သို့သော်လည်း နောင်ဘဝတွင် သေရာမှပြန်ရှင်ခွင့်ကို ခံစားထိုက်သောသူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။
၂ သက် 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာသည် ဘုရားသခင်၏ တရားစီရင်တော်မူခြင်းက တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထားဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသောကြောင့် ထိုနိုင်ငံတော်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခံရရန် ရည်ရွယ်၏။ Common Language Bible ဤတွင်ဘုရားသခင်၏စီရင်တော်မူချက် သည်တရားမျှတကြောင်းထင်ရှား၏။ သို့ ဖြစ်၍သင်တို့သည်ကိုယ်တော်၏နိုင်ငံတော် နှင့်ထိုက်တန်သူများဖြစ်လာကြလိမ့်မည်။ သင်တို့သည်နိုင်ငံတော်အတွက်ကြောင့် ယခုဆင်းရဲဒုက္ခခံနေရကြသည်။- Garrad Bible ထို သို့ နေ ကြ သည် မှာ ဘု ရား သ ခင့် နိုင် ငံ တော့် အ တွက် ဒု က္ခ ခံ ရ သော သင် တို့ ကို ထို နိုင် ငံ တော် နှင့် ထိုက် တန် သူ များ အ ဖြစ် မှတ် တော် မူ ပြီ ဟု တ ရား သ ဖြင့် ဘု ရား သ ခင် စီ ရင် တော် မူ သော သက် သေ လ က္ခ ဏာ တည်း။ Judson Bible သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေ ခြင်းငှာ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် ဒုက္ခဝေဒနာခံစားရသောသင်တို့ကို ထိုနိုင်ငံတော်နှင့်ထိုက်တန်သောသူဖြစ်စေရန် စီရင်တော်မူသော ဘုရားသခင်၏ဖြောင့်မတ်သည့်တရားစီရင်ခြင်းကို ထင်ရှားစေသောအထောက်အထားဖြစ်၏။ |
သို့သော်လည်း နောင်ဘဝတွင် သေရာမှပြန်ရှင်ခွင့်ကို ခံစားထိုက်သောသူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
သင်တို့ကို ဆန့်ကျင်သောသူများကြောင့် မကြောက်ရွံ့ကြနှင့်။ ဤသို့မကြောက်ရွံခြင်းသည် သူတို့အတွက် ပျက်စီးမည့်လက္ခဏာဖြစ်ပြီး သင်တို့အတွက်မူ ဘုရားသခင်ကိုယ်တိုင် ကယ်တင်မည့်လက္ခဏာဖြစ်၏။
အလင်းနိုင်ငံတော်၌နေသော ယုံကြည်သူလူစုထဲတွင် ဝင်ရောက်ခွင့်ထိုက်သူ ဖြစ်စေတော်မူသော အဖဘုရားသခင်ကို ကျေးဇူးတင်ကြရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
ညီအစ်ကိုမောင်နှမတို့… ယေရှုခရစ်တော်ကို ယုံကြည်သည့် ယုဒပြည်၌ ရှိကြသော ဘုရားသခင်၏အသင်းတော်များ တွေ့ကြုံသကဲ့သို့ သင်တို့တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများလက်တွင် ထိုအသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခမျိုးကို သင်တို့သည်လည်း မိမိတို့လူမျိုးချင်း၏လက်တွင် ခံစားကြရ၏။
ထို့ကြောင့် ကျွန်ုပ်တို့ဘုရားသခင်သည် သင်တို့ကို ခေါ်တော်မူခြင်းနှင့် ထိုက်တန်သူများဖြစ်စေတော်မူရန် သင်တို့အတွက် ကျွန်ုပ်တို့အစဉ် ဆုတောင်းကြ၏။ သင်တို့သည် ကိုယ်တော်၏ တန်ခိုးတော်ကြောင့် ကောင်းမှုပြုလိုသောဆန္ဒနှင့် ယုံကြည်ခြင်းက လှုံ့ဆော်သောအမှုကို ပြီးမြောက်စေတော်မူရန် ကျွန်ုပ်တို့ဆုတောင်း၏။
ဆင်းရဲဒုက္ခကို ခံနိုင်လျှင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ကို ငြင်းပယ်လိမ့်မည်။
အို ထာဝရဘုရား… ကိုယ်တော်ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်၏ နာမတော်ကို မချီးမွမ်းသောသူဟူ၍ ရှိပါမည်လော။ ကိုယ်တော်တစ်ပါးတည်းသာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်သောလုပ်ဆောင်မှုတို့သည် ပေါ်လွင်ထင်ရှားသောကြောင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့တော်သို့ လာ၍ ကိုးကွယ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။
ထို့နောက် “မှန်ပါ၏။ အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟူ၍ ယဇ်ပလ္လင်မှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတသောကြောင့်ဖြစ်၏။ တရားနှင့်မညီသော မေထုန်ကိုပြုခြင်းဖြင့် ကမ္ဘာလောကကို ပျက်စီးစေသော ပြည့်တန်ဆာကြီးကို စီရင်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့ကို သတ်သောကြောင့် လက်တုံ့ပြန်တော်မူပြီ” ဟူ၍ ဖြစ်၏။
သို့ရာတွင် သာဒိမြို့၌ မိမိတို့အဝတ်ကို မညစ်ညူးစေသောသူတချို့ ရှိကြသေး၏။ သူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကို ဝတ်ဆင်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။