၂ သက် 1:5 - မြန်မာ့စံမီသမ္မာကျမ်း5 ဤသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် ဒုက္ခဝေဒနာခံစားရသောသင်တို့ကို ထိုနိုင်ငံတော်နှင့်ထိုက်တန်သောသူဖြစ်စေရန် စီရင်တော်မူသော ဘုရားသခင်၏ဖြောင့်မတ်သည့်တရားစီရင်ခြင်းကို ထင်ရှားစေသောအထောက်အထားဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ဤတွင်ဘုရားသခင်၏စီရင်တော်မူချက် သည်တရားမျှတကြောင်းထင်ရှား၏။ သို့ ဖြစ်၍သင်တို့သည်ကိုယ်တော်၏နိုင်ငံတော် နှင့်ထိုက်တန်သူများဖြစ်လာကြလိမ့်မည်။ သင်တို့သည်နိုင်ငံတော်အတွက်ကြောင့် ယခုဆင်းရဲဒုက္ခခံနေရကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible5 ထို သို့ နေ ကြ သည် မှာ ဘု ရား သ ခင့် နိုင် ငံ တော့် အ တွက် ဒု က္ခ ခံ ရ သော သင် တို့ ကို ထို နိုင် ငံ တော် နှင့် ထိုက် တန် သူ များ အ ဖြစ် မှတ် တော် မူ ပြီ ဟု တ ရား သ ဖြင့် ဘု ရား သ ခင် စီ ရင် တော် မူ သော သက် သေ လ က္ခ ဏာ တည်း။ အခန်းကိုကြည့်ပါ။Judson Bible5 သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေ ခြင်းငှာ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ဤအရာသည် ဘုရားသခင်၏ တရားစီရင်တော်မူခြင်းက တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထားဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသောကြောင့် ထိုနိုင်ငံတော်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခံရရန် ရည်ရွယ်၏။ အခန်းကိုကြည့်ပါ။ |
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။