Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 1:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို့ကြောင့် ကျွန်ုပ်တို့​ဘုရားသခင်​သည် သင်တို့​ကို ခေါ်တော်မူခြင်း​နှင့် ထိုက်တန်သူများ​ဖြစ်စေတော်မူ​ရန် သင်တို့​အတွက် ကျွန်ုပ်တို့​အစဉ် ဆုတောင်းကြ၏။ သင်တို့​သည် ကိုယ်တော်​၏ တန်ခိုးတော်​ကြောင့် ကောင်းမှု​ပြုလိုသော​ဆန္ဒ​နှင့် ယုံကြည်ခြင်း​က လှုံ့ဆော်သော​အမှု​ကို ပြီးမြောက်​စေတော်မူ​ရန် ကျွန်ုပ်တို့​ဆုတောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​သင်​တို့ အ​တွက်​အ​စဉ်​အ​မြဲ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ပြု​မူ​ကျင့် ကြံ​နိုင်​ကြ​စေ​ရန် ငါ​တို့​၏​ဘု​ရား​သ​ခင် အား​ငါ​တို့​တောင်း​လျှောက်​ကြ​၏။ ကိုယ်​တော် သည်​တန်​ခိုး​တော်​အား​ဖြင့်​သင်​တို့​၏​ကောင်း မြတ်​သည့်​လို​အင်​ဆန္ဒ​ရှိ​သ​မျှ​ကို​ပြည့်​ဝ စေ​တော်​မူ​၍ သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ရ ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ပြီး​မြောက် ခွင့်​ပေး​တော်​မူ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-12 သို့ ဖြစ်၍ ငါ တို့ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် အ လျောက် သင် တို့ အား ဖြင့် အ ရှင် ယေ ရှု၏ နာ မ တော် ဘုန်း ပွင့် စေ ရန်လည်း ကောင်း၊ ကိုယ် တော် အား ဖြင့် သင် တို့ ဘုန်း ပွင့် စေ ရန်လည်း ကောင်း၊ ငါ တို့ ဘု ရား သ ခင် သည် သင် တို့ ကို ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် တန် သော သူ များ ဟု မှတ် ယူ တော် မူ လျက် တန် ခိုး တော် ဖြင့် ကောင်း မွန် သော အ ကြံ၊ ယုံ ကြည် ခြင်း ဆိုင် ရာ အ ကျင့် ရှိ သ မျှ ပြည့် စုံ စေ တော် မူ ပါ မည့် အ ကြောင်း သင် တို့ အ ဖို့ ငါ တို့ အ စဉ် ပ ဌ နာ ပြု ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11-12 ထို​ကြောင့် ငါ​တို့​ဘု​ရား​သ​ခင်​နှင့် အ​ရှင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​အ​တိုင်း၊ ထို​သ​ခင်၏​နာ​မ​တော်​ကို သင်​တို့​အား​ဖြင့် ဘုန်း​ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ကို​လည်း ထို​သ​ခင်​အား​ဖြင့် ဘုန်း​ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ခေါ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ၍၊ ကောင်း​မြတ်​တော်​မူ​ခြင်း၏ စေ​တ​နာ​အ​ပေါင်း​နှင့် သင်​တို့၏​ယုံ​ကြည်​ခြင်း​အ​မှု​ကို တန်​ခိုး​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း၊ ငါ​တို့​သည် သင်​တို့​အ​ဖို့ အ​စဉ်​ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ကြောင့် ငါ​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​သော​သူ​များ​ဖြစ်စေ​၍ ကောင်းမြတ်​သော​အမှု​ကို​ပြုလို​သော​စေတနာ​စိတ်​ရှိသမျှ​နှင့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု​တို့​ကို တန်ခိုး​တော်​အားဖြင့် သင်​တို့​၌​ပြည့်စုံ​စေ​တော်မူ​မည့်​အကြောင်း သင်​တို့​အတွက် ငါ​တို့​အစဉ်အမြဲ​ဆုတောင်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 1:11
41 ပူးပေါင်းရင်းမြစ်များ  

မြေ​သည် အလိုအလျောက် အသီး​သီးစေ၏။ ဦးစွာ အညှောက်၊ ထို့နောက် အနှံ၊ တစ်ဖန် ထို​အနှံ​ထဲမှ အောင်သော​အဆန်​ကို ဖြစ်စေ၏။


အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့​၏​အဖ​သည် သင်တို့​အား နိုင်ငံတော်​ကို ပေး​ရန် အလိုတော်​ရှိတော်မူ၏။


သင်တို့​အတွက် ကျွန်ုပ်​အစဉ်မပြတ် ဆုတောင်းပေး​လျက်​ရှိ၏။ ထိုသို့​ဆုတောင်းပေးခြင်း​နှင့်​ပတ်သက်၍ သားတော်​၏​သတင်းကောင်း​ကို ဟောပြော​ကာ စိတ်နှလုံး​အပြည့်အဝ​ဖြင့် ကျွန်ုပ်​အစေခံ​လျက်​ရှိသော ဘုရားသခင်​သည် သက်သေ​ဖြစ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ပေးသနားတော်မူသော ဆုကျေးဇူးများ​နှင့် ခေါ်ယူခြင်းတို့​ကို ပြန်၍​ရုပ်သိမ်း​တော်မမူတတ်​သောကြောင့် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ကောင်းခြင်း​နှင့် ပြည့်စုံ​၍ အသိပညာ​ကြွယ်​သဖြင့် အချင်းချင်း ပဲ့ပြင်​သွန်သင်​နိုင်စွမ်း​ရှိသည်​ကို ကျွန်ုပ် အပြည့်အဝ​ယုံကြည်၏။


ထိုသို့ ဘုရားသခင်​သည် မိမိ​ရွေးကောက်ထားသော​သူတို့​ကို ခေါ်တော်မူ၏။ ခေါ်တော်မူ​ပြီးနောက် ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ​ပြီးနောက် ဘုန်းအသရေ​ကို ပေးတော်မူ၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာတော်မူမည့်​နေ့​တွင် သင်တို့​၌ အပြစ်​ကင်းနေ​စေရန်​အတွက် ကိုယ်တော်​သည် သင်တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့မြဲမြံ​စေတော်မူ​လိမ့်မည်။


ကျွန်ုပ်​သည် သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်မပြတ် ကျေးဇူးတင်​၍ သတိတရ ဆုတောင်းပေးနေ၏။


ယေရှု​ခရစ်တော်​အားဖြင့် မိမိ​၏​သားသမီး​အဖြစ် ကြိုတင်​သတ်မှတ်တော်မူ၏။ ဤ​အရာ​သည် ဘုရားသခင် နှစ်သက်တော်မူသော​အရာ​နှင့် အလိုရှိတော်မူသော​အရာ​ပင် ဖြစ်၏။


ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ပြုတော်မူမည်​ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို မိမိ နှစ်သက်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​ကို ဖော်ပြတော်မူ၏။


သင်တို့​အထဲ​တွင် ကောင်းသော​အမှု​ကို စတင်​ဆောင်ရွက်​တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော် ပြန်ကြွလာသည့် နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်သည်​အထိ ဆက်​၍ ပြုတော်မူမည်​ဟု ကျွန်ုပ်​စိတ်ချ​ယုံကြည်ပါ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​နှစ်သက်စေမည့်​အရာ​ကို ဆောင်ရွက်လိုသော​စိတ်ဆန္ဒ​ရှိရန်​နှင့် ဆောင်ရွက်နိုင်စွမ်း​ရှိရန် သင်တို့​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော​အရှင်​သည် ဘုရားသခင်​ဖြစ်တော်မူ​သောကြောင့်​ဖြစ်၏။


ဆု​ကို ရရှိ​ရန် ပန်းတိုင်​သို့ ကြိုးပမ်း​၍ ပြေး၏။ ထို​ဆု​သည် ယေရှု​ခရစ်တော်​ပြုခဲ့သော​အမှု​အားဖြင့် ကျွန်ုပ်​ကို အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ဖိတ်တော်မူခြင်း​ဆု ဖြစ်၏။


ဤ​အရာ​သည် ဘုရားသခင်​၏ တရားစီရင်တော်မူခြင်း​က တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထား​ဖြစ်ပြီး ထိုသို့ ဘုရားသခင်​၏ နိုင်ငံတော်​အတွက် ဆင်းရဲ​ဒုက္ခ​ခံရ​သောကြောင့် ထို​နိုင်ငံတော်​နှင့် ထိုက်တန်သည်​ဟု သတ်မှတ်ခံရ​ရန် ရည်ရွယ်၏။


ထိုသို့ ကယ်တင်ခံရ​ရန် ဘုရားသခင်​သည် ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​ဖြင့် သင်တို့​ကို ခေါ်တော်မူ၏။ ဤသို့​ခေါ်ခြင်း​သည် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ဘုန်းအသရေ​ကို သင်တို့​ခံစားရရှိ​နိုင်ရန် ဖြစ်၏။


ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို စတင်​ဖြစ်တည်စေ​၍ ပြီးပြည့်စုံစေသော ယေရှု​၏​အကြောင်း​ကို အစဉ်​တွေးတော​ဆင်ခြင်ကြစို့။ ကိုယ်တော်​သည် မိမိ​ရှေ့​၌ရှိသော ဝမ်းမြောက်စရာ​အကြောင်း​ကြောင့် အရှက်​ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်​၏​ဝေဒနာ​ကို သည်းခံတော်မူ၏။ ယခု​တွင်မူ ဘုရားသခင်​၏ ရာဇပလ္လင် လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


သို့ရာတွင် သာဒိမြို့​၌ မိမိတို့​အဝတ်​ကို မညစ်ညူး​စေသော​သူ​တချို့ ရှိကြသေး၏။ သူတို့​သည် ထိုက်တန်သော​သူများ​ဖြစ်​သောကြောင့် ဖြူသော​အဝတ်​ကို ဝတ်ဆင်​လျက် ငါ​နှင့်အတူ သွားလာကြ​လိမ့်မည်။


ကိုယ်တော်​သည် ထို​သူတို့​အား ဘုရားသခင်​၏​လူမျိုးတော်​နှင့် ယဇ်ပုရောဟိတ်များ​ဖြစ်စေတော်မူ၏။ ထို​သူတို့​သည် ကမ္ဘာလောက​ကို အုပ်စိုးကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ