လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
၂ ပေ 3:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က “ယေရှုပြန်ကြွလာမည် ဟူသော ကတိတော်သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီးကတည်းက အရာအားလုံးသည် ကမ္ဘာဦးအစ ဖန်ဆင်းခဲ့သည့်အချိန်ကအတိုင်း ဆက်လက်ရှိနေဆဲပင် ဖြစ်၏” ဟူ၍ ပြောကြလိမ့်မည်။ Common Language Bible `သခင်ဘုရားသည်မိမိတစ်ဖန်ကြွလာ တော်မူမည်ဟုကတိထားတော်မူခဲ့သည် မဟုတ်ပါလော။ ထိုကတိတော်သည်အဘယ် သို့ဖြစ်လေပြီနည်း။ ငါတို့မိဘများကား သေလွန်ကြလေပြီ။ သို့ရာတွင်ခပ်သိမ်း သောအမှုအရာတို့သည်ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်ကရှိ ခဲ့သည့်အတိုင်းပင်ရှိနေသေးပါသည် တကား' ဟုဆိုကြလိမ့်မည်။- Garrad Bible ကြွ လာ တော် မူ မည် ဟူ သော က တိ တော် ကား မည် သို့ နည်း။ ဘိုး ဘေး တို့ အိပ် ပျော် သည့် ကြ နေ့ ရက် က စ၍ ဖန် ဆင်း စ ကာ လ နည်း တူ အ ရာ ခပ် သိမ်း ရှိ မြဲ ရှိ နေ သည် ဟု သ ရော် ကြ မည့် အ ကြောင်း အ ထူး မှတ် သား ကြ လော့။ Judson Bible သခင်ဘုရား ကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း “ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သို့ရာတွင် အစေခံသည် ဆိုးသွမ်း၍ ‘ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်’ ဟု စိတ်တွင်ထင်မှတ်ပြီး
သို့သော် ဖန်းဆင်းတော်မူခြင်း အစဦးကပင် ‘ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူ၏။’
အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းတော်မူသည့် အချိန်မှစ၍ ယခုအချိန်အထိ မဖြစ်စဖူး၊ နောင်တွင်လည်း မည်သည့်အခါမျှ ကြုံတွေ့ရမည်မဟုတ်သည့် အလွန်ဆိုးရွားသောဆင်းရဲဒုက္ခသည် ထိုကာလ၌ ကျရောက်မည်ဖြစ်သောကြောင့် ဖြစ်၏။
သို့သော် ထိုအစေခံက ‘ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်’ ဟု စိတ်တွင်ထင်မှတ်၍ အခြားသောအစေခံယောက်ျား၊ အစေခံမိန်းမတို့အား ရိုက်နှက်ကာ သောက်စားမူးယစ်လျက်နေလျှင်
ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။
သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။
ဘုရားသခင်၏ နေ့ရက်ကို စောင့်မျှော်၍ ထိုနေ့ရက်ကို အလျင်အမြန်လာစေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် မီးလောင်ကျွမ်း၍ ပျက်ပြယ်သွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သော အပူရှိန်၌ အရည်ပျော်သွားလိမ့်မည်။
လောဒိကိမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အာမင်ဖြစ်သောသူ၊ စစ်မှန်၍ သစ္စာရှိသည့်သက်သေဖြစ်သောသူ၊ ဘုရားသခင်ဖန်ဆင်းတော်မူသောအရာတို့၏အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။