေထိုင်စဉ်က ပျင်းရိလေလွင့်၍ မနေခဲ့ကြ။
မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ ဤညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့ ရှေ့၌လည်းကောင်း၊ ရွေးကောက်တော်မူသောကောင်းကင်တမန်တို့ရှေ့၌လည်းကောင်း သင့်ကို ကျွန်ုပ်အလေးအနက် ညွှန်ကြားလို၏။
ထို့ပြင် အသိစိတ်ဖောက်ပြန်ပြီး အမှန်တရားကို ကျောခိုင်းသောသူတို့အကြား အဆုံးမသတ်နိုင်သောအငြင်းပွားမှုများ ဖြစ်လာ၏။ ထိုသူတို့သည် ဘုရားတရားကိုင်းရှိုင်းလျှင် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်ကြ၏။
ဘုရားတရား ကိုင်းရှိုင်းယောင်ဆောင်၍ ကိုင်းရှိုင်းခြင်း၏တန်ခိုးတော်ကို ငြင်းပယ်သူများဖြစ်လာကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
နိုင်ငံတော်တည်ထောင်ရန် ကြွလာပြီး အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်မည့်ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌လည်းကောင်း သင့်အား ကျွန်ုပ်အလေးအနက်တိုက်တွန်းလိုက်ပါ၏။
တစ်စုံတစ်ယောက်သည် သင်တို့ထံသို့ လာ၍ ဤသွန်သင်ချက်ကို မဝေမျှလျှင် ထိုသူကို သင်တို့အိမ်သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်းလည်း မဆက်ကြနှင့်။