Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ယော 1:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 တစ်စုံတစ်ယောက်​သည် သင်တို့​ထံသို့ လာ​၍ ဤ​သွန်သင်ချက်​ကို မဝေမျှ​လျှင် ထို​သူ​ကို သင်တို့​အိမ်​သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်း​လည်း မဆက်ကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထို​တရား​တော်​ကို​မ​သွန်​သင်​သော​သူ​သည် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ သင် တို့​အိမ်​တွင်​လက်​မ​ခံ​ကြ​နှင့်။ သူ့​အား​နှုတ် ခွန်း​ပင်​မ​ဆက်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 မည် သူ မ ဆို ထို ဒေ သ နာ တော် မ ကြော် ငြာ ဘဲ သင် တို့ ထံ ရောက် လာ လျှင် ဧည့် မ ခံ နှင့်။ နှုတ် ခွန်း လည်း မ ဆက် နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ဒေ​သ​နာ​တော် မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင်၊ သူ့​ကို သင့်​အိမ်၌ လက်​မ​ခံ​နှင့်။ မင်္ဂ​လာ​ရှိ​စေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဤ​သွန်သင်​ချက်​မ​ပါ​သော​သူ​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို အိမ်​၌​လက်​မ​ခံ​ကြ​နှင့်။ နှုတ်ခွန်း​လည်း​မ​ဆက်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ယော 1:10
14 ပူးပေါင်းရင်းမြစ်များ  

စိတ်ဝမ်း​ကွဲစေတတ်သောသူ​ကို နှစ်ကြိမ်​ထိတိုင် သတိပေး​ပြီးနောက် မနာခံ​လျှင် ထို​သူ​နှင့် အဆက်အသွယ်​ဖြတ်လော့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း​အတိုင်း မလိုက်နာဘဲ ပျင်းရိ​လေလွင့်နေသော ယုံကြည်သူတို့​နှင့် မပေါင်းဖော်​ရန် ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ညွှန်ကြားလိုက်ပါ၏။


တစ်စုံတစ်ယောက်​သည် ဤ​စာ​တွင် ပါသော ညွှန်ကြားချက်များ​ကို နားမထောင်​လျှင် ထို​သူ​ကို အရှက်ရ​စေရန် မှတ်သားထား​၍ ထို​သူ​နှင့် မပေါင်းဖော်ကြနှင့်။


ကျွန်ုပ်​ဆိုလိုသည်​မှာ ယုံကြည်သူ​ဖြစ်သည်​ဟု ဆို​လျက် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တု​ကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူ​ဖြစ်နေ​လျှင် ထို​သူ​နှင့် မပေါင်းဖော်ကြ​ရန် သာမက သူ​နှင့်အတူ စားသောက်ခြင်း​ကိုပင် မပြုကြနှင့်​ဟူ၍ ဖြစ်၏။


ထို​သူတို့​အား နှုတ်ခွန်းဆက်သောသူ​သည် ထို​သူ​၏ ဆိုးညစ်သော​အမှု​တွင် ပါဝင်ရာ​ရောက်၏။


မည်သူမဆို သခင်ဘုရား​ကို မချစ်​လျှင် ထို​သူ​သည် ကျိန်ဆိုခြင်း​ကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။


ထို​သူတို့​နှင့်အတူ ပေးလိုက်သော​စာ​တွင် သင်တို့​၏​ညီအစ်ကိုများ​ဖြစ်သည့် တမန်တော်များ​နှင့် အသင်းတော်​အကြီးအကဲများ​သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​ရှိ လူမျိုးခြား​ယုံကြည်သူများ​အား နှုတ်ခွန်းဆက်သလိုက်ပါ၏။


ထို့ကြောင့် ကျွန်ုပ်​ရောက်လာ​သောအခါ သူ​ပြုသော​အမှုတို့​ကို ထုတ်ဖော်​ပြောဆိုမည်။ သူ​သည် ကျွန်ုပ်တို့​အကြောင်း​ကို ဆိုးညစ်သော​စကားများ​နှင့် မဟုတ်တမ်းတရမ်း​ပြောဆို၏။ ဤမျှ​နှင့် မကျေနပ်ဘဲ သူ​ကိုယ်တိုင်​ပင်လျှင် ယုံကြည်သူတို့​ကို လက်မခံ၊ လက်ခံလိုသောသူတို့​ကိုလည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ