Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 20:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 သို့သော်လည်း နောင်ဘဝ​တွင် သေရာ​မှ​ပြန်ရှင်ခွင့်​ကို ခံစားထိုက်သော​သူတို့​သည် လက်ထပ်ယူခြင်း​နှင့် လက်ထပ်​ပေးစားခြင်း​ကို ပြုကြမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 သို့​ရာ​တွင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​၍ တ​မ​လွန်​သို့​ဝင်​ထိုက်​သော​သူ​တို့​မူ​ကား ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​ကြ​ကုန်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35-36 သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက်၍ နောင် ဘ ဝ သို့ ဝင် စား ခွင့် ရ သူ တို့ မူ ကား စေ တ မန် တော် တို့ နှင့် တူ မျှ လျက် ရှင် ပြန် ထ မြောက် ခြင်း ဆိုင် ရာ သား၊ ဘု ရား သ ခင့် သား များ ဖြစ်၍ သေ ခြင်း ကင်း သော ကြောင့် အိမ် ထောင် ခြင်း၊ ပေး စား ခြင်း ကို မ ပြု တတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 နောင်​ဘ​ဝ​ကို​လည်း​ကောင်း၊ သေ​ခြင်း​မှ ထ​မြောက်​ခြင်း​ကို​လည်း​ကောင်း ရ​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် စုံ​ဖက်​ခြင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု​တတ်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 သို့သော် တမလွန်​ကာလ​သို့​ဝင်စား​ရန်​နှင့် သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​ရန် ထိုက်တန်​သည်​ဟု​မှတ်ယူ​ခြင်း​ခံရ​သော​သူ​တို့​သည် ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 နောင်​ဘ​ဝ​ကို​လည်း​ကောင်း၊ သေ​ခြင်း​မှ ထ​မြောက်​ခြင်း​ကို​လည်း​ကောင်း ရ​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် စုံ​ဖက်​ခြင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု​တတ်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 20:35
13 ပူးပေါင်းရင်းမြစ်များ  

လူသား​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရနိုင်​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသော​သူ​သည် ယခု​ဘဝ၊ နောင်ဘဝ​၌ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။


ယေရှု​က “သင်တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုးတော်​ကို​လည်းကောင်း မသိ​သောကြောင့် အယူလွဲနေကြ၏။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​အား မိမိ​ထံသို့ ခေါ်​လျက် “လူမျိုးခြားများ​၏​အစိုးရမင်းတို့​သည် လူများ​အပေါ် အုပ်စိုးခြယ်လှယ်​တတ်ကြ၏။ အကြီးအမှူးတို့​သည်လည်း မိမိ​လက်အောက်တွင်​ရှိသော လူများ​အပေါ် အာဏာပြတတ်ကြ၏။


ယေရှု​က “သင်တို့​သည် ကျမ်းစာတော်​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုးတော်​ကို​လည်းကောင်း မသိ​သောကြောင့် အယူလွဲနေကြ၏။


ထိုအခါ သူဌေး​သည် မရိုးသားသော​စီမံခန့်ခွဲသူ​၏​ပါးနပ်သည့်​လုပ်ရပ်များ​ကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့​သည် မိမိတို့​၏​လောကီရေးရာ​ကို လုပ်ဆောင်ရာ​တွင် အလင်း​၏​သားသမီးများ​ထက် ပါးနပ်ကြ​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့​မှ လွတ်မြောက်ရေး​အတွက် အားအင်​ရရှိ​ရန်​နှင့် လူသား​ရှေ့တော်မှောက်​တွင် ရပ်​နိုင်ရန် အချိန်​တိုင်း ဆုတောင်း​၍ သတိ​နှင့်​နေကြလော့” ဟု မိန့်တော်မူ၏။


ကောင်းမှု​ပြုသော​သူတို့​သည် သေရာ​မှ ထမြောက်​၍ ပြန်ရှင်​လိမ့်မည်။ မကောင်းမှု​ပြုသော​သူတို့​သည် သေရာ​မှ​ထမြောက်​၍ အပြစ်စီရင်ခြင်း​ခံရ​လိမ့်မည်။


ဖြောင့်မတ်သော​သူ၊ မဖြောင့်မတ်သော​သူ အပေါင်းတို့​သည် သေရာ​မှ​ပြန်ရှင်​လိမ့်မည်​ဟု သူတို့​စောင့်မျှော်​လျက်​နေ​သကဲ့သို့ အကျွန်ုပ်​သည်လည်း ဘုရားသခင်​ကို အမှီပြု​၍ စောင့်မျှော်​လျက်​နေပါ၏။


တမန်တော်တို့​သည် ယေရှု​၏​အမည်​နာမ​ကြောင့် အရှက်ခွဲခြင်း​ကို​ခံထိုက်သူများ​အဖြစ် ဘုရားသခင်​မှတ်ယူတော်မူ​သောကြောင့် ဝမ်းမြောက်​လျက် တရားလွှတ်တော်​မှ ထွက်သွားကြ၏။


ဤ​အရာ​သည် ဘုရားသခင်​၏ တရားစီရင်တော်မူခြင်း​က တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထား​ဖြစ်ပြီး ထိုသို့ ဘုရားသခင်​၏ နိုင်ငံတော်​အတွက် ဆင်းရဲ​ဒုက္ခ​ခံရ​သောကြောင့် ထို​နိုင်ငံတော်​နှင့် ထိုက်တန်သည်​ဟု သတ်မှတ်ခံရ​ရန် ရည်ရွယ်၏။


အချို့​အမျိုးသမီးများ​သည် မိမိတို့​၏ ဆွေမျိုးများ သေရာ​မှ ထမြောက်လာ​သောကြောင့် သူတို့​ကို ပြန်လည်​ရရှိကြ၏။ အချို့​လူတို့​သည် ပိုမို​မွန်မြတ်သော​ဘဝ​သို့ ထမြောက်​လို​သဖြင့် လွတ်မြောက်ခွင့်​ကို လက်မခံဘဲ နှိပ်စက်ညှဉ်းပန်းခြင်း​ကို ခံကြ၏။


သို့ရာတွင် သာဒိမြို့​၌ မိမိတို့​အဝတ်​ကို မညစ်ညူး​စေသော​သူ​တချို့ ရှိကြသေး၏။ သူတို့​သည် ထိုက်တန်သော​သူများ​ဖြစ်​သောကြောင့် ဖြူသော​အဝတ်​ကို ဝတ်ဆင်​လျက် ငါ​နှင့်အတူ သွားလာကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ